ကရင်နီရှိ ဆုံးရှုံးနယ်မြေများ ပြန်လည် ရယူရန် စစ်ကောင်စီ အလုံးအရင်း ထိုးစစ်ဆင်

ကရင်နီရှိ ဆုံးရှုံးနယ်မြေများ ပြန်လည် ရယူရန် စစ်ကောင်စီ အလုံးအရင်း ထိုးစစ်ဆင်

ကရင်နီပြည်နယ်ထဲက ဆုံးရူံးသွားသည့် တပ်စခန်းများကို ပြန်လည်ရယူရန်အတွက် စစ်ကောင်စီတပ်က ကရင်နီ ပြည်နယ်ကို အရင်ကထက် ပိုမို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု ကရင် နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

ဆုံးရူံးသွားသည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို လေ ကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက် နေသည်ဟု KNDF ဒု - စစ်ဦးစီးချုပ်မာဝီ က ပြောသည်။

“အခု ဒီမြို့သိမ်းရွာသိမ်း ကိစ္စတွေလည်း စဖြစ်လာတဲ့ဟာတွေလည်း ရှိနေပြီပေါ့လေနော်။ အဲဒီအတွက်ကြောင့် မို့လို့ ဒါ သူတို့ ဆုံးရှုံးသွားတဲ့မြေတွေ သူတို့ ဆုံးရူံးသွားတဲ့ စခန်းတွေ မြို့တွေ ရွာတွေ အတွက်ကို ပြန်လည်ရာ ယူဖို့ရန် အတွက် စီမံချက်ချပြီးတော့ အပြင်းအထန်နဲ့ ပြန်ပြီးတော့မှ လုပ်နေတယ်လို့တော့ ကျနော်တို့ သိထား တယ်။ ကျနော်တို့ဖက်ကလည်း သုံးသပ်ချက်တွေလည်း အဲ့လိုပဲ ဖြစ်တယ်လေနော်။ ဆိုတော့ ဒီအချက်တွေ ကြောင့်မို့လို့ ဒါလည်းသူ့ဖက်က ထိုးတဲ့ဟာက ပိုပြင်းထန်တယ်ပေါ့လေ။”

ကရင်နီပြည်တွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ကျော် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများမှာ ၂၀၂၃ ခုနှစ်တွင် ပိုပြီး ပြင်းထန်လာခဲ့သည်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ KNDF ဒု-စစ်ဦးစီးချုပ်မာဝီက ယခုကဲ့သို့ ဆက်ပြောသည်။

“ဒီတစ်လ ဩဂုတ်လ အတွင်းမှာကတော့ ဒါ ဒီးမော့ဆို ဖရူဆို ကားလမ်းမကြီး တစ်လျှောက်မှာ ဖြစ်နေတဲ့ တိုက် ပွဲတွေရှိတယ်။ ပြီးတော့ မယ်စဲ့ဖက်မှာ ဖြစ်နေတဲ့ဟာတွေရှိတယ်။ ပြီးတော့နယ်စပ်မှာ ထိုင်း-မြန်မာ နယ်စပ်တ ကြောမှာရှိတယ်။ ဆိုတော့ ဒီနေရာတွေကတော့ အပြင်းအထန်ဆုံးဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှု တွေ ရော၊ လက်ကြီးတွေရော၊ လုပ်နေတဲ့ အချိန်မျိုးရှိတာပေါ့လေနော်။ ဆိုတော့ ဘယ်နေရာက အပြင်းထန်ဆုံး လည်း ပြောဖို့တော့ခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေရာတိုင်း ပြင်းထန်နေတဲ့အတွက် ကြောင့်မို့လို့ပဲလေ နော်။ ဆိုတော့စစ်ကောင်စီဖက်ကတော့ အလုံးအရင်းနဲ့ ထိုးတယ်။ အလုံးအရင်းနဲ့ ထိုးတယ်။ သူမနိုင်ဘူးဆိုရင် ဒါမှမဟုတ် သူရှေ့ဆက်ဖို့ ခက်ခဲနေတယ်ဆိုရင် သူလေကြောင်းတွေ အများကြီး သုံးပြီး တိုက်ခိုက်တယ်။”

ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က တပ်မ ၆၆၊ တပ်မ ၅၅၊ စကခ ၂၊ စကခ ၁၈၊ စကခ ၁၄ စသည့် ထုတ် နှုတ်အင်အားများနှင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောသည်။

စစ်ကောင်စီတပ်က နေ့ဖက်တွင် တိုက်ပွဲများ ဖော်ဆောင်လေ့ရှိပြီး ညဖက်တွင်မူ လေကြောင်းမှ တိုက်ခိုက်မှုများ ကို လုပ်ဆောင်လေ့ရှိသည်ဟု KNDF က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ရာတွင်လည်း စစ်ရေးပစ်မှတ်ထက် အရပ်သား ပစ်မှတ်ကို ဦးတည် တိုက်ခိုက်နေသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲ စစ်တပ်နှင့် ကရင်နီ လက်နက်ကိုင် တော်လှန်ရေး အင် အားစုတို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပြီး တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ တပ်၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လာနိုင်ခဲ့သည်။

တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားသည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်ကောင်စီ တပ်က ကရင်နီပြည်နယ်ကို အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်း တိုက် ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့ကထက် ယခု ၂၀၂၃ ခုနှစ်တွင် ပိုပြီး လုပ်ဆောင်လာသည်ဟု KNDF က ပြောသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...