ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်တန့်သွားပြီဟု KNU ပြော

ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်တန့်သွားပြီဟု KNU ပြော

စစ်ကောင်စီ ထိန်းချုပ်ရာ ဖာပွန်မြို့တွင် အုပ်ချုပ်ရေးယန္တရားအားလုံး လုံးဝရပ်လိုက်ရကာ လည် ပတ်၍မရတော့ ကြောင်း ကေအဲန်ယူ - ကရင်အမျိုသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

၂၀၂၁ ခုနှစ်ကတည်းကစတင်၍ ဖာပွန်မြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားအောက်တွင်ရှိသော ကျန်းမာရေး၊ ပညာရေး နှင့် အခြားဌာနဆိုင်ရာလုပ်ငန်းစဉ်များ လည်ပတ်နိုင်ခြင်းမရှိတော့သလို ယနေ့အချိန်ထိ ရပ်တန့်နေကာ မြို့ထဲတွင်လည်း ပြည်သူလူထုအနည်းငယ်သာ ကျန်ရှိတော့ကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြော သည်။

“ဖာပွန်မြို့မှာ အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှမလုပ်နိုင်တော့ဘူး။ သူတို့ အုပ်ချုပ် မှုအောက်က ကျန်းမာရေး၊ ပညာရေးလည်း မလည်ပတ်နိုင်တော့ဘူး။ ပြီးတော့သူတို့ရုံးတွေဆိုရင်လည်း တစ်ခုမှ မဖွင့်နိုင်တော့ဘူး။ သူတို့စစ်တပ်ဝင်းထဲမှာပဲ နည်းနည်းပါးပါးလုပ်နိုင်တော့တယ်။ လက်နက်ကြီး ခဏခဏကျ တော့ ရပ်ကွက်ထဲက လူထုတွေက အခြားနေရာမှာ ပြောင်းရွှေ့ရတယ်။ အခုမြို့ထဲမှာဆိုရင် လူထု သုံးပုံမှာ တစ်ပုံ လောက်ပဲ ကျန်တော့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး ထွက်ခွာသွားရန်ကိုလည်း KNU တပ်မ ဟာ(၅)က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ကတည်းကစတင်၍ အမိန့်ပေးထုတ်ပြန်ထားသလို လက်ရှိအချိန်တွင် အဆိုပါမြို့ ရှိ အုပ်ချုပ်ရေးရုံးအချို့သည် ကမမောင်းမြို့တွင် ပြန်လည်ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းရှိသည်ဟု ကေအဲန်ယူက ပြော သည်။

ကမမောင်းမြို့သည်လည်း ကေအဲန်ယူ တပ်မဟာ(၅)၏ နယ်မြေထဲတွင်ရှိနေသည့် အတွက် စစ်ကောင်စီ လက် အောက်တွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်၍ ထွက်ခွာ ပေးရန် ယခုလ ဩဂုတ်လ (၈) ရက်နေ့တွင် KNLA တပ်မဟာ (၅) က ထပ်ဆင့် အမိန့်ပေးထုတ်ပြန် ကြေညာခဲ့ခြင်း ရှိသည်။

ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ CDM လုပ်တဲ့သူတွေနဲ့ ဖာပွန်မှာက သူတို့အုပ်ချုပ်ရေး ယန္တရားလည်ပတ် လို့မရတော့ ကမမောင်းမှာ သူတို့လည်ပတ်မှု နည်းနည်းရတော့ ကမမောင်းမှာ ရုံးတွေ နည်းနည်း ပြန်လည် ပတ် တာ။ ကမမောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)ထဲမှာပဲ ဆိုတော့ ၂၀၂၂ ခုနှစ်က တပ်မဟာ(၅) ဘက် ထုတ်ပြန် ချက် ထုတ်ပေမယ့်လည်း အဲဒီက လိုက်နာမှု သိပ်မရှိတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီဘက်က ပြန်ကြပ်ပြီး ထပ်မံ သတိပေးထုတ်ပြန်တာရှိတယ်” ဟု ပြောသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင်လည်း ဖာပွန်မြို့၏ ရပ်ကွက် (၁) တွင်ရှိသည့် ဖာပွန်ရဲစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်တော်-KNLA တပ်မဟာ(၅)ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ် တစ်လက် နှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိကြောင်းလည်း ကေအဲန်ယူဘက်က ပြောသည်။

မူတြော်ခရိုင် (တပ်မဟာ - ၅) နယ်မြေထဲတွင် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေသလို ၎င်းနယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းထံ ရိက္ခာများ သယ်ဆောင်၍ မရစေရေးအတွက် စစ်ကောင်စီက တက်လာသည့် လမ်း ကြောင်းဖြစ်သော ဖာပွန်-ကမမောင်းလမ်း၊ တပ်မဟာ(၂)နယ်မြေအစပ်နှင့် တပ်မဟာ(၃)ဘက် တက်လာသည့် မူသယ် လမ်းကြောင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိကြောင်း မူတြော်ခရိုင်တာဝန်ရှိသူ၏ ပြောဆို ချက်အရ သိရသည်။

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...