ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြင့်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိ

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြင့်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိ

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြင့်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိမွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးလျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

မော်လမြိုင်မြို့နယ်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့က နယ်မြေခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံး(၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အဆောက်အဦးတစ်လုံး ပျက်စီးခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့တွင်းမြို့ပြင် လုံခြုံရေး တိုးမြှင့်ကာရှာဖွေ စစ်ဆေးမှုများကို ယခုချိန်ထိ လုပ်ဆောင်လျက်ရှိကြောင်းဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “သူတို့က မြို့ထဲမှာဆို ကားတွေကို အဓိက စစ်တယ်။ အရင်ကဆို ကားကိုနည်းနည်းပါးပါး ကြည့်ရုံလောက်ပဲ။ အခုကျတော့ ကားအတွင်းပိုင်းထိကို သူတို့ကိုယ်တိုင်သေသေချာချာ ရှာပြီးကြည့် တယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ အခုရက်ပိုင်းကြုံတွေ့နေရတာ။ ဆိုင်ကယ်သမားဆိုလည်း ဘောက်တွေ ဘာတွေဖွင့်ပေးရတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့တွင်း ရပ်ကွက်ရှိနေအိမ်များတွင်လည်း ရှောင်တခင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများကို ယခုရက်ပိုင်းအတွင်းပြုလုပ်လျက်ရှိသောကြောင့် ဒေသတွင်းရှိ စစ်အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ် သူများအနေဖြင့် စိုးရိမ်နေကြရကြောင်း ၎င်းတို့ပြောစကားအရ သိရသည်။

CDM ပြုလုပ်ထားသူ ကျောင်းဆရာမတစ်ဦးက “သူတို့ဘက်ခြမ်းက အထိနာတော့ မြို့ထဲမှာ လိုက်ပတ် ရမ်းတဲ့ သဘောမျိုးပဲထင်တယ်။ ပြီးတော့ ဖြစ်တဲ့ကိစ္စက ကြာပြီး အခုချိန်ထိသူတို့က မထင်ရင်မထင်သလို ရဲတွေနဲ့ စစ်သားတွေက ဧည့်စာရင်းလိုက်စစ်နေတာ။” ဟု ကေအိုင်စီ သို့ပြောသည်၊

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြို့တွင်းပြည်သူများ၏ လှုပ်ရှားသွားလာမှုများကိုလည်း မြို့တွင်း တပ်ဆင်ထားသည့် CCTV များမှ တစ်ဆင့် စောင့်ကြည့်မှုများလုပ်ဆောင်လျက်ရှိပြီး ရပ်ကွက်အတွင်း တွင်လည်း အရပ်ဝတ်များဖြင့် အိမ်စီးကား၊ ဆိုင်ကယ်များကိုအသုံးပြုပြီး စုံစမ်းစစ်ဆေးမှုများကို ယခုချိန်ထိ အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...