စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးတံတားကြီးပေါ်တွင်ရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယမန်နေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ အစစ်အဆေးနှင့် လုံခြုံရေးတင်းကြပ်စွာချထားသော ရေးတံတားကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေးမြို့နယ်အခြေစိုက်တော်လှန်ရေး အင်အားစုအဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက ပြောသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “မနေ့ကနေ့လည် ၂ နာရီကျော်လောက်က ရေးတံတားကြီး ဂတုတ်ကျွင်းကို၊ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ဘယ်နှစ်ယောက် သေလည်းဆိုတာကိုတော့ အတိအကျမဖြေတတ်သေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က ရေးတံတားကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများကို အတင်းကြပ် စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်လျက်ရှိပြီး ပြည်သူများထံမှ မတရားငွေညှစ် တောင်းခံမှုများလည်းရှိနေခြင်းကြောင့် ယခုလိုမကြာခဏတိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ရေးမြို့နယ်ရှိဒေသခံများက သုံးသပ်ပြောဆိုကြသည်။

 “ရေးတံတားမှာက မှတ်ပုံတင်တွေကိုအဓိက စစ်တယ်၊ မပါလာရင် သူတို့ကရစ်တယ်။ ကားသမားတွေဆိုပိုက်ဆံ ပေးရတယ်။ မနေ့ကဆိုရင်တော့ မြို့ထဲမှာဘယ်သူမှအပြင်မထွက်ကြဘူး ၊ အဲ့ဒီပေါက်ကွဲသံကြားပြီးတော့။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ကလည်း ရေးတံတာကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဉီးထိခိုက်သေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...