မဲဆောက်ဘက် သွားရောက်ရန် ကျန်းမာရေး ထောက်ခံချက်တစ်စောင် ကျပ်ငါးသောင်းအထိ စျေးပေါက်နေ

မဲဆောက်ဘက် သွားရောက်ရန် ကျန်းမာရေး ထောက်ခံချက်တစ်စောင် ကျပ်ငါးသောင်းအထိ စျေးပေါက်နေ

မြ၀တီ -မဲဆောက် တံတားအမှတ် ၁ မှ မဲဆောက်မြို့ဘက် ၀င်ရောက်ရန် ကိုဗစ်ဆေးထိုးပြီးစီးကြောင်း ကျန်းမာရေး ထောက်ခံချက် တစ်စောင်လျှင် မြန်မာကျပ်ငွေ ၅ သောင်းအထိစျေးပေါက်နေကြောင်း မဲဆောက်မြို့ဘက် သွားရောက်လည်ပတ်သူများ ပြောစကားအရ သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပြီးစီးကြောင်း ကျန်းမာရေးထောက်ခံချက်မှာ စစ်ကောင်စီတပ်ဘက်က ထောက်ခံချက်လုပ်သည့်ပွဲစားမှတစ်ဆင့် ထုတ်ပေးနေခြင်းဖြစ်သည်ဟု မဲဆောက်သို့ အလည်အပတ်သွားခဲ့သူ ဒေသခံများက ပြောသည်။

“တံတား ၁ မှာ ကိုဗစ်ဆေးထိုးထားတဲ့ လက်မှတ်ပြမှ မဲဆောက်ဘက် ၀င်လို့ ကူးလို့ရတယ်၊ အဲ့ဒါ မရှိရင် တံတား ထိပ်မှာ မြန်မာကျန်းမာရေးဌာနက ဆေးတစ်လုံး မြန်မာငွေ ၁၅,၀၀၀ နဲ့ ဆေးထိုးပေးတယ်။ အဲ့လိုမှ မထိုးချင် ဘူးဆိုရင် ကာကွယ်ဆေးထိုး ပြီးကြောင်းလက်မှတ်ကို ငါးသောင်းနဲ့ စကစတပ်ဘက်က လူတွေ ထောက်ခံစာပွဲ စားနဲ့ တစ်ဆင့် လုပ်ပေးတာတွေကို လိုင်းကားသမားကယူပြီး ကားစီးမှ မဲဆောက်ဘက်သွားလို့ လာလို့ရတယ်။ ”ဟု မဲဆောက်သို့ အလည်အပတ် သွားခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။  

ထိုင်း-မြန်မာ နယ်စပ် တံတားအမှတ် ၁ မှ မဲဆောက် မြို့ဘက်သွားရန် ကိုဗစ်ကူးစက်ရောဂါ ကာလ မတိုင်ခင်က မြန်မာကျပ်ငွေ ၂၀၀၀ နှင့် မဲဆောက်ဘက် ၀င်ကြေး ဘတ်၂၀ သာ ကုန်ကျခဲ့သည်ဟု သိရသည်။

ယခုနှစ် နိုင်ငံဖြတ်သန်း၀င်ရောက်ခွင့် ပြန်လည်ခွင့်ပြုချိန်တွင် မြန်မာဘက်ခြမ်းကျန်းမာရေးကန့်သတ်ချက်အရ ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပြီးသူများသာ သွားလာခွင့်ပြုသည့် ကျန်းမာရေးဌာန ထောက်ခံ ချက်ကြောင့် မဲဆောက်မြို့ဘက် သွားလာလိုသူများအကြား ထောက်ခံချက်လက်မှတ်လုပ်ငန်းစဉ်များတွင် စစ်ကောင်စီစစ်တပ် နှင့် အုပ်ချုပ်ရေးဌာန ၀န်ထမ်းများ၊ ကြားခံပွဲစားများအကြားမသမာမှုများ စာရွက်စာတမ်း အတုပြုလုပ်မှုများ လုပ်ဆောင်သွားလာနေကြကြောင်း မြ၀တီမြို့ခံ ကုန်ရောင်းကုန်၀ယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

“မဲဆောက်တံတား ၁ က ပြန်ဖွင့်တာက စစ်တပ်နဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေပဲ ၀င်ငွေကောင်းနေတဲ့ပုံစံဖြစ် နေ တယ်၊ မဲဆောက်တံတားကူးလက်မှတ်က မြ၀တီသန်းခေါင်စာရင်း၀င်သူ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံ ချက်၊ ကိုဗစ်ဆေး ၃ ကြိမ်၊ ၄ ကြိမ် ထိုးပြီးကြောင်း ကျန်းမာရေး ထောက်ခံချက်၊ သစ်သီးတို့ကုန်စိမ်းတို့ ပင်လယ်စာ သား/ငါးတို့ တင်ဖို့ဆိုလည်းကားတွေ လိုင်စင်စာရွက်စာတမ်းအတု၊ ထောက်ခံချက်အတု ၊ စာရွက်စာတမ်းမိတ္တူ ပွားပြီး သုံးတာမျိုးနဲ့သွားလာကြတာမျိုးတွေ အရင်ကလည်းရှိတယ်၊ အခုလည်း အဲ့လိုမျိုးပဲပြန်ဖြစ်နေတာပါပဲ။”ဟု မြ၀တီမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော မြ၀တီ-မဲဆောက်တံတား အမှတ် ၁ နှင့်အမှတ် ၂ ကုန်စည်ဖြတ်သန်းသည့် တံတားဂိတ်များ ပြန်လည်ဖွင့်လှစ်သွားလာခွင့်ပြုထားသော်လည်း ကရင်ပြည် နယ် အတွင်း စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေ သည့် အတွက် ထိုင်းနိုင်ငံဘက်သို့ ၀င်ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ကိစ္စများနှင့် ကုန်စည် စီဆင်းသည့် ဆက်သွယ်ရေး လမ်းကြောင်းများ အခက်အခဲ ဖြစ်နေသေးကြောင်း သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...