KNU ဖားအံခရိုင် ဦးဆောင်မှုဖြင့် လှိုင်းဘွဲမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ ကျင်းပ

KNU ဖားအံခရိုင် ဦးဆောင်မှုဖြင့် လှိုင်းဘွဲမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင် ဦးဆောင်မှုဖြင့် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ကို လှိုင်းဘွဲမြို့နယ်၊ သရေဖိုးကွီးကျေးရွာတွင် ပထမဦးဆုံးအကြိမ် ပြုလုပ် ကျင်းပခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။

လက်ရှိ နိုင်ငံရေးရှုပ်ထွေးသည့် ကာလဖြစ်သော်လည်း တန်းတူအခွင့်အရေး နှင့်ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံ ပေါ်ပေါက်လာသည့် ကရင်အမျိုးသားနေ့အကြောင်းကို သိရှိသူနည်းပါးသော အဆိုပါဒေသတွင် ကရင်အမျိုးသားနေ့အကြောင်းကို ပိုမိုသိရှိနားလည်စေရန်နှင့် နောင်လာမျိုးဆက်သစ်များ လက် ဆင့်ကမ်းထိန်းသိမ်းနိုင် စေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့သူ KNU ဗဟို သစ်တောဌာန၏ ဌာနမှူး ပဒိုမန်းဘထွန်းက ပြောသည်။

၎င်းက “ကျနော်တို့ လူမျိုးတွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်ရဖို့အတွက်က အခုထိမပြီး မြောက် သေးပါဘူး။ တစ်မျိုးဆက်ပြီးလို့ နောက်တစ်မျိုးဆက်လာရမယ်ဆိုတဲ့အတိုင်းပဲ မျိုးချစ်တဲ့ ကရင်လူငယ် တွေ အနေနဲ့ ဒါကို ပြီးအောင် ဆက်လုပ်သွားရမှာပဲဖြစ်တယ်။ ကျနော်တို့ ကရင်လူမျိုးတွေ အနေနဲ့လည်း လူမျိုးတစ်မျိုးရဲ့ အခွင့်အရေးကို အပြည့်အဝ မရသေးပါဘူး။ အဖိနှိပ်ခံ ဘဝတွေမှာ ပဲရှိသေးတယ်။ ဒါကြောင့်လူငယ်တွေမှာ မျိုးဆက်ရဲ့ တာဝန်ရှိနေတယ် ”ဟု ကေအိုင်စီ သို့ပြောသည်။

ပထမဦးဆုံအကြိမ်ပြုလုပ်သည့် အဆိုပါ အမျိုးသားနေ့အခမ်းအနားသို့ ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံ ၄၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ပြီး ကေအဲန်ယူဗဟိုဘက်မှ ပဒိုမန်းဘထွန်းအပြင် ခရိုင်၏ စည်းရုံးရေး နှင့်ပြန် ကြာရေးတာဝန်ခံ ပဒိုနော်ရှီးဝါး၊ ကေအဲန်ယူ လှိုင်းဘွဲမြို့နယ် တာဝန်ရှိသူများ၊ ကရင်လူငယ် အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF  ခေါင်းဆောင်များလည်း ပါဝင်အားဖြည့် တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ သရေဖိုးကွီး ဒေသခံလူငယ်နော်ထီးရှီးဖောက “ကျမတို့ လူငယ်တွေဆိုတာက လူသားအနေနဲ့ နှိုင်းယှဉ်ပြောရရင် အသက်သွေးကြောပါပဲ။ လူတွေမှာ အသက်သွေးကြော မလည်ပတ်နိုင်တော့ဘူးဆိုရင် အသက်သေဆုံးနိုင်သလို ကျမတို့ လူငယ်တွေအနေနဲ့ကလည်း အရေးကြီးတဲ့အသက်သွေးကြော ဖြစ်ဖို့လိုတယ်။ ကျမတို့ လူငယ်တွေမှ မပါဝင်ဘူး၊ ကိုယ့်အမျိုးသားရေးအတွက် မလုပ်ဆောင်ဘူး၊ နိုင်ငံရေးမှာ မပါဝင်နိုင်ဘူးဆိုရင် ကျမတို့ လွတ်မြောက်ရေးကို လွယ်လွယ်နဲ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ လူငယ်တွေအနေနဲ့ ဒါတွေကို ပါဝင်သင့်တယ်။ စိတ်ဝင်စားဖို့လည်း လိုတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားတွင် တက်ရောက်လာသည့် ဒေသခံများမှ “ကရင်ပြည်ချက်ချင်ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ၊ ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုးရေး အဓိကရုဏ်းအလိုမရှိ” စသည့် ကြွေးကြော်ချက် (၄)ချက်ပါ ပိုစတာများကို ကိုင်ဆောင်၍ အသံတိတ် ဆန္ဒဖော်ထုတ်မှု သရုပ်ဖော်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ကရင်အမျိုးသားနေ့ သမိုင်းကြောင်းများ အားပေးတိုက်တွန်း စကားများကို ပြောကြားသွားခဲ့သည်။

အလားတူ ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနေ့ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတချို့တွင် ပြုလုပ်ခဲ့ကြသလို ကရင်ပြည်နယ်၊ ဖားအံမြို့အနီး ခလောက်နို့ကျေးရွာ နှင့် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ အနောက်စု ကျေးရွာတို့တွင်လည်း အသီးသီး ပြုလုပ်ကျင်းပခဲ့ကြသည်။

ကရင်ပြည်တောင်းဆိုသည့်စာ ပိုမို‌လေးနက်‌စေရန် ‌ဖေ‌ဖေါ်ဝါရီလ (၁၁)ရက်‌နေ့၌ မြန်မာပြည် တစ်ပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလား‌ကြောင်း မြို့‌ပေါ်သို့တက်၍ ကရင်လူထုဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့တွင် မြန်မာပြည်တစ် ပြည်လုံးရှိ ကရင်အမျိုးသားများ မြို့‌ပေါ်တက်၍ ကရင်ပြည်လိုလား‌ကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပ‌ခဲ့သည်။

၎င်းတောင်းဆိုမှုပြုလုပ်သည့်နေ့ကို အစွဲပြု၍ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ ၂၃-၂၅ရက်‌နေ့များတွင် ဖာပွန်မြို့ ၌ ကျင်းပ‌သော ‌ကော်သူး‌လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ (၁၁)ရက်‌နေ့ကို ကရင်အမျိုးသ ား‌နေ့ဟု သတ်မှတ်ကျင်းပရန် မြစ်ဝကျွန်းပေါ် အမှတ်(၁)ခရိုင်ဥက္ကဋ္ဌ ‌စော‌ကျော်‌အေးက အဆိုပြုခဲ့သည်။

ထိုအဆိုပြုချက်ကို မြစ်ဝကျွန်း‌ပေါ်အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်‌ကော်ထူးက ‌ထောက်ခံရာ ကွန်ဂရက် ကိုယ်စားလှယ်များက ကန့်ကွက်သူ လုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထုဆန္ဒပြပွဲ ဖြစ်သည့် ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့သည် ကရင်အမျိုးသား‌နေ့ ဖြစ်လာ‌ခဲ့သည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...