ခင်ဦးနယ်တွင် ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

ခင်ဦးနယ်တွင် ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ နှင့် သရက်ပင်စုကျေးရွာရှိ ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး နှစ်ဦး၏ ရုပ်အလောင်း များကို မီးရှို့ခဲ့ ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

“ နိုဝင်ဘာ ၂၆ ရက်နေ့ မှာ စစ်တပ်(စစ်ကောင်စီတပ်)က မြင်းဒေါင်းကျေးရွာကို ဝင်ပြီး မြင်းဒေါင်းဈေးတန်းနဲ့ နေအိမ်အချို့ကို မီးရှို့သွားတယ်။ အဲ့ဒါ မနေ့က ရွာကို ပြန်ကပ်ကြည့်တဲ့အခါ ဒေသခံအမျိုးသား သုံးဦးသတ်ဖြတ်ခံထားရတာကို တွေ့ရတယ်။ အလောင်းတစ်လောင်းရယ် ၊ မီးရှို့ခံထားရတဲ့ အလောင်း နှစ် လောင်းရယ် အားလုံး သုံးလောင်း တွေ့တယ်။ ဒီကနေ့(နိုဝင်ဘာ ၂၈ ရက်နေ့) မှာလည်း မြင်းဒေါင်းရဲ့ အနောက် သရက်ပင်စု ကျေးရွာမှာ ဒေသခံအမျိုးသား တစ်ဦးရဲ့ အလောင်းကို ထပ်မံ တွေ့ရှိခဲ့တာ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရေဦး-ခင်ဦး၊ ခင်ဦး-ရွှေဘိုလမ်းပိုင်းများတွင်း ကင်းပုန်းဝပ်ခြင်း ၊ မြေမြုပ်မိုင်း ထောင်ခြင်းများကိုပြုလုပ်နေပြီး ယမန်နေ့က စစ်ကောင်စီ ထောင်ခဲ့သည့် မြေမြှုပ်မိုင်းနင်းမိ၍ နွားတစ်ကောင် သေဆုံးခဲ့ကြောင်းသိရသည်။

“သူတို့(စစ်ကောင်စီတပ်)က မိုင်းဆွဲခံရမှာကြောက်လို့ လမ်းဘေးဝဲယာမှာ ကင်းပုန်း ဝပ်ပြီး မိုင်းထောင်တာတွေလုပ်လာတာ။ နောက်တစ်ခုက ကာကွယ်ရေးအဖွဲ့တွေ မိုင်းထောင်လို့ မရအောင် မိုင်းထောင်မယ်လို့ သူတို့ ယူဆတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တဲ့ အနေအထားဖြစ်တယ်” ဟု Khin U Special Force Organization မှ တာဝန်ရှိက ပြောသည်။

စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်း ခွဲ၍ မြို့နယ်အနှံ့ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဒေသခံပြည်သူများကိုလည်း သတ်ဖြတ်လျက်ရှိသည်။

စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်တွင် နိုဝင်ဘာ ၁၅ရက်နေ့မှ နိုဝင်ဘာ ၂၇ နေ့အတွင်း ခုနစ် နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၁၂ ရွာရှိ နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...