ဟင်္သာတခရိုင်မှ NLD လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၇ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ဟင်္သာတခရိုင်မှ NLD လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၇ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် စုစုပေါင်း ခုနစ် ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ဗီနိုင်းများလိုက်ကပ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။

အင်္ဂပူမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး၊ ကြံခင်းမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦး နှင့် NLD ပါတီမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ် စားလှယ် ဦးအေးမင်းတို့ ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဟင်္သာတမြို့အဝင်အထွက် ဂိတ်တွေ၊ ကားဂိတ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ အကြမ်းဖက်လုပ် ငန်းများလုပ်ဆောင်နေသော တရားခံပြေးများလို့ရေးပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ပုံတွေလိုက်ကပ်နေတာ ပါ။ အရင်တည်းက ဝရမ်းထုတ်ထားပြီးဖမ်းမမိလို့ အခုမှပုံတွေလိုက်ကပ်နေတာပါ”ဟု ဆိုသည်။

NLD လွတ်တော်ကိုယ်စားလှယ် ဦးအေးမင်း အပါအဝင်ဖမ်းဝရမ်းထုတ်ခံရသူ ခုနစ်ဦးသည် စစ်အာဏာ သိမ်းပြီးနောက် စစ်အုပ်စုနှင့်ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် ဧရာဝတီတိုင်းအတွင်းမှ ရှောင်တိမ်းနေကြသည်ဟုသိရသည်။

ထိုသို့ ရှောင်တိမ်းနေသော်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက လက်ရှိ ဖမ်းဝရမ်းထုတ်ခံထားသူ ခုနစ် ဦး၏နေအိမ်များကို မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေမှုများပြုလုပ်နေသည်ဟု ဟင်္သာတမြို့မှနိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

“ကျွန်တော့်အိမ်ကိုဝင်ရှာတာ ၁၁ ကြိမ်ရှိပြီ။ မိသားစုဝင်တချို့ကိုလည်း ခေါ်စစ်တာတွေရှိတယ်။ ကျွန် တော်တို့ကတော့ တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ ဝရမ်းထုတ်ခံရတဲ့အပေါ်မှာတော့ ဘာခံစားမှုမှမရှိပါဘူး” ဟု ဦးအေးမင်းကပြောသည်။

၎င်းအပြင် ဟင်္သာတမြို့ပေါ်ရှိ ဦးအေးမင်း၏ နေအိမ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်များက လာရောက်ချိပ်ပိတ်သွားသည်ဟု သိရသည်။

ထို့နောက် မိသားစုဝင်များကို ဆက်လက်နေထိုင်ခွင့်ပေးထားရာမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မိသားစုဝင်များအား စစ်ကောင်စီက ချိပ်ပိတ်ထားသည့်နေအိမ်မှ ဖယ်ရှားခိုင်းခဲ့သည်ဟု ဦးအေးမင်းက ဆိုသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း NLD လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းနှင့် NLD ရပ်ကျေးဥက္ကဌ ဦးမောင်မောင်ဆန်းတို့၏ နေအိမ်များအပါအဝင် ဟင်္သာတမြို့ပေါ်ရှိ နေအိမ် ခြောက်လုံးကို စစ်ကောင်စီ က ချိပ်ပိတ်ထားသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဟင်္သာတခရိုင်အတွင်း မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ၊ ဒေသခံပြည်သူများအား မတရားဖမ်းဆီးငွေကြေးတောင်းယူမှုများ မကြာခဏပြု လုပ်နေသည်ဟု ဒေသခံများကပြောသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...