ရခိုင်တွင်ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတင်းရေးသားမှုများကို အရေးယူမည်ဟုဆို

ရခိုင်တွင်ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတင်းရေးသားမှုများကို အရေးယူမည်ဟုဆို

ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ သတင်းရေးသား လှုံ့ဆော်သူများအား အရေးယူတော့မည်ဟု ရခိုင်ပြည်နယ်ကောင်စီ၏ သတင်းများကို ရေးသားဖော်ပြနေသည့် ရခိုင်နေ့စဉ်တွင် ယနေ့ ရေးသားထားသည်။

ရခိုင်တွင် နေ့စဉ်တိုက်ပွဲဖြစ်သယောင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ အကောင့်တုများဖြင့်ရေးသားနေသည်ကို ဖုန်းနံပတ်များမှ တစ်ဆင့် စိစစ်နေပြီး ဖမ်းဆီး အရေးယူရန် ဆောင်ရွက်နေကြောင်း ပို့စ်များကို စုစည်းကာကြက်ခြေခတ်ပြီး ယခုကဲ့သို့ရေးသားထားသည်။

"ဒီနေ့ အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပါ။ သို့သော် မသမာသူများမှ နေစဉ်အကောင့်တုများဖြင့် ရခိုင်လူမှုကွန်ယက်များတွင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ နေ့စဉ်တိုက်ပွဲဖြစ်နေ သယောင်ယောင် သတင်းရေးသား လှုံ့ဆော်နေသူများရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ချင့်ချိန်ပြီးယုံကြဖို့လိုသည်။ အဆိုပါအကောင့်များအား ဖုန်းနံပတ်များမှ တစ်ဆင့် စိစစ်နေပြီး ဖမ်းဆီး အရေးယူရန် ဆောင်ရွက် နေကြောင်း စကစနှင့် နီးစပ်နေ သူများထံမှ သိရှိရသည်"ဟု အဆိုပါသတင်းတွင်ရေးသားထားသည်။

ယနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် ယနေ့အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ရေးသားထားသော်လည်း ရသေ့တောင်မြို့နယ်အတွင် ယနေ့ နံနက် ၉ နာရီတွင် တစ်ကြိမ်၊ ၁ နာရီခန့်တွင်တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက နိရဉ္စရာကို ပြောသည်။

ယခုကိစ္စကို အတည်ပြုနိုင်ရန်နှင့် အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို နိရဉ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

စက်တင်ဘာလ ၄ ရက်နေ့တွင် မြောက်ဦးမြို့မှ လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကိုဖမ်းဆီးကာ ၅၀၅ (က) နှင့် အမှုဖွင့်တရားစွဲထားသည်။

ယင်းအပြင် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း လူမှုကွန်ရက်တွင် သတင်းများရေးတင်လေ့ရှိသည့် မြောက်ဦးမြို့မှ သတင်းထောက်ဟောင်း ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည်။

လက်ရှိမှာလည်း ရခိုင်မြို့နယ်အသီးသီးမှ အေအေနှင့် ဆက်စပ်မှုရှိသူများနှင့် သံသယရှိသူများကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week

September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...