နိုင်ငံပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက်မှုအတွက် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီသံအမတ်ကို ၃ ကြိမ်တိုင် ခေါ်ယူသတိပေး

နိုင်ငံပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက်မှုအတွက် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီသံအမတ်ကို ၃ ကြိမ်တိုင် ခေါ်ယူသတိပေး

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများ တွင် စစ်ကောင်စီဘက်ကပစ်ခတ်သောကျည်ဆံများ နိုင်ငံပိုင်နက်အတွင်း ကျရောက်ခဲ့မှုကြောင့် စစ်ကောင်စီလက်အောက်ခံ မြန်မာသံအမတ်ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံခြားရေးဝန်ကြီး ဌာနက စက်တင်ဘာလ ၄ ရက်နေ့က ခေါ်ယူသတိပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက သတင်းဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက်မှုအတွက် စက်တင်ဘာလ ၄ ရက်က ခေါ်ယူ သတိပေးမှုသည် ၁၅ ရက်အတွင်း သုံးကြိမ်မြောက်သတိပေးမှုဖြစ်ကြောင်း Dhaka Tribune သတင်း ဌာနက ရေးသား သည်။

စက်တင်ဘာလ ၃ ရက်၊ စနေနေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုက်လေယာဉ်များနှင့် ရဟတ် ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပြင်းထန်သောတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

နှစ်နိုင်ငံနယ်စပ်ကို ခြိမ်းခြောက်သော အဆိုပါကျည်ဆန်များကျရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မကျေနပ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကိုပြောကြားခဲ့ ကြောင်း သိရသည်။

နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် မြန်မာဘက်ကမည်သူမျှ ဘင်္ဂလား ဒေ့ရှ်ပိုင်နက်အတွင်းသို့ မဝင်ရောက်စေရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို သတိပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ နယ်စပ်ကိုချိတ်ပြီးပြီ။ မြန်မာဘက် က ဘယ်လောက်ပဲ ဆက်ပြီးရန်စနေပါစေ နယ်စပ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကိုဘယ်သူကိုမှ ဝင်ခွင့်မပြုပါ ဘူး” ဟု Dhaka Tribune သတင်းဌာနကို ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဩဂုတ်လ ၃၁ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဲအုပ်အပါ အဝင် ၁၉ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထား သည်။

အဆိုပါ တပ်စခန်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီဘက်က ပြောကြားပြီးနောက် ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဒေသခံအများအပြားမှာ စစ်ဘေးဒုက္ခသည်အဖြစ် ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်းလည်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...