စစ်ကောင်စီမှဖမ်းမိထားသော အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့သူ ၈ ဦး မှာ S.O.F အဖွဲ့ဝင်များမဟုတ်ဘဲ သတင်းလိမ်လည်ထုတ်ပြန်ခြင်းသာဖြစ်ဟုဆို

စစ်ကောင်စီမှဖမ်းမိထားသော အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့သူ ၈ ဦး မှာ S.O.F အဖွဲ့ဝင်များမဟုတ်ဘဲ သတင်းလိမ်လည်ထုတ်ပြန်ခြင်းသာဖြစ်ဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ၊ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်း ဖြင့်ပစ်ခတ်ခဲ့သည့် S.O.F အဖွဲ့ဝင်ရှစ်ဦးအား လက်နက်ပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း ယမန် နေ့ ဩဂုတ်လ ၂၉ ရက်က စစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သည်။

သြဂုတ်လ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ တရားခံဟုစွပ်စွဲခံရသူ ကျား ခုနစ်ဦးနှင့် မ တစ်ဦးတို့အား မတူညီ သော နေရာဒေသများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်တွင် ၎င်းတို့ဖမ်းဆီးရမိထားသူများအား Special Operation Force - S.O.F အဖွဲ့ဝင်များဟု စွပ်စွဲရေးသားထားသဖြင့် ထိုအချက်အလက်အား အတည်ပြုရန် အထူးစစ်ဆင်ရေး တပ်ဖွဲ့ S.O.F ပြန်ကြားရေးတာဝန်ခံအား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သည်။

“ထုံးစံအတိုင်း ကမ္ဘာပတ်လိမ်နေတဲ့အဖွဲ့မို့လို့ ပြည်သူကလည်းမယုံကြဖို့နဲ့ မစ်ရှင် operators တွေ လုံခြုံပါ တယ်ဆိုတာလည်း သတင်းစကားပါးချင်ပါတယ်။ အဆင်ပြေတဲ့အချိန်ရောက်ရင် ရဲဘော်တွေကိုယ်တိုင် ပြန်လည်တင်ပြနိုင်အောင် စီစဥ်ပါ့မယ်။ အခုတော့ လုံခြုံရေးအခြေအနေအရ ဒီသတင်းဟာ လုံးဝ ဆိုက်ဝါး သတင်းပါဆိုတာပဲ ပြောချင်တာပါ။ ကျွန်တော်တို့အတွက် စိတ်မပူကြပါနဲ့။ မြို့ပြမစ်ရှင်တွေကို တစ်နှစ်ခွဲ နီးပါး ဆက်တိုက်လုပ်လာနိုင်ခဲ့တာမှာ အတွေ့အကြုံ၊ အကြံညာဏ်ကောင်းတွေလည်းရှိပါပြီ။ တချို့ပေး ဆပ်လိုက်ရတာတွေရှိပေမဲ့ အောင်မြင်မှုကလည်း အများကြီးပါ၊ ဆက်ပြီးလည်း ကြိုးစားတော်လှန်နေမှာ ပါ။ ပြည်သူကလည်း မြို့ပြ UG တွေကို တတ်နိုင်တဲ့ဘက်က အားပေးကူညီဖို့ပဲ တောင်းဆိုပါတယ်၊ S.O.F အနေနဲ့လည်း ဒီလိုမစ်ရှင်တွေ ဒီထက်ကြီးတဲ့မစ်ရှင်တွေ လုပ်ဦးမှာပါ၊ ဒါကြောင့် S.O.F ကိုလည်း ကူညီဖို့ ပြောချင်ပါတယ်” ဟု S.O.F ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည့် တရားခံဖမ်းစဉ်က အချက်အလက်မှာ လည်း လွဲမှားနေပြီး တိုက်ခိုက်မှုဖြစ်ခဲ့သည့်နေ့က အင်းစိန်ထောင်သို့ တိုင်းမှူးကိုယ်တိုင်လာရောက်ကာ ထောင်ဝန်ထမ်းများအား ဆူပူပြောဆိုသွားသည့် အသံဖိုင်များကိုလည်း S.O.F အဖွဲ့မှ ရရှိထားပြီး တနေ့နေ့ တချိန်ချိန်တွင် အဆိုပါအသံဖိုင်ကို သက်သေအဖြစ်အသုံးပြု၍ ဖြစ်စဉ်အား ရဲဘော်များကိုယ်တိုင် ပြည်သူ များကို ပြန်လည်ရှင်းပြနိုင်အောင်ပြင်ဆင်နေကြောင်း ဆိုသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည်ဆိုသောဖြစ်စဉ်မှာ သြဂုတ်လ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့က စစ်ကောင်စီဝါဒဖြန့်သူများဘက်မှ “အင်းစိန်ထောင်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသလို ၄၀ မမ ဗုံးပစ်လောင် ချာဖြင့် အမည်မသိသူများမှ ပစ်ခတ်သွားခြင်းဖြစ်သည့်အတွက် အကျဥ်းဦးစီးမှ တပ်သားတစ်ဦး ဗုံးစ ထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်” ဟု သတင်းလွှင့်ခဲ့သည်။

S.O.F အဖွဲ့ဝင်များဟု အတိအကျစွပ်စွဲခံရပြီး အဖမ်းခံရသူများမှာ ထွန်းထွန်းဟန်(ခ) ဝသုန်၊ ပြည့်ဖြိုးပိုင် နှင့် မျိုးဇော်လင်း၊ အောင်ဇော်မြင့်(ခ)စစ်နိုင်နှင့် သန့်ဇင်၊ မျိုးမင်းဇော်(ခ)ပါကျဲ၊ သူဇာသင်းနှင့် ဥာဏ်ထက်ဇံ တို့အား မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်တို့တွင် ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...