အရေးပေါ်သတင်း အမေရိကန်စစ်စခန်းကိုရုရှားကဗုံးကျဲပြီ ဆိုတဲ့သတင်းအမှား

အရေးပေါ်သတင်း အမေရိကန်စစ်စခန်းကိုရုရှားကဗုံးကျဲပြီ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၂၀ ရက်နေ့က " အရေးပေါ်သတင်း" ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းအမှားမှာရေးသာဖော်ပြထားတာက “ရုရှားက ဆီးရီးယားမှာတပ်စွဲထားတဲ့အမေရိကန်စစ်အခြေစိုက်

စခန်းကို လေကြောင်းကဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက အမေရိကန် စစ်အခြေစိုက်စခန်းကို ဗုံးကျဲမတိုက်ခိုက်ခင်"ဟျောင့်တွေ သေမှာကြောက်ရင် မြေအောက်ထဲဝင်ထား။ မင်းတို့တပ်စခန်းကို ငါတို့ဗုံးကျဲတော့မယ်'"လို့ ရုရှားလေတပ်က ကြိုတင်သတိပေးခဲ့ပါတယ်၊အမေရိကန်စစ်သားတွေလည်း သေမှာကြောက်လို့မြေအောက် ပေ ၆၀ လောက်အနက်ထိတူးထားတဲ့ထိမ်းချုပ်ရေးစခန်းထဲကိုဝင်ပြေးပြီး ရုရှားတိုက်လေယာဉ်တွေကို ပစ်ချဖို့ အဆင့်မြင့် နည်းပညာတွေနဲ့စောင့်နေခဲ့ကြပါတယ်။”

“အဲ့ဒီအချိန်မှာဘဲ ရုရှားတိုက်လေယာဉ်အုပ်စုဟာအမေရိကန် အခြေစိုက်စခန်းပေါ်တည့်တည့်ကို ဗုံးတလုံးစီကျဲချခဲ့တဲ့အတွက် အမေရိကန်တို့ရဲ့စစ်လက်နက်အများအပြား ပျက်ဆီးခဲ့ပါတယ်။ စစ်သားတယောက်မှ မသေဘူးလို့ အမေရိကန်ကကြေညာပေမယ့် ရုရှားစစ်တပ်ကတော့ စစ်ယာဉ်တွေမှာ စောင့်နေတဲ့အမေရိကန်

စစ်သား ၂၀ ကျော်သေတယ်လို့ ဆိုပါတယ်။ ဒါဟာရန်စတာဘဲ လို့အမေရိကန်ဗိုလ်ချုပ်ကြီးတွေကတုန့်ပြန်ပါတယ်၊”

“အခြေစိုက်စခန်းမှာ အမေရိကန်စစ်သား ၂၀၀ လောက်ရှိတယ်လို့ ရုရှားကပြောပါတယ်။

အမေရိကန်ရေဒါတွေကဘဲသုံးစားမရတာလားရုရှားနည်းပညာကဘဲမြင့်လွန်းတာလားဆိုတာအမေရိကန်တွေ မခွဲခြားတတ်ဘဲ ဖြစ်စဉ်ကို အပြန်ပြန်အလှန်လှန် ပင်တဂွန်က မေးနေသည့်အတွက် ဆီးရီးယားမှာ တာဝန်ကျနေတဲ့အမေရိကန် စစ်တပ်က ဒေါသထွက် နေကြောင်း ဆီးရီးယားသတင်းတွေမှာ ရေးသားနေကြပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ဝင်တိုက်ခဲ့ပြီးချိန်ထဲက ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ နေတိုးတပ်ဖွဲ့ဟာ အခုလည်း ဥရောပကောင်းကင်မှာ ကင်းလှည့်နေရင်း သူတို့လေယာဉ်တွေအနားကို အန္တရာယ်ရှိနိုင်လောက်အောင် နီးနီးလေးကပ်ပြီးပျံလာခဲ့တဲ့ ရုရှားတိုက်လေယာဉ်တွေနဲ့ ကြုံရပြန်တဲ့ဖြစ်စဉ်မျိုး ဇွန် ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနမှာဖော်ပြထားတာဖြစ်ပါတယ်။

Link>>>https://fb.watch/dN2DBPVrbM/

ဒါပေမယ့် ရုရှားက ဆီးရီးယားမှာတပ်စွဲထားတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကို လေကြောင်းကဗုံးကျဲတိုက်ခိုက် ခဲ့တယ်ဆိုတဲ့သတင်းမျိုးကို ဘယ်သတင်းဌာနကြီးမှာမှ ရှာမတွေ့ပါဘူး။ ဖော်ပြထားတာလည်းမရှိပါဘူး။

အဲ့သတင်းအမှားကို စစ်အောင် ဆိုတဲ့အကောင့်အပြင် San Thein၊ မိုးတိမ်၊ Thuthu Koko၊ ရဲ ရင့်၊ သီဟသူရ မျိုးအောင်၊ Myint Khin၊ အတိုင်ပင်ခံ အထက်က နော်ခမ်၊ U Lay Kyi၊ လင်း ယုန်၊ Lau Hon Meng စတဲ့အကောင့်တွေမှာရေးသာဖော်ထားတာဖြစ်ပြီး Like & React စုစုပေါင်း 1K ရှိပြီး ပြန်လည်မျှဝေသူပေါင်း ရာကျော်ရှိတဲ့ ပိုစ်တစ်ခုဖြစ်ပါတယ်။

စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာယုံကြည်ပြီး ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...