သတင်းပေါက်ကြားမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ကား စောင့်ဆိုင်းတိုက်ခိုက်ခံရ ၉ ဦး ကျဆုံး

သတင်းပေါက်ကြားမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ကား စောင့်ဆိုင်းတိုက်ခိုက်ခံရ ၉ ဦး ကျဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် သရက်ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်သယ်ဆောင်လာမည့် သတင်း ကြိုတင်ပေါက်ကြားပြီး စစ်ကောင်စီတပ်၏ စောင့်ဆိုင်းတိုက်ခိုက်မှုကြောင့် ကိုးဦး ကျဆုံးခဲ့ရကြောင်း ပွင့်ဖြူဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည်  ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီတံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အပြန်အလှန် ပစ်ခတ်မှုများအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

“ သရက်-ကံမ Local PDF တွေက လက်နက်တွေ သယ်လာတာပါ။ ဖောကားနဲ့ သယ်လာတဲ့ အနေအထားမှာ သတင်းကြိုတင်ပေါက်ကြားပြီးတော့ ည ၁၂ နာရီလောက်ကတည်းက စစ်တပ်က မဲဇလီတံတားအနီးမှာ စောင့်ပြီး ကားတွေကို စစ်နေတာ။ မနက်ပိုင်းလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကား ဖြတ်သန်းတဲ့အချိန် ထိတွေ့မှု ဖြစ်တာပါ။ အဖမ်းခံရသူတွေလည်း ရှိခဲ့သလို လွတ်မြောက်သွားသူတွေလည်း ရှိပါတယ်” ဟု ပွင့်ဖြူဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ကျားကြီး က ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ကားပေါ်တွင် အယောက် ၃၀ ကျော် စီးနင်းလ်ိုက်ပါလာခြင်းဖြစ်ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးနေရာတွင်ပင် ကျဆုံးခဲ့ကာ လ်ိုက်ပါစီးနင်းလာသည့် ဖောကားလည်း မီးလောင်ကျွမ်းခဲ့ရသည်။

ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့ သယ်ဆောင်လာသည့် လက်နက် ၂၅ လက် သိမ်းဆည်းခံလိုက်ရပြီး တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီးခံခဲ့ရကာ သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း ဗိုလ်ကျားကြီးက ပြောသည်။

“ကားပေါ်မှာ ၃၀ ကျော် ပါတာမှာ သိသလောက်က လောလောဆယ် ၁၅ ယောက်လောက် လွတ်မြောက်သွားပါတယ်။ စစ်တပ်ဘက်က ၁၂ ယောက် ကျဆုံးတယ်ပြောတယ်။ အမှန်တကယ်က ကိုးယောက်ပဲ ကျဆုံးတာပါ။ လက်နက်က ၂၅ လက်လောက် ပါသွားပါတယ်။ သုံးယောက်ကတော့ အပြင်းအထန် ဒဏ်ရာရတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာမရဘဲ အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်က လက်ရှိအချိန်တွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် လမ်းကြောင်းတစ်လျှောက်ကို ပိတ်ဆို့ဖြတ်တောက်ကာ စစ်ဆေးမှုများ တင်းကျပ်စွာလုပ်ဆောင်နေပြီး ဖြတ်သန်းသွားလာမှု လုံးဝခွင့်မပြုတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“အဲ့လိုသတင်းရတာ သတင်းပေါက်ကြားသွားတာက ကျွန်တော်တို့ဘက်က အားနည်းချက်လို့ပဲ ပြောရမှာပေါ့။ အားနည်းချက်အပေါ်မှာ မူတည်ပြီး အခွင့်ကောင်းယူပြီး ကြိုတင်ပြီး စစ်ဆေးတာ ဆောင်ရွက်တာတွေကို ကျွန်တော်တို့ ခံလိုက်ရတာ။ နောက်တစ်ခုက သရက် ကံမ သွားမယ့် လမ်းကြောင်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှု အားနည်းတာလည်း ပါတယ်။ သွားမယ့်လမ်းကြောင်းရဲ့ သတင်းကို စုံစမ်းမှုတွေ ထောက်လှမ်းမှုတွေ မလုပ်နိုင်ခဲ့ကြတော့ ဒီလိုဖြစ်သွားတာလည်း ပါပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ မြို့နယ်ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လုံး၀ စိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်ပြီးတော့ ကလဲ့စားချေဖို့ ဆောင်ရွက်နေပါတယ်” ဟု မကွေးတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...