စစ်ကောင်စီတပ် လက်အောက်ခံများကို ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက် ကားပေါ်ပါလာသူ အားလုံးသေဆုံး သေနတ် ၁၁ လက်သိမ်းဆည်းရရှိ

စစ်ကောင်စီတပ် လက်အောက်ခံများကို ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက် ကားပေါ်ပါလာသူ အားလုံးသေဆုံး သေနတ် ၁၁ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် လမ်းကြေးကောက်ခံပြီးပြန်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံများ စီးနင်းလာသည့် ဖောကားကို သတင်းအရ စောင့်ကြိုတိုက်ခိုက်မှုတွင် ကားပေါ်ပါလာသူ အားလုံးသေဆုံးပြီး သေနတ် ၁၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း Narapati Local Guerrilla Revolution Force တာဝန်ရှိသူထံမှ သိရသည်။

ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ လမ်းဆုံတွင် လမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံများ စီးနင်းလာသည့် Skat ဖောကားအဖြူရောင်ကို သတင်းအရ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကံသစ်ရွာအနောက်ဖက် မူးချောင်းတံတားအနီးတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“၉နာရီ ၃၀ လောက်ကနေ အပြန်အလှန်ပစ်ခတ်မှု စဖြစ်တာပါ။ သူတို့က ခင်ဦးမြို့နယ် အနောက်ဘက်က လမ်းဆုံမှာ Skat ကားအဖြူနဲ့ ပြည်သူတွေဆီက ပိုက်ဆံကောက်ခံပြီး ခင်ဦးကို ပြန်လာမယ်ဆိုတာ သတင်းရတယ်။ အဲ့တော့ Local အဖွဲ့တွေ ချိတ်ဆက်ပြီး တံတားနားမှာ နေရာကြိုတင်ယူထားလိုက်တယ်။ သူတို့ ကားထွက်လာတဲ့ အချိန်မှာ သတင်းထောက်တယ်။ လာတဲ့အချိန်မှာ ကျွန်တော်တို့ Battle စဖြစ်တယ်။ ကားကို အရင်စပစ်တယ်။ ” ဟု N.L.G.R.F တာဝန်ရှိသူ သခင်ချစ်က ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခင်ဦးမြို့နယ် မူးချောင်းတံတား ပတ်ပတ်လည်တွင် နေရာယူပြီး စစ်ကောင်စီတပ်လက်အောက်ခံများ စီးနင်းလာသည့် SKAT ကား အဖြူရောင် တံတားပေါ် ရောက်ရှိလာသည့်အချိန်တွင် စတင်ပစ်ခတ်ခဲ့ကာ အပြန်အလှန်ပစ်ခတ်မှု အချိန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ဒုရဲမှူးတစ်ဦး အပါအဝင် ကားပေါ်လိုက်ပါလာသူ အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး MA2 တစ်လက်၊ G3 တစ်လက်အပါအဝင် သေနတ် ၁၁ လက်ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး လက်ဖျံတွင် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ကျောတွင် ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်စရာအခြေအနေမရှိကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“သူတို့ကားပေါ်မှာ အတိအကျက ၁၄ ယောက်လောက်ပါတယ်။ အကုန်လုံးကို ရှင်းလင်းပစ်လိုက်နိုင်တယ်။ တိုက်ခိုက်မှု အချိန် နှစ်နာရီကြာမြင့်ခဲ့တယ်။ တိုက်ခိုက်နေတဲ့အချိန် တစ်နာရီကျော်ကျော်မှာ ခင်ဦးမြို့ ပင်မစခန်းကနေ ခွေးကားနှစ်စီးထွက်လာတယ်။ အင်အား ၃၀ လောက်ပါတယ်။ တိုက်ခိုက်မှု ဖြစ်တဲ့ နေရာကို သူတို့ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ ပွဲက ပြီးသွားပြီ။

အရင်တုန်းကတော့ မိုင်းတွေဆွဲပြီးတော့ပဲ တိုက်ခိုက်တာ အခုအနေအထားကတော့ ပေါ်တင်ကို ဝင်ပစ်တော့တာ။ ခွေးတွေက ပြည်သူတွေဆီက ပိုက်ဆံတောင်းနေတာကြောင့် Local အဖွဲ့အစည်းတွေနဲ့ အကုန်ပေါင်းပြီးတော့ နေရာအသင့်ယူပြီးတော့ ပစ်ခဲ့ကြတာပါ။ ခင်ဦးက ရွာတွေကိုလည်း စစ်တပ်က မီးဆက်တိုက်ရှို့နေတဲ့ အနေအထားကို ကျွန်တော်တို့ မခံနိုင်တော့ဘူး။ ဒီမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့ ပြင်နေတယ်” ဟု N.L.G.R.F တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Narapati Local Guerrilla Revolution Force N.L.G.R.F အဖွဲ့၊ ရောင်နီပြောက်ကျားအဖွဲ့၊ ငှက်ကြီးတောင်အဖွဲ့၊ ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းများ ထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

အဆိုပါ စစ်ကောင်စီတပ်များကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်ပေးကြရန်နှင့် တားမြစ်ထားသည့် ထုတ်ပြန်ချက်များကို လိုက်နာကြရန်လည်း ကာကွယ်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...