စစ်ကောင်စီက ကြိုးပေးကွပ်မျက်မည်ဆိုသည့် ကြေညာချက်အပေါ် အင်းစိန်ထောင်တွင်း နိုင်ငံရေးအင်အားစုများက ကန့်ကွက်

စစ်ကောင်စီက ကြိုးပေးကွပ်မျက်မည်ဆိုသည့် ကြေညာချက်အပေါ် အင်းစိန်ထောင်တွင်း နိုင်ငံရေးအင်အားစုများက ကန့်ကွက်

ဦးဂျင်မီ(ခ)ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်(ခ)ဦးကျော်၊ ဦးလှမျိုးအောင်(ခ)ဦးဝက်ကြီး၊ ဦးအောင်သူရဇော်(ခ)ဦးကတုံးတို့ လေးဦးအား ဥပဒေအရ ခုခံပိုင်ခွင့်မပေးဘဲ စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်၍ ကြိုးပေးကွပ်မျက်မည်ဟု ကြေညာသည့်အပေါ် ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုံညီခုံရုံးမှ ရာဇဝတ်ပြင်ဆင်မှုအဖြစ် ပြန်လည်ကြားနာပေးရန် အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသော နိုင်ငံရေးအင်အားစုများက တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့ က ထုတ်ပြန်သည်။

 အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသော နိုင်ငံရေးအင်အားစုများက အချက် သုံးချက်ပါသည့် ၎င်းတို့၏ ရပ်တည်ချက်နှင့် သဘောထားကြေညာချက် တစ်စောင်ကို အရေးပေါ်ထုတ်ပြန်ကြေညာခဲ့ရာ၊ ယင်းအချက်ကိုပါ တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် အကျဉ်းသားများအား လက်ရှိအချိန်အထိ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုများအပေါ် နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ဦးစားပေးဆောင်ရွက်ပေးရန် ထောင်တွင်းဖမ်းဆီးခံထားရသော နိုင်ငံရေး အင်အားစုများက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တောင်းဆိုထားသည်။

ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ၏ ထုတ်ပြန်ကြေညာချက်တွင် ထောင်တွင်းနည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှုများအပါအဝင် လက်ရှိ ဖမ်းဆီးခံထားရသော အကျဉ်းသား/အကျဉ်းသူများသည် ရာဇဝတ်သားများမဟုတ်ဘဲ နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံအကျိုး၊ နိုင်ငံသားများအကျိုးနှင့် တိုင်းရင်းသားပြည်သူအကျိုးအတွက် လုပ်သင့်လုပ်အပ်သော နိုင်ငံရေးတာဝန်များကို ကျရာအခန်းကဏ္ဍမှ မမှိတ်မသုန် ယုံကြည်ရဲရင့်စွာဆောင်ရွက်ခဲ့ကြသော နွေဦးတော်လှန်ရေး၏ ရဲဘော်ရဲဘက်များဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပန်းတိုင်ရောက်သည်အထိ ရဲဝံ့ပြတ်သားစွာ ဆက်လက်ရပ်တည် ချီတက်နေမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်နေသည့် ဥပဒေမဲ့ လုပ်ရပ်များအား ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများနှင့် အညီ တရားစွဲအရေးယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့် အခြားမိတ်ဖက်နိုင်ငံရေး အင်အားစုများက အရေးကြီးသော နိုင်ငံရေးလုပ်ငန်းတစ်ရပ်အနေဖြင့် သတ်မှတ်၍ ဦးစားပေးဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

လက်ရှိတွင် အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ရာဇဝတ်သားအကျဉ်းသားများက လူစုဖြင့် ထိုးကြိတ်ရိုက်နှက်ခြင်း၊ မိလ္လာအညစ်အကြေးများ သယ်ယူခိုင်းခြင်း၊ ရေထမ်းခိုင်းခြင်းတို့ကို ဖိနှိပ်ရေး ယန္တရား တစ်ခုအဖြင့် လုပ်ဆောင်နေသည့် လုပ်ရပ်များကို ရပ်တန်းကရပ်ရန် တောင်းဆိုထားသည်။

အလားတူ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်ကျွေးမွေးမှု၊ သောက်ရေနှင့် သုံးရေသုံးစွဲမှုများ၊ အိပ်ဆောင်များအတွင်း ရေဖြတ်တောက်မှုများကို ပြုလုပ်ထားသည့်အပေါ် ရပ်တန်းက ရပ်ရန်လည်း ထပ်မံတောင်းဆိုထားသည်။

စစ်ကောင်စီခန့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယခုဇွန်လအတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်းများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးနေသည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများမှာ ထုတ်ပြန်ချက်ပါအတိုင်း ဆိုးဝါးစွာ ဖြစ်ပေါ်နေဆဲဖြစ်နေကြောင်း သိရသည်။

Most read this week

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...