ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ လက်ဖက်ရည်ဆိုင်ပင် မထိုင်ရဲဘဲ အကုန်ပျောက်ကုန်ပြီဟု ဘူးလက်လှဆွေပြောကြား

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ လက်ဖက်ရည်ဆိုင်ပင် မထိုင်ရဲဘဲ အကုန်ပျောက်ကုန်ပြီဟု ဘူးလက်လှဆွေပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်တွင် လက်ဖက်ရည် ဆိုင်ပင် မထိုင်ရဲဘဲ အကုန်ပျောက်ကုန်ပြီဟု ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေကပြောသည်။

စစ်ကောင်စီသတင်းများ အသားပေးဖော်ပြနေသည့် People Media ၏ Youtube Channel တွင် ဘူးလက် လှဆွေနှင့် အင်တာဗျူးကို  ဇွန်လ ၇ ရက် ညပိုင်းက ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူး တွင် ဦးလှဆွေက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“ကျွန်တော်က ဘာတာဝန်မှမရှိဘူး။ မရှိပေမယ့် ဝင်လုပ်ပေးတယ်။ မနေတတ်တော့ အဲ့ဒီလိုတော့ရှိတယ်။ ခုနက ခင်ဗျားပြောသလို ကိုယ်စားလှယ်တွေဘယ်ပျောက်ကုန်လဲ။ အကုန်လုံး ပျောက်ကုန်ပြီ။ ဒီအချိန်မှာ ခင်ဗျား လက်ဖက်ရည်ဆိုင်တောင်ထွက်မထိုင်ရဲဘူး။ ထွက်ထိုင်ရင် လာပစ်မှာစိုးလို့”ဟု ၎င်းကပြောသည်။

ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူများ၏ မီဒီယာများတွင်ပြောကြားချက်များအရ စစ်အာဏာသိမ်းပြီး နောက် မေလတတိယအပတ်အထိ နိုင်ငံနှင့်အဝှမ်း ကြံ့ခိုင်ရေးပါတီဝင် ၁၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ ကြောင်း သိရသည်။

အာဏာသိမ်းမှုတစ်နှစ်ကျော်လာပြီးချိန်တွင် လူဦးရေတစ်ထောင်ကျော်သတ်ဖြတ်ခံခဲ့ရသည့် ကြံ့ခိုင်ရေး ပါတီဝင်များသည် နေရာအချို့တွင် စစ်ကောင်စီထံ နေထိုင်ခွင့်တောင်းခံနေရသည်ဟု ၎င်းတို့နှင့်နီးစပ် သည့် အသိုင်းအဝိုင်းများမှသိရသည်။

တော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ စစ်မှုထမ်းဟောင်းတိုင်း ကြံ့ခိုင်ရေးတိုင်းကို လုပ်တာ မျိုးမဟုတ်ဘူးလေ။ ဒလန်ကိုလုပ်ကြံတာသာဖြစ်တယ်။ ဒလန်တွေဟာ ယူနီဖောင်းမဝတ်တဲ့ စစ်ရေး ပစ်မှတ်တွေဖြစ်တယ်။ ဒါပေမယ့် အများစုကတော့ သူတို့ပဲဖြစ်နေတယ်” ဟု ဒလန်ရှင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌဖြစ်သည့် ဦးသန်းဌေးကလည်း မေလအတွင်းက မီဒီယာအင်တာဗျူးတစ်ခုတွင် ၎င်းကိုယ်တိုင်ပင် လုံခြုံရေးသီးသန့်မရှိကြောင်း၊ အားလုံးနှင့်အတူ မလုံခြုံမှုကို ခံစားနေရကြောင်း‌ပြောဆို ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ အကြောင်းပြချက်မှာ မဲမသမာမှုဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာများရှိကြောင်း ပြောကြားခဲ့သူများထဲတွင် ပြည်ခိုင်ဖြိုးပါတီလည်း ပါဝင်သည်။

အာဏာသိမ်းစစ်တပ်ကပြုလုပ်ပေးမည်ဆိုသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သော်လည်း လုံခြုံမှုမရှိသည့်အတွက် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံပိုင်မီဒီယာများကို ပိုမို အသုံးပြုရန်လိုကြောင်း ဦးသန်းဌေးက မီဒီယာတစ်ခုက မေလအတွင်းကဖြေကြားခဲ့သည်။

“အခုချိန်ထိ ပါတီတွေဟာ လွတ်လွတ်လပ်လပ်သွားလာပြောဆိုနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ လုပ် နိုင်တာတစ်နည်းပဲရှိတယ် နိုင်တော်ပိုင်မီဒီယာတွေ သုံးစွဲခွင့်ပေးဖို့လိုမယ်” ဟု မေလအတွင်းက NP NEWS သတင်းဌာနကိုပြောကြားခဲ့သည်။

နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကြံ့ခိုင်ရေးပါတီသည် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီဖြစ် ပြီး အာဏာသိမ်းပြီချိန်တွင် စစ်တပ်သတင်းပေးပြုလုပ်ခြင်း၊ ပျူစောထီးအဖွဲ့များနှင့် သွေးသောက် အဖွဲ့ များတွင်ပါဝင်ခြင်းနှင့် စစ်ကောင်စီနှင့်ပူးပေါင်းခြင်းများကြောင့် သတ်ဖြတ်ခံရမှုများနေသော်လည်း ၎င်းတို့ ကို ဦးတည်တိုက်ခိုက်ခြင်းမရှိကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုထားသည်။

တပ်မတော်အရာရှိဟောင်း ဘူးလက်လှဆွေသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ကြံ့ခိုင်ရေးပါတီ၏ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် NLD အစိုးရလက်ထက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံခဲ့ရပြီး တစ်နှစ်ကျော် ဝရမ်းပြေးဘဝဖြင့်တိမ်းရှောင်နေကာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကိုယ်တိုင်လာရောက် အဖမ်း ခံခဲ့သည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...