ဆောမြို့နယ်မှ CDM ကျန်းမာရေးဝန်ထမ်း စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံး

ဆောမြို့နယ်မှ CDM ကျန်းမာရေးဝန်ထမ်း စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံး
ဆီမီးကျေးရွာနှင့် ဖမ်ဆီးခေါ်ဆောင်သွားသော စစ်ကြောင်း (CJ)
ဆီမီးကျေးရွာနှင့် ဖမ်ဆီးခေါ်ဆောင်သွားသော စစ်ကြောင်း (CJ)

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သော ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်းသည် ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာ ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီ၏စစ်ကြောရေးစခန်း၌ သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူဒေသခံများက မဇ္ဈိမကို အတည် ပြုပြောကြားသည်။

ဆောမြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်းသည် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဆောမြို့နယ်၊ လောင်းရှည်ဒေသ ဆီမီးကျေးရွာတွင် အင်အား ၆၀ ခန့်ပါ သော စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရခြင်း ဖြစ်သည်။

“ ၂ ရက်နေ့မှာ ဆုံးပြီဆိုတဲ့သတင်း ထွက်လာတယ်။ ဒါပေမယ့် သေချာလား၊ မသေချာလား လိုက်ပြီးစုံစမ်း ကြည့်တာပေါ့နော်။ အတွင်းသတင်းအရ ဒီနေ့မှအတည်ပြုနိုင်တာ။ သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်လိုက်တာ ဘာမေးမေး မသိတာကနေ လက်လွန်သွားတာပေါ့။ အလောင်းကိုတောင် ချက်ချင်းမြေမြှုပ်လိုက်ပြီလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

CDM ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်းသည် ဆောမြို့ဇာတိဖြစ်သော်လည်း လွန်ခဲ့သောတစ်နှစ် ခန့်က ဆောမြို့နယ်၊ လောင်းရှည်ဒေသ ညောင်ပင်ကျေးရွာတွင် အိမ်ထောင်ကျကာ နေထိုင်နေသူဖြစ် သည်။

၎င်းအား မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ပင်ကျေးရွာအနီးရှိ ဆီမီးကျေးရွာဈေးသို့ ဈေးလာဝယ် သည့်အချိန်တွင် အင်အား ၆၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းက ရွာထိပ်၌ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်စဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယင်းနေ့က ၎င်းနှင့်အတူ ဆီမီးကျေးရွာမှဒေသခံလေးဦးအပါအဝင် စုစုပေါင်းခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က လောင်းရှည်ဒေသရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၅) သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယင်းတို့အနက် ကိုအောင်ကိုလင်း ကျဆုံးသွားခြင်းဖြစ်ပြီး ကျန်ဖမ်းဆီးခံထားရသူများလည်း လွတ်မြောက် လာခြင်းမရှိသေးဘဲ အခြေအနေအသေးစိတ်ကို မသိရသေးပေ။

“သူ့အမျိုးသမီးရွာဖြစ်တဲ့ ညောင်ပင်ရွာကို ဆီမီးကျေးရွာကနေ ဖြတ်သွားရတာပေါ့။ အဲဒီမှာ စစ်ကြောင်း ထိုးတာနဲ့ မထင်မှတ်ဘဲ မိတာကနေ ဖမ်းခေါ်ပါသွားတာပေါ့။ ဖမ်းခေါ်သွားတဲ့အချိန် လူမြင်ကွင်းရှေ့မှာ တောင် ရိုက်နှက်ပြီးတော့ ခေါ်သွားတာ။ မျက်နှာတွေမှာ ညိုမဲနေတာပဲ။ ဒေသခံတွေ အကုန်မြင်တယ်” ဟု ဖမ်းဆီးခံရမှု ဖြစ်စဉ်အခြေအနေကို ဆီမီးဒေသခံတစ်ဦးက ပြောပြသည်။

CDM ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်း စစ်ကြောရေးတွင် ညှဉ်းပန်းသတ်ဖြတ်ခံရမှုအပေါ် စစ်ကောင်စီဘက်မှ မိသားစုဝင်များအားဆက်သွယ်လာခြင်းမရှိသကဲ့သို့ မိသားစုဝင်များဘက်ကလည်း စစ်ကောင်စီထံဆက်သွယ်ရန် လုံခြုံရေးအရစိုးရိမ်နေကြကြောင်း နီးစပ်သူများက ပြောသည်။

ယောဒေသကာကွယ်ရေးတပ်ပေါင်းစု (YRPA) တပ်ဖွဲ့က ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ထိုသို့ အရပ်သားလူထုကို ဖမ်းဆီးပြီး အသက်သေဆုံးစေသည်အထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုအပေါ် လက်ခံနိုင်စရာမရှိသည့်အတွက် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး လက်တုံ့ပြန်သွားမည် ဟု မဇ္ဈိမကို ပြောသည်။

“အခုလို အပြင်းအထန် နှိပ်စက်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်သွားတယ်ဆိုတာကတော့ လက်ခံနိုင်တဲ့ အကြောင်းအရာမဟုတ်ပါဘူး။ YRPA တပ်ပေါင်စုအနေနဲ့ တာဝန်ရှိသူတွေကို သိရင်သိရသလို အရေးယူ ဆောင်ရွက်ပြီး လက်တုံ့ပြန်သွားပါမယ်” ဟု YRPA ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု ကြောင့် ကျဆုံးပြည်သူ ၁၈၈၇ ဦးခန့်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး လက်တွေ့မြေပြင်တွင် ယင်းထက် ပိုများနိုင်ခြေရှိသည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...