ကာကွယ်ရေးတပ်ဖွဲ့ ၏ ငွေအကောင့်အား ငွေလှူမည်ဟုဆိုကာ လိမ်လည်တောင်းယူ၊ နာရီပိုင်းအတွင်း အကောင့် ပိတ်ခံရ

ကာကွယ်ရေးတပ်ဖွဲ့ ၏ ငွေအကောင့်အား ငွေလှူမည်ဟုဆိုကာ လိမ်လည်တောင်းယူ၊ နာရီပိုင်းအတွင်း အကောင့် ပိတ်ခံရ

ကာကွယ်ရေးတပ်ဖွဲ့များ၏ ရန်ပုံငွေကောက်ခံနေသည့် ငွေသွင်းငွေထုတ် အကောင့်များကို အလှူငွေထည့်မည်ဟုဆိုကာ တောင်းယူပြီးနောက် နာရီပိုင်းအတွင်း အကောင့်အပိတ်ခံရမှုများ ရှိနေကြောင်း မြောင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံက သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာသို့အကောင့်တုဖြင့် ဆက်သွယ်၍ ငွေလှူမည်ဟုဆိုကာ အကောင့်တောင်းယူ လှူဒါန်းပြီးနောက် အချိန်ပိုင်းအတွင်း အကောင့်ပိတ်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့က မြောင်မှာ အခြေပြုတာပါ။ မေလ ၂ ရက်နေ့က ကျွန်တော်တို့ ပေ့ချ် ကို ဆက်သွယ်လာတယ်။ ဆက်သွယ်လာတော့ အခုအချိန်မှာ ကျွန်တော်တို့လည်း တော်လှန်ရေးရန်ပုံငွေ လိုအပ်နေတော့ ပျော်တာပေါ့ဗျာ။ အဲ့တော့ Kpay သုံးလား Wave သုံးလားဆိုတော့ Kpay သုံးတယ်ဆိုပြီးတော့ ပြောတော့ ကျွန်တော်တို့ သုံးနေတဲ့ Kpay ကို ပေးလိုက်တယ်။ ပေးလိုက်တော့ အဲ့လူက တစ်ထောင်လှူတယ် ” ဟု မြောင်တွင် အခြေစိုက်ကာ စစ်အာဏာရှင်ကို တွန်းလှန်နေသည့် ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် လှူဒါန်းသည့် သူက “လှူတာက လှူချင်ပါတယ် မပြည့်စုံလို့ပါ စိတ်တော့မရှိနဲ့” ပြောဆိုခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူလှူဒါန်းသည့်ငွေကြေးဖြစ်သည့်အတွက် ကြည်ဖြူစွာလက်ခံပြီး နာရီပိုင်းအကြာတွင် အဆိုပါ အလှူငွေလက်ခံခဲ့သည့် အကောင့် ပိတ်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ ဖုန်းဘေလိုမျိုး လာလှူဒါန်းနေတာတွေ ရှိတယ်။ ပြည်သူလှူတာပဲ ဆိုပြီးတော့ ကိုယ်တွေက ယုံစားလ်ိုက်တာ။ အခုကျတော့ အကောင့် ပိတ်သွားတာ။ ပြောချင်တာက အခု ကျွန်တော်တို့ ခံလိုက်ရပြီပေါ့ဗျာ။ တခြားအဖွဲ့တွေလည်း အခုလိုမျိုး နည်းတူ ဖြစ်မှာစိုးတယ်” ဟု ရန်ပုံငွေ လက်ခံသည့် အကောင့် ပိတ်သိမ်းခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပိတ်သိမ်းခံလိုက်ရသည့် အကောင့်ရှိ ပြည်သူများလှူဒါန်းထားသည့် အလှူငွေ ဆယ်သိန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။

“နာရီပိုင်းအတွင်းမှာတောင် ပိတ်တာဆိုတော့ သေချာကို အစီအစဉ်ဆွဲပြီးမှ လုပ်တယ်ဆိုတဲ့ ပုံစံမျိုး အဖွဲ့အစည်းကြီးတစ်ခုက လုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သူ့အနေအထားကလည်း တော်တော်လေးကို ထိရောက်တဲ့ အနေအထားရှိတယ်။ Kpay ကလည်း ဘာမှစစ်ဆေးမှုတောင် မလုပ်ဘဲနဲ့ကို တန်းပိတ်တယ်ဆိုတော့ အလှူငွေလာထည့်တဲ့ သူရဲ့ လုပ်ဆောင်ချက်က မနည်းဘူး” ဟုလည်း ၎င်းက မှတ်ချက်ပြု ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အလှူငွေလာရောက်လှူဒါန်းသူများ၏ အခြေအနေကို သေချာစွာ စီစစ်ပြီးမှသာ အသုံးပြုနေသည့် KPay နှင့် Wave Money အကောင့်များကို ပေးစေချင်ကြောင်းလည်း ၎င်းက သတိပေးပြောကြားသည်။

စစ်ကောင်စီက ၎င်းတို့ကို ခုခံတိုက်ခ်ိုက်မှု

အားကောင်းလာသည့် ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များကို ထိန်းချုပ်မှုမရှိတော့ခြင်းကြောင့် အဆိုပါ အဖွဲ့များကို ငွေကြေး ထောက်ပံနေသည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်းလည်း ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်ပြောသည်။

“ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်လာတဲ့ သဘောပေါ့။ Kpay တို့ Wave Money တို့ကလည်း ဒီကောင်တွေရဲ့ လက်အောက်ခံဆိုတော့ အတူတူပေါင်းပြီး အခုလို လုပ်ရပ်တွေ လုပ်လာတာ။ စစ်တပ်က အခုလို အဖွဲအစည်းတွေနဲ့ပေါင်း ၊အကောင့်တုတွေနဲ့ ပြည်သူဟန်ဆောင်ပြီး အယောင်ပြ လှူဒါန်းတယ်။ အကောင့်ပိတ်တာတွေ လုပ်တယ်။ တချို့လူတွေကလည်း အလှူငွေကောက်ခံပေးမယ်ဆိုပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ အကောင့်တွေကို ယူထားတယ်။ အဖွဲ့အစည်းနာမည်သုံးပြီး အလှူခံပေးတယ်။ ပြီးမှ လိမ်သွားတဲ့ သူတွေလည်း ရှိတယ်။ လုပ်စားနေတဲ့ သူတွေပေါ့။ အဲ့လိုဖြစ်စဉ်တွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေတဲ့ အညာဒေသတွေမှာ ပိုဖြစ်နေတယ် ” ဟု ၎င်းက ပြောသည်။

အကောင့်ပိတ်သိမ်းခံရခြင်းနှင့် အလှူငွေလိမ်လည်ခံရခြင်းများမှ ရှောင်ရှားနိုင်ရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် အလှူငွေများကို လက်ခံရန်အတွက် ပိုမိုစိတ်ချရသည့် နည်းလမ်းများကို ပြည်ပရှ်ိအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

မဇ္စျိမ၏ လက်လှမ်းမီ သလောက် စုံစမ်းရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီက အလှုငွေထည့်ရန် ဟန်ဆောင်ကာ အကောင့်တောင်းယူပြီးနောက် အကောင့် ပိတ်သိမ်းခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့ ရှိနေသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်းငွေကြေး လွှဲပြောင်းမှုများကို ကန့်သတ်ခြင်း၊ တော်လှန်ရေး အဖွဲ့များထံ ထောက်ပံ့လှူဒါန်းသည့် ဘဏ်အကောင့်များကို စောင့်ကြည့် ထိန်းချုပ်ခြင်းနှင့် ပိတ်သိမ်းခြင်းများကို စစ်ကောင်စီနှင့် ဗဟိုဘဏ်က နိုင်ငံအတွင်း ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများနှင့် ပူးပေါင်းကာ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

ယခင်က ကာကွယ်ရေး အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့သည့် အကောင့်များနှင့် လက်ခံသည့် အကောင့်များကိုသာ ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် ၂၀၂၂ နှစ်စပိုင်းမှ စတင်ကာ ပိတ်သိမ်းသည့် အကောင့်ကို ဖွင့်လှစ်ထားသည့် ဖုန်းဆင်းကတ် အပါအဝင် အဆိုပါ ဖုန်းကတ်ဖြင့် ဖွင့်လှစ်ထားသည့် အခြားငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုများကိုပါ ထပ်မံပိတ်သိမ်းမှုများ ပြုလုပ်နေကြောင်း ကာကွယ်ရေးအဖွဲ့အစည်းများထံက သိရသည်။

Most read this week

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...