တပ်မတော်၏ မှားယွင်းမှုကို ဖုံးကွယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းမှားဖြန့်

တပ်မတော်၏ မှားယွင်းမှုကို ဖုံးကွယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းမှားဖြန့်

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံမှာ တပ်ဆင်ထားတဲ့ မှန်တွေကို ရိုက်ခွဲဖျက်ဆီး နေတဲ့ အကြမ်းဖက်သမားတွေကို လုံခြုံရေး တပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမား တစ်ဦး သေနတ် ထိမှန်သေဆုံးခဲ့တယ်ဆိုပြီး သတင်းအချက်အလက်အမှားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား ၆ ဦးကိုလည်း ဖမ်းဆီရမိခဲ့တယ်ဆိုပြီး သေဆုံးသူ တစ်ဦးရဲ့ ဓာတ်ပုံအပါအဝင် ဖမ်း ဆီးရမိထားတဲ့ လူ ၆ ဦးရဲ့ ဓာတ်ပုံနဲ့ အတူ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် “မေ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မီးရထားဘူတာရုံအတွင်းသို့ အကြမ်းဖက်သမား ၂၀ ဦးခန့် ဝင်ရောက်လာပြီး ဘူတာရုံတွင် တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ က သွားရောက်စစ်ဆေးတားမြစ်ခဲ့ရာ အဆိုပါအကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများဖြင့် ပြန်လည်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်သမားများအနက် လွိုင် ကော်မြို့၊ ကြည်သာယာရပ်ကွက်နေ ငယ်လေး (ခ) နှာခေါင်းကြီး (၃၉)နှစ် (ဘ)ဦးစိန်မြင့်သည် ကျည်ထိမှန် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး နမ့်ဘော်ဝမ် (က) ရပ်ကွက်နေသူများဖြစ်သည့် နိုင်ဝင်းလှိုင်(၁၉)နှစ် (ဘ)ဦး ကြည်လှိုင်၊ စိုးထက်လင်း(၂၁)နှစ် (ဘ) ဦးမင်းခန့်ကျော်၊ ကိုဇော်(၁၅)နှစ် (ဘ)ဦးဝင်းတင့်၊ ထက်လင်း အောင် (၁၆)နှစ် (ဘ)ဦးနိုင်လင်းအောင်၊ ဇင်ဖြိုး(ခ) ဇင်ဘိုဟိန်း(၁၄)နှစ် (ဘ)ဦးထွန်းလှမိုးနှင့် နေလင်းထွန်း(၁၅)နှစ် (ဘ)ဦးကျော်လွင်တို့ ၆ ဦးအား ဓား ၂ လက်၊ တုတ် ၂ ချောင်း၊ အလံနီ ၂ ခု၊ ဆိုင်ကယ် ၃ စီး၊ စက်ဘီး ၁ စီးတို့ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း ) သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲဒီဖြစ်စဉ်အတွင်း သေဆုံးသွားသူဟာ အကြမ်းဖက်သမားပါဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုမှုဟာ အချက်အလက် အမှားတွေကို အခြေခံထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်းမှာ ပါဝင်တဲ့ လူငယ် ၆ ဦးကို ဖမ်းဆီးရမိတာ မှန်ပေမယ့် သေဆုံးသွားသူဟာ စစ်ကောင်စီက ပြောသလိုမျိုး အကြမ်းဖက်သမား မဟုတ်သလို အဲ့ဒီ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သူ မဟုတ်တဲ့ အနီးအနားက နွားကျောင်းသား တစ်ဦးဖြစ် နေလို့ပဲ ဖြစ် ပါတယ်။

မေလ ၂၇ ရက်နေ့က မီးရထား ဘူတာရုံမှာ လူငယ်တွေ ရန်ဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က မီးရထား ဘူ တာရုံကို ရောက်လာပြီး သေနတ်အဆက်မပြတ် ပစ်ခတ်ရာကနေ ရန်ဖြစ်ရာမှာ ပါဝင်တာ မရှိတဲ့ အနီးအနားက လူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ်(ကယား) အခြေစိုက် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက အနီးအနား က ဒေသခံတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံကို သွားရောက်ပို့ဆောင်ပေးခဲ့တဲ့ ပရဟိတသမား တစ်ဦး ကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းအမှန်ကို ဒီမှာ https://bit.ly/3GEHNlv  ဝင်ကြည့်လို့ရ ပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3x2ukzG တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွား သူတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ပဲ သာမန်လူငယ်တွေသာဖြစ်ပြီး သူတို့ ပစ်လိုက်တဲ့သေနတ် ထိမှန် သေဆုံးသွား သူဟာလည်း ရန်ဖြစ်ရာမှာ ပါဝင်မှု မရှိတဲ့ သာမန်အရပ်သား ပြည်သူသာ ဖြစ်ပါတယ်။

သာမန်အရပ်သား ပြည်သူတွေဖြစ်တဲ့ အဲဒီလူတွေကို အကြမ်းဖက်သမားပါ ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ပြော ဆိုမှုဟာ သတင်းအချက်အလက်အမှားတွေကို အခြေခံထားတဲ့ သတင်းအမှားဖြစ် တယ်ဆိုတာကို စိစစ်တွေ့ ရှိရ ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထုတ်ပြန်ထားတဲ့ မေလ ၂၇ ရက်နေ့ လွိုင်ကော် ဘူတာရုံဖြစ်စဉ်နဲ့ ပတ် သက်ပြီး တပ်ထောက်ခံသူ တော်တော်များများကလည်း Facebook လူမှုကွန်ရက် စာမျက်နှာမှာ ထပ်ဆင့် ဖြန့် ဝေနေတာကိုလည်း တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ အခုအချိန်မှာဆိုရင် အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...