သတင်းအမှန်ကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့ကိုထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်များကို တပ်မူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပါတယ်။
ထိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ရဲအုပ်အဆင့် ၁ ဦးအပါအဝင် ရဲသား ၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမပြင် ခြောက်လုံးပြူးသေနတ် အပါအဝင် သေနတ်သုံးလက်နဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
USDP (တပ်မတော်ထောက်ခံသူများ ဆုံစည်းရာ) Group မှာ ကျော်သီဟ အကောင့်ကနေပြီးတော့ အထက်ပါ သတင်းကိုပဲ “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ ဦးမှ လက်ရဖမ်းဆီးရရှိ ၄ ဦးသေဆုံး ၁၀ အရှင်ဖမ်းမိ” ဆိုပြီး သတင်းအမှားကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာပဲ ပုံမှားရိုက်ပြီး ပြန်လည်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအမှားတွေဟာ နေစဉ်လိုလို ပျံနှံ့နေပါတယ်။ စာဖတ်သူများအနေနဲ့ သတင်းအမှား အမှန်ခွဲခြားနိုင်ဖို့ သတင်းများကိုဖတ်ျရှုတဲ့အခါသေချာ စီစစ်ပြီးဖတ်ရှုသင့်ပါတယ်။ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာမှတင်တဲ့ သတင်းများကိုသာ ဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။