Published
Wednesday, December 22, 2021
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကရင်ပြည်နယ်(ပ.က.ဖ)အနေနဲ့ တိုက်ပွဲဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာ (ဒီဇင်ဘာလ ၂၂၊ ၂၀၂၁)
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကရင်ပြည်နယ်(ပ.က.ဖ)အနေနဲ့ တိုက်ပွဲဖော်ဆောင်သွားမယ်လိ့ု ကြေညာထုတ်ပြန်လိုက်ပါတယ်။
- တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်နဲ့ နယ်ခြားစောင့်တပ် - BGF ၂ ယောက်ကို နွေးထွေးစွာကြိုဆိုလက်ခံထားတယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။
- လေးကေကော်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကတော့ ထိုင်းနိုင်ငံထဲအထိ ထွက်ပြေးခိုလှုံနေရပါတယ်။