Published
Friday, December 03, 2021
ထန်တလန်မြို့မှာ ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ပေါင်း ၉၆ လုံး ထပ်မံမီးလောင်ပြာကျ
လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့မှာ ကျင်းပမှာမဟုတ်ဘူးလို့ ဟားခါးခရစ်ယာန်အမှုတော်ဆောင်ဂိုဏ်းပေါင်းစုံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့မှာ မီးထပ်မံလောင်ကျွမ်းတာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ပေါင်း ၉၆ လုံး မီးလောင်ပြာကျခဲ့ရပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာက ညီအကိုများအသင်းတော်မှ ခရစ်ယာန်ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတာ ၂ လကျော်ကြာမြင့်ပြီဖြစ်ပေမဲ့ သတင်းအစအနပျောက်ဆုံးနေပြီး သေဆုံးပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။