မြေမြုပ်မိုင်းနဲ့ ပါတ်သက်လို့ KNU နဲ့ BGF ကို ပြောင်းပြန်ရေးပြီး သတင်းမှား ဖြန့်ဝေ

မြေမြုပ်မိုင်းနဲ့ ပါတ်သက်လို့ KNU နဲ့ BGF ကို ပြောင်းပြန်ရေးပြီး သတင်းမှား ဖြန့်ဝေ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို နယ်ခြားစောင့်တပ် BGF က ရှာဖွေ ဖော်ထုတ် ရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို အိုက်တူးဆိုသူ Facebook အကောင့်ပိုင်ရှင်က မြေမြုပ်မိုင်း ၂ လုံးတူး ဖော်ရရှိခဲ့တဲ့ ဓာတ်ပုံကို အသုံးပြုကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရေးတင်ခဲ့ပါတယ်။

အိုက်တူးဆိုသူ၏ မူရင်းအရေးအသားအတိုင်းမှာ “ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ ၁ ဒေသ မဲသနကျေးရွာအုပ်စု ကျော်ကေ့ခီးရွာ ဇရပ်အနီးမှာ KNLA က မြေမြုပ်မိုင်း ၂ လုံးကို ထောင်ထားခဲ့တာ ကြောင့် BGF တပ်ဖွဲ့တွေက ရှာဖွေဖော် ထုတ်ပြီး ရှင်းလင်းခဲ့တာပါ” လို့ ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အိုက်တူးဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံထဲမှာပါတဲ့ မိုင်းတွေဟာ KNLA က ထောင်ထား တဲ့ မြေမြုပ်မိုင်းတွေ မဟုတ်ပဲ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြုပ်မိုင်း ၂ လုံး ကို KNLA တပ်ရင်း ၁ က တူးဖော်ရရှိခဲ့တယ်ဆိုတဲ့ KNU ရဲ့ သတင်းထုတ်ပြန်ချက်ကို စာသား ပြောင်းကာ ပြန် လည်ရေးသားထားလို့ပဲဖြစ်ပါတယ်။

BGF တပ်ရင်း (၉၉၉) တပ်နယ် စောလားသစ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ကျော်ကေ့ခီး ကျေးရွာ ဇရပ်အနီးမှာ မြေ မြုပ်မိုင်းထောင်ထားခဲ့ပြီး အဲဒီမိုင်းတွေကို KNLA တပ်ဖွဲ့ဝင်တွေက ရှာဖွေဖော်ထုက် တူးဖော်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က KNU က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3G7wkcJ ဝင်ကြည့် လို့ရပါတယ်။

အိုက်တူးဆိုသူရဲ့ ရေးသားမှုကို ကြည့်မယ်ဆိုရင် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တကယ့် အဖြစ်အပျက်ကို အမှန်အတိုင်း ရေးသားထားတာ မဟုတ်ပဲ KNU ရဲ့ ထုတ်ပြန်ချက်ကို ဝါဒဖြန့်ပုံစံမျိုးနဲ့ ပြန်လည် ပြင်ဆင်ရေးသားထား တာ တွေ့ရတဲ့အတွက် သတင်းအမှားတစ်ခု ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကို လည်း တွေ့ရပါတယ်။

ဒီလိုမျိုး ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/ မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ သင့်ပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...