မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် ဂိတ်တွေကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။

မူဆယ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျင်းစန်းကျော့ဂိတ်မှာတော့ ကွန်တိန်နာ စနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်ကာ စတင်မှာဖြစ်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကိုရာဘာ ၂ စီး၊ ဆန်ကွဲ ၂ စီး၊ သီဟိုဠ်စေ့ ၁ စီး စုစုပေါင်း ကွန်တိန်နာ ၅ စီး ပို့လိုက်ပြီး အဝင်၊ အထွက် ကွန်တိန်နာ ၅ လုံး စီ နဲ့ စတင်ပါပြီ။” လို့ မြန်မာဘက်ခြမ်းက ကုန်သည် ၁ ဦးက ပြောပါတယ်။

ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း တွေအနေနဲ့ ကွန်တိန်နာ စနစ်နဲ့ ကုန်ကျစရိတ် ပိုများနေလို့ အဆင်မပြေကြောင်း၊ လက်ရှိ တရုတ်ဘက် ဝမ်တိန်ထဲ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေ ထွက်ခွင့် မရသေးကြောင်း မြန်မာ တရုတ် ကုန်သည်၊ ကုန်ဂိတ်တွေက ပြောပါတယ်။

တစ်နေ့ကို ကွန်တိန်နာ ၅ လုံးသာ လဲလှယ်သည့် စနစ်နဲ့ တင်ပို့၊ တင်သွင်းခွင့်ရကာ အလှည့်ကျ စောင့်ရတဲ့အပြင် ကွင်းဝင်ကြေး ၂ သောင်းကျပ်၊ ပိုးသတ်ခ ၂ သောင်း၊ ရှန်တိန် (ခေါက်တို) ခ ကျပ် ၁ သောင်း၊ ဆေးစစ်ခ ၁ သောင်း စုစုပေါင်း ၆ သောင်းကျပ်၊ ကွန်တိန်နာ ငှားရမ်းခ တရက်ကို ယွမ် ၂၀၀၊ အတင်အချ ယွမ် ၂၀၀၊ ကျင်စမ်းကျော့ဂိတ်အထိ သယ်ယူစရိတ် ယွမ် ၃၈၀၀ စုစုပေါင်း ယွမ် ၄၂၀၀ ထပ်မံကုန်ကျရမှာ ဖြစ်ကြောင်း မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။

ချင်းရွှေဟော်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးတရုတ်ဘက် ပထမဆုံး တင်ပို့တဲ့ကုမ္ပဏီ ဖြစ်တဲ့ လင်ချန်း ကျီစစ်တာ အီးကော်မာစ် ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံဘက်က လက်ဖက်ခြောက်ကား ၂ စီး ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံဘက် စမ်းသပ် တင်ပို့ခဲ့ကာ ကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ အဆိုပါကုမ္ပဏီမှ ကုန်ကား ၂ စီးက မြန်မာဘက် ပြန်ဝင်မှာ ဖြစ်တယ် လို့ဆိုပါတယ်။

တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ ဇူလိုင်လ ၈ ရက်နေ့ ကစ ကျန်းမာရေး သုံး ပစ္စည်းက လွဲပြီး ကျန်ကုန်တွေကို ရက် အကန့်အသတ်မရှိပိတ်ခဲ့ကာ နိုဝင်ဘာ ၂၆ ရက်နေ့မှ ဂိတ်ပေါက် ၂ ခုကို နှစ်နိုင်ငံ တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Most read this week

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...