အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး မော့ကနင်စစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ခံရပြီးသေဆုံး

အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး မော့ကနင်စစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ခံရပြီးသေဆုံး

ရေး-သံဖြူဇရပ်ကားလမ်းမပေါ် ရေးမြို့နယ် မော့ကနင်ရွာအထွက် စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၁၉ ရက် ညဦးပိုင်းအချိန်က ယာဥ်ရပ်နားပေးရန် လုံခြုံရေးတပ်ဖွဲ့တားသည်ကို မကြားသိ၍ မော်တော်ယာဥ်ချက်ချင်းမရပ်နိုင်သဖြင့် သေနတ်ပစ်ခံရပြီး မိသားစုဝင်နှင့်အတူ အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးအောင်ခိုင်၏မိသားစုဝင်တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်သည် မွန်ပြည်နယ်မှအပြန် အဆိုပါစစ်ဆေးရေးဂိတ်ကို ညအချိန်ဂိတ်ဖြတ်သန်းသွားစဥ် သေနတ်ဖြင့်အပစ်ခံရပြီး ဇနီးဖြစ်သူ ဒေါ်ရီရီချို သေဆုံးခဲ့ရခြင်းဖြစ်သည်။

"ကားပေါ်မှာ ကျွန်တော်ရယ်။ ကျွန်တော့အစ်ကိုယ်ရယ်၊ အမေရယ် ၊ နောက်တစ်ယောက်ရယ်ပါတယ်။ အဲ့ဒီဂိတ်ရောက်တော့ မှောင်နေပြီ။ သူတို့က အမှောင်ထဲကတားတယ်။ ယူနီဖောင်းက အောက်ပိုင်းပဲပါတယ်။ တားတော့ တစ်ဘီးနှစ်ဘီးလောက်ကျော်ပြီး ကျွန်တော်တို့က ကားကို လမ်းဘေးကိုချရပ်လိုက်တယ်။ ကားရပ်လို့ အောက်ဆင်းနေတုန်း သေနတ်သံနှစ်ချက် ကြားလိုက်တယ်။ တစ်ချက်က ကားကိုထိတယ်။ တစ်ချက်က အမေ့ကိုထိတယ်"ဟု  သေဆုံးသူအမျိုးသမီး၏ သားဖြစ်သူက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားချိန် ည ၇နာရီခန့်ဖြစ်ပြီး ဒေါ်ရီရီချို၏ ခါးတွင်သေနတ်ကျည်ဆံထိမှန်၍ လမိုင်းဆေးရုံသို့ ပို့ဆောင်စဥ်သေဆုံးခဲ့ကြောင်း သူမ၏သားဖြစ်သူက ဆိုသည်။

သေဆုံးသူ ဒေါ်ရီရီချို၏ ရုပ်အလောင်းအား မအူပင်မြို့ရှိ  ၄င်း၏နေအိမ်သို့ ပြန်လည်သယ်ဆောင် လာပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြန်/ဆက်ဌာန သတင်းထောက် ဦးအောင်ခိုင်နှင့် ဒေါ်ရီရီချိုတို့၏ မိသားစုဝင်တို့သည် မအူပင်မြို့ အမှတ် (၁)ရပ်ကွက်၊ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူများဖြစ်သည်။

မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားစစ်ဆေးဂိတ်များကို ယခုအခါ လုံခြုံရေးအစီအစဥ်တိုးမြှင့်ချထားလိုက်ပြီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများရပ်ရန်တားဆီးသည့်အခါ မောင်းပြေးပါက ပစ်ခတ်အမိန့် သက်ဆိုင်ရာက (လှို့ဝှက်)ခွင့်ပြုထားကြောင်း စုံစမ်းသိရှိရသည်။

Most read this week

November 7, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း ဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ...
November 7, 2024
မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...