မြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန် NLD ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သူများနှင့်တွေ့ဆုံသွားမည်ဟု မစ္စတာဆာဆာကာဝါပြော

မြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန် NLD ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သူများနှင့်တွေ့ဆုံသွားမည်ဟု မစ္စတာဆာဆာကာဝါပြော

လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သည့်ခေါင်းဆောင်များနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏အခြေအနေသည် ရှုပ်ထွေးနေသည့်အခြေအနေတွင်ရှိနေသည့်အတွက် အဆိုပါအခက်အခဲများကို မည်သည့်ပုံစံမျိုးဖြင့်ဆောင်ရွက်လျှင်ကျော်ဖြတ်နိုင်မည်ကို လေ့လာသွားမည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ကသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် မစ္စတာ ဆာဆာကာဝါက ပြောကြားခဲ့သည်။

“ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး အခန်းကဏ္ဍအသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး သူတို့ဆီတွေက ကြားသိရတဲ့စကားတွေကိုလေ့လာပြီး အဲဒီအပေါ်မှာအခြေခံပြီး ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ဆောင်ရွက်သွားမလဲဆိုတာကို လေ့လာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ယင်းနေ့တွင် ရက္ခိုင့်တပ်တော်(AA)ခေါင်းဆောင်များနှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်ကိုသို့ရောက်ရှိလာပြီး စစ်တွေမြို့မှ ဒုက္ခသည်စခန်းများနှင့် စစ်ဘေးရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သလို ရခိုင်အမျိုးသားပါတီ(ANP)နှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မစ္စတာဆာဆာကာဝါနှင့် ရခိုင့်ဦးဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ ရန်ကုန်မြို့တွင်တွေ့ဆုံရန်ရှိကြောင်းလည်း သိရှိရသည်။

မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင် ညှိနှိုင်းပေးခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များမှာ ဖမ်းဆီးခံထားရသည်။

Most read this week

ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
November 8, 2024
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့်...
November 8, 2024
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု...
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...