မင်းတပ်ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ဒုတိယအကြိမ်တပ်စွဲ

မင်းတပ်ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ဒုတိယအကြိမ်တပ်စွဲ

 ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံးဝန်းတွင် ဒုတိယအကြိမ်တပ်စွဲမှုကို မတ် ၁၂ ရက်က ပြန်လည်လုပ်ခဲ့ကြောင်း သိရသည်။

 

“အဲဒီဆေးရုံကြီးမှာပဲ ကျွန်တော်တို့ ဆန္ဒပြမှာ အဲဒီမှာတောင်းဆိုမယ်။ တဖက်မှာလည်းညှိုနှိုင်းမယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တပ်မစွဲစေချင်ဘူး ကျနော်တို့ ထိုင်သပိတ်နေရာလို့ ကျနော်လူခေါ်ထားတယ်လူတွေရောက်လာပြီ အဲဒီကနေ အင်အားကို အခြေအနေကြည့်ပြီးတော့ ကျနော်တို့သွားမယ် ဆေးရုံရှေ့ကိုသွားမယ်လို့ စီစဉ်ထားတယ် ဒါပေမဲ့ ကျနော်တို့အားလုံး ဆွေးနွေးရအုံးမယ် မဆုံးဖြတ်ရသေးဘူး” ဟု မင်းတပ်မြို့မှ အရပ်ဘက်အဖွဲ့အစည်း ဦးဆောင်သူတစ်ဦးကပြောသည်။

 

ပြီးခဲ့သည့် မတ် ၈ ရက် မွန်းလွဲပိုင်း တစ်နာရီခန့်ကလည်း မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ခြေကုပ်ယူတပ်စွဲရန် ပထမအကြီကြိုးစားခဲ့သော်လည်း ပြည်သူလူထုမှ သွားရောက်ဆန့်ကျင် ကန့်ကွက်မောင်းထုတ်ခဲ့ ကြပြီးဖြစ်သည်။

 

ယခု ဒုတိယအကြိမ်တွင်လည်း မင်းတပ်ပြည်သူလူထုမှ သပိတ်စစ်ကြောင်းနှင့်အတူ ပြန်လည်မောင်းထုတ်ရန် စီစဉ်ထားကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...