ချင်းပြည်နယ် ၅ မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

ချင်းပြည်နယ် ၅ မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

လားနွန် - အိန္ဒိယအစိုးရက လှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး(Covishield) ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း (ရး၃၀) နာရီမှ စတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၅ မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများထံ ထိုးနှံပေး နေပြီဟု ချင်းပြည်နယ် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာအောင်ငွေစံကပြောသည်။

“ကျနော်တို့ ချင်းပြည်နယ် (၅) မြို့နယ်မှာစထိုးပါတယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်က ဝန်ထမ်းတွေကိုထိုးပါတယ် ထိုးနေဆဲကာလဖြစ်ပါတယ် ဘယ်နှစ်ယောက်ထိုးလဲဆိုတာတော့ စာရင်းတွေေ တာ့မတက်သေးဘူး ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်နိုင်တင်းသံသယလူနာတွေရော ကိုဗစ်နိုင်တင်း Positive လူနာတွေရော ကိုဗစ်နိုင်တင်းဖြစ်နိုင်ချေရှိုတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ အစောဆုံးထိတွေ့ပြီးတော့ စောင့်ရှောက်မှုပေးနေရတဲ့သူတွေ ကုသမှုပေးနေရတဲ့သူတွေဖြစ်ပါတယ် အဲဒီတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အန္တရာယ်ကင်းရှင်းမှုသည် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုအတွက် အများကြီး အထောက်အကူဖြစ်မှာဖြစ်ပါတယ် ဒီလိုအနေအထားကို သုံးသပ်ပြီးတော့ ဗဟိုကော်မတီကနေပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ တကယ့်စေတနာနဲ့လုပ်နေတဲ့သူတွေကို ပထမဦးစွာထိုးနှံပေးဖို့ ဗဟိုကော်မတီကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာအောင်ငွေစံကပြောသည်။

ယနေ့စတင်ထိုးနှံသည့် မြို့နယ် ၅ မြို့နယ်မှာ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန် နှင့် တွန်းဇံမြို့ နယ်တို့ဖြစ်ကြသည်။

ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်၊ ကန်ပလက်၊ မတူပီနှင့် ပလက်ဝမြို့နယ်အတွက် ကိုဗစ်ကာကွယ် ဆေးသည်လည်း ပခုက္ကူမြို့သို့ ရောက်ရှိပြီဖြစ်ကာ မင်းတပ်မြို့မှတာဝန်ရှိသူများက ထုတ်ယူနေဆဲဖြစ်ကြောင်း ဒေါက်တာ အောင်ငွေစံကဆက်ပြောသည်။

ချင်းပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ထမ်းများအတွက် ကိုဗစ်ကာကွယ်ဆေးခွဲတမ်း (၃) ထောင်နီးပါးစာရရှိပြီး

ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများထဲတွင် ဆေးမတည့်သည့်လက္ခဏာပုံစံမတွေ့ရသေးကြောင်း သိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အသက် (၁၈) နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် စမ်းသပ်ထားခြင်းမရှိ သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာထိုးနှံခွင့်ရှိမည်ဖြစ်ပြီး ကိုယ်ဝန်လွယ်ထားသူများအား ကာကွယ်ဆေး ထိုးနှံပေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသည့် အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အောက်စဖို့တက္ကသိုလ် အက်စထရာဇန်န ကာ ကုမ္ပဏီနှင့် ကမ႓ာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ (Serum Institute) တို့ ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။

Photo Crd: Falam IPRD

Most read this week

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...