တပ်မတော်ရဲ့ သဘောထားအမြင်ထုတ်ပြန်ခြင်းဆိုတဲ့ သတင်းအမှား

တပ်မတော်ရဲ့ သဘောထားအမြင်ထုတ်ပြန်ခြင်းဆိုတဲ့ သတင်းအမှား
by -
KMG

နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့ သတင်းအမှားတက်လာပြီးနောက် တပ်မတော်ရဲ့ သဘောထားအမြင်ထုတ်ပြန်ခြင်းဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ တန်ပြန်သတင်းအမှားတစ်ပုဒ်ဟာ မြန်မာပြည်သားအကောင့်ကနေ ဒီဇင်ဘာ (၂) က ရေးသားတင်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီသတင်းအမှားမှာ “တပ်မတော်က နိုင်ငံတော်အဆင့်လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် UEC ကို လိုအပ်သောစာရွက်စာတမ်းများတောင်းဆိုရာတွင် UEC က ဒါဟာ တပ်မတော်နဲ့မဆိုင်တဲ့ကိစ္စဖြစ်နေတယ်လို့ ပြောကြာထားခြင်းအပေါ် တပ်ဘက်က တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့အခြေခံဥပဒေမှာပါသည့်အတိုင်း လိုအပ်ပါက နိုင်ငံတော်လုံခြုံရေး အများပြည်သူရဲ့သဘောထား၊ ယနေ့ဖြစ်ပေါ်နေတဲ့ တရားမျှတတဲ့ရွေးကောက်ပွဲရလာဒ်ဖြစ်ပေါ်စေရန် ပြည်သူတွေရဲ့သင်္ကမကင်းဖြစ်နေတဲ့ ရွေးကောက်ပွဲရဲ့ မဲစရင်းတွေအား ပြန်လည်စိစစ်ပေးနိုင်ရန် UEC ကို အကူညီတောင်းခံနေတာဖြစ်ကြောင်း - ၎င်းကိစ္စအား အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေမယ်ဆိုရင် တပ်ဘက်က ဥပဒေဘောင်အတွင်းက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးသို့ တပ်မတော်သဘောထားအမြင် ထုတ်ပြန်လိုက်ကြောင်းသိရ” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တရားဝင် Page မှာ နိုဝင်ဘာ (၃၀) ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပေးမယ့် မြန်မာပြည်သားအကောင့်ကနေရေးသားထားတဲ့ အချက်တွေ ပါဝင်တာမတွေ့ရလို့ ဒီသတင်းက အချက်အလက်မှားတွေကို သတင်းထုတ်ပြန်ချက်လို အသွင်ယူပြီးဖြန့်နေတဲ့ သတင်းမှားတစ်ပုဒ်သာဖြစ်ပါတယ်။ 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အမှန်တကယ်ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်သမ္မတအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ညီညွှတ်စေရေး၊ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေး လိုအပ်သလို ကြပ်မတ်ထိန်းကျောင်းသင့်တယ်… စသဖြင့် ရေးသားထားတာဖြစ်ပါတယ်။

အသေးစိတ်အချက်လက်များကို ဒီ Link မှာ https://www.facebook.com/TatmadawInformationTeam/posts/195320385544931 ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

သတင်းအမှားမှာဖော်ပြထားတဲ့ အချက်တွေဖြစ်တဲ့ တပ်မတော်က တရားမျှတဲ့ ရွေးကောက်ပွဲရလဒ်ပေါ်ပေါက်ဖို့ UEC ကို တွန်းအားပေးနေပြီး ရှောင်လွှဲမယ်ဆိုရင် ဥပေဒေဘောင်အတွင်းက အရေးယူဆောင်ရွက်သွားမယ်လို ပြောဆိုထားတဲ့အချက်တွေ တစ်ချက်မှမပါဝင်တာကို တွေ့နိုင်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့မှုတွေများနေပြီး အခုလို သတင်းအမှားတစ်ပုဒ်ပေါ်အခြေခံပြီး တန်ပြန်သတင်းအမှားတွေ ထပ်မံပြန့်နှံ့လာတာကလဲ လူထုကို ထင်ယောင်ထင်မှားဖြစ်စေပါတယ်။

ဒါကြောင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားတွေကိုမယုံကြည်ဘဲ၊ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းတွေကိုသာ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်...

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...