KIA၊ SSPP တို့ရဲ့အကူအညီနဲ့ SNLD မဲဆွယ်တယ်ဆိုတဲ့ သတင်းအမှား

KIA၊ SSPP တို့ရဲ့အကူအညီနဲ့ SNLD မဲဆွယ်တယ်ဆိုတဲ့ သတင်းအမှား
by -
NMG

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်ပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ KIA၊ SSPP တို့ရဲ့အကူအညီနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားကို Kone Khay Tai ဆိုတဲ့ အကောင့်ကနေ နိုဝင်ဘာလ ၁၁ ရက် နေ့လည် ၂ နာရီ ၃၃ မိ နစ်က တင်ခဲ့တဲ့ပုံတွေထဲမှာ တွေ့ရပါတယ်။

ဒါအပြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရာမှာလည်း KIA က ကချင်စာပေယဉ်ကျေးမှုကနေတစ်ဆင့် SNLD အတွက် မဲဆွယ်စည်းရုံးခဲ့သလို SNLD ကိုယ်တိုင်ကလည်း ရှမ်းစာပေယဉ်ကျေးမှုနှင့် SSPP တို့ရဲ့ အကူအညီနဲ့ မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုလည်း ဓာတ်ပုံထဲရှိ စာတွေရဲ့ အရေးအသားအရ တွေ့ရပါတယ်။

Kone Khay Tai ဆိုသူ အကောင့်ပိုင်ရှင် တင်ထားတဲ့ ဓာတ်ပုံ ၁၁ ပုံရဲ့ အညွန်းမှာ ဘာရေးထား သလဲဆို တော့ ရိုးရိုးသားသားနဲ့ လုပ်ကြပါ။ ရှမ်းအမျိုးကိုချစ်ရင် လျစ်လျူမရှု့ကြပါနဲ့ လက်စသတ်တော့ ဒီလိုကိုး SNLD ပါတီ ကျားခေါင်းပါတီ ရှမ်းပြည်သူလူထု ရှမ်းလူမျိုးရေးအပေါ် ရိုးသားမှု မရှိပြီ တပ်ပေါင်းစုနဲ့ ဆက် နွယ်ပြီး စည်းရုံးရေး မူဝါဒ အမြင်များဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။(မူရင်းအရေးအသားအတိုင်း ဖြစ်သည်။)

အဆိုပါ ရေးသားချက်ဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း များကို အမြင်မှားအောင် စွတ်စွဲထားတဲ့ ရေးသား ချက်တစ်ခုသာ ဖြစ်တယ်လို့ ရှမ်းပြည်တိုး တက်ရေးပါတီ SSPP က ပြောရေးဆိုခွင့်သူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

ဗိုလ်မှူစိုင်းဖုန်းဟန်က “မဟုတ်ပါဘူးဗျား။ ဒါက စွတ်စွဲချက်တစ်ခု အနေနဲ့ သူတို့ တင်ထားတာပါ။ ကျနော်တို့ အပေါ် နည်းနည်း အမြင်စောင်း အောင်လုပ်တဲ့ ဝါဒဖြန့်မှုပေါ့လေ ဒါက အခြေအမြစ်လုံးဝမရှိတဲ့ စွတ်စွဲချက် တွေဆိုတာက ကျ နော်တို့ အဖွဲ့အစည်း ဂုဏ်သိက္ခာကို တမင်တကာ ညိုးနွမ်းအောင်လုပ်တဲ့ လုပ်ရပ်တစ်ခုပဲ ကျနော်တို့ သုံးသပ်ချက်ပေးချင်ပါတယ်။” လို့ပြောပါတယ်။

ဒါ့အပြင် အခြားအဖွဲ့အစည်းတွေကိုလည်း ပြည်သူတွေ အထင်အမြင်မှားအောင် သတင်းအမှားရေးသား သူတွေက ရေးတင်နေတဲ့ ပုံစံမျိုးတွေလည်း ရှိတယ်လို့ ဆက်ပြောပါတယ်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “ဒါက ကျနော်တို့ အဖွဲ့အစည်း ရယ်လို့ တစ်ခုတည်း မဟုတ်ပါဘူး တစ်ခြား အဖွဲ့ အ စည်းလည်း ဒါမျိုး ညိုးပြီးတော့ စွတ်စွဲခံရတာရှိပါတယ်။ ဒါက ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ တစ်ခြား ပါတီ တွေပေါ့နော အမြင်မစောင်းအောင် ဒါ ကျနော်တို့က အမှန်တရား ဆိုတာက ပြည်သူလူ ထုထဲမှာပဲ ရှိပါတယ်။ ဒါက ကျနော်တို့က လုံးဝမလုပ်ပါဘူး ဆိုတဲ့ဟာကို ကျနော်တို့ ပြန်ပြီးတော့ ဖြေကြားချင် ပါတယ် ခင်ဗျား။” လို့ပြောပါတယ်။

SSPP အနေနဲ့ ဘယ်ပါတီကို မဲပေးပါ၊ ဘယ်ပုဂ္ဂိုလ်ကို မဲထည့်ပါဆိုတဲ့ ပြည်သူတွေအပေါ် ညွှန်ကြားအကြံပြုတဲ့ပုံစံမျိုး ရွေးကောက်ပွဲ တောက်လျှောက်မရှိခဲ့ဘူးလိုဆိုပါတယ်။

ဒါအပြင် KIA အနေနဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကဖြစ်လာတဲ့ ရွေးကောက်ပွဲကို လက်မခံသော်လည်း ရွေး ကောက်ပွဲကို ဝင်ရောက်စွတ်ဖက် နှောက်ယှက်မှာ မဟုတ်ဘူးလို့ ရွေးကောက် ပွဲမတိုင်ခင် ပါတီတွေရဲ့ မဲဆွယ်စည်း ရုံးစဉ်ကာလမှာ သတင်းမီဒီယာများကို ပြောဆိုထားပါတယ်။

KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရွေးကောက်ပွဲကို မနှောက်ယှက်ကြောင်း Kachin News Group ကို ပြောဆိုထားတဲ့ သတင်း https://bit.ly/32QEYeA မှာတွေ့နိုင်ပါတယ်။

သတင်းအချက်အလက်များပါတဲ့ Kone Khay Tai ဆိုသူ ရေးတင်ထားတဲ့ စာနဲ့ဓာတ်ပုံများကို ကြိုက်နှစ် သက်သူ ၉၁ ဦး၊ ထပ်ဆင့်ဖြန့်ဝေသူ ၆၂ ဦးနှင့် Comment ရေးသားသူ ၁၆ ဦးအထိ ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ ပါတီနှင့်သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပဋိပက္ခအသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန့်ရက်ပေါ်မှာ သတင်းဖတ်သူများအနေနဲ့ သတင်းတစ်ခုကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/ အမှန်လားဆိုတာကို သေချာစီစစ်ပြီးမှသာ ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုက်ရပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...