ကရင်တို့သာ ပုံဖော်ပေးရမည့် ကရင်ပါတီများ

ကရင်တို့သာ ပုံဖော်ပေးရမည့် ကရင်ပါတီများ

ကုန်လွန်ခဲ့သည့် ဇွန်လအတွင်း ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းတွင် လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ လျာထား၊ ရွေးချယ်ရေး သတင်းများ လွှမ်းမိုးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးလုပ်ဆောင်နေစေကာမူ ယခုနှစ်တွင် ကျင်းပချိန်နီးကပ်လာပြီးဖြစ်သည့် အထွေထွေရွေးကောက်ပွဲအတွက်  ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအသီးသီးတို့က ပြင်ဆင်နေကြသည်ကို တွေ့မြင်ကြားသိနေရသည်။

ဇွန်လ ၂၆ရက်နေ့ကလည်း ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ဆိုင်  ရာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ယခုအချိန်သည် ကြီး/ငယ် မရွေးသော နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို မှန်ကန်စွာ ရွေးချယ်၊ အတည်ပြုရေး လုပ်ဆောင်မှုများမှာ ကရင့်နိုင်ငံရေးပါတီ အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုများရှိခဲ့သည်။

ဥပမာအားဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နော်အုန်းလှ ရွေးကောက်ပွဲဝင်မည့်အပေါ် အားပေးမှု များအပြင် ဝေဖန်သံမျိုးစုံထွက်လာသည်။ သူမအနေဖြင့် ကရင်ပါတီများထက် ယခင်ကတည်းက ရေရှည် လက်တွဲခဲ့ သူများနှင့်အတူ ရပ်တည်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သဘောမျိုးဟု ယူဆရသည်။ သို့သော် ကရင်  နိုင်ငံရေးပါတီများ အနိုင်ရရှိရန် ဝန်းရံပေးမည့် လူငယ်များလည်းရှိနေသကဲ့သို့ နိုင်ငံရေး စိတ်အားသန်ပြီး အလားအ လာရှိသော ကရင်လူငယ်အချို့က ကရင်ပါတီမဟုတ်သည့် အခြားပါတီများနှင့် လုပ်ဆောင်သွားမည့် အနေအထား လည်း ရှိသည်။

ဤသို့ဖြစ်ရခြင်းမှာ ကရင်ပါတီများ၏ စည်းရုံးရေး အားနည်းခြင်းကြောင့်လား။ သို့တည်းမဟုတ် မည်သည့်အတွက်  ကြောင့် ဖြစ်သည်ကို သက်ဆိုင်ရာ ပါတီတာဝန်ရှိသူ ခေါင်းဆောင်များအပြင် ကရင်လူမှုအသိုင်းအဝိုင်းကလည်း ဆန်းစစ်ကြရန် လိုသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ပြောင်းရေး အစပြုခဲ့သည့် ၂၀၁၀ပြည့်နှစ်မှစ၍ နိုင်ငံ  ရေးပါတီများစွာ ပိုမိုပေါ်ထွက်လာပြီး တိုင်းရင်းသားများကလည်း မိမိတို့လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ များကို အသီးသီးတည်ထောင်လာကြသည်။ ထိုအထဲတွင် ကရင်လူမျိုးများအရေး ကြိုးပမ်းဆောင်ရွက်မည့် ကရင် ပါတီများ ပေါ်ပေါက်လာသည်မှာ အားလုံးအသိ ဖြစ်သည်။

တိုင်းရင်းသားများစုပေါင်းနေထိုင်သည့် နိုင်ငံတွင် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများ ရှိသင့်သည်မှာ ငြင်းဆန်စရာ မလိုသည့် လုပ်ရပ်တစ်ခုပင် ဖြစ်သည်။ လူဦးရေ အများဆုံးစာရင်းဝင်သည့် ကရင်လူမျိုးများအတွက် ကရင်ပါတီများ ရှိရန်လိုသည်။ အခြားတိုင်းရင်းသားများနည်းတူ ကရင်ပြည်သူများအနေဖြင့် မိမိတို့၏ အခြေခံ ရပိုင်ခွင့်၊ အခွင့်အရေး၊  စာပေ၊ ယဉ်ကျေးမှု အပါအဝင် ကဏ္ဍစုံ ဖွံ့ဖြိုးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်အတွက် ရှေ့တွင် မားမား မတ်မတ်ရပ်တည်ပေးမည့် သွေးရင်းသားရင်း ကရင်ပါတီများရှိရန်လိုသည်။ မိမိတို့တန်ဖိုးထားသည့် ကရင်အမျိုးသား  အလံတော်၊ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကရင်အမျိုးသားသီချင်းများ တရားဝင် အသိအမှတ်ပြုနိုင်အောင်  ကရင် လွှတ်တော်အမတ်များက ဦးဆောင်ကြိုးပမ်းခဲ့သည်မှာ ကရင့်သမိုင်းကြောင်းတွင် အထင်အရှားတွေ့နိုင်သည်။

ကရင်ပါတီများကို လေ့လာကြည့်လျှင် အလယ်အလတ် လမ်းစဉ်မူဝါဒရှိသည့် ပါတီများရှိသလို ရပ်တည်ချက် ခိုင်ခိုင် မာမာ ချမှတ်ထားသည့် ပါတီများလည်းရှိသည်။ ဦးဆောင်သူများတွင်လည်း စီမံခန့်ခွဲရေး အတွေ့အကြုံရှိသူများရှိသ လို နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဖက်ဖက်ကို သိနားလည် ဖြတ်သန်းလာကြသူများလည်း ပါဝင်နေသည်။

ကရင်ပါတီများ အင်အားနည်းသည်ဟုဆိုကာ အခြားပါတီကြီးများကိုယ်စားပြုပြီး ကရင့်အရေး လုပ်ဆောင်မည်မှာ တကယ့်လက်တွေ့တွင် ဖြစ်နိုင်ခြေရှိမရှိ မျက်မှောက်ပကတိ အခြေအနေများနှင့် ဆန်းစစ်နိုင်ရန် တိုက်တွန်းလိုသည်။ ကရင်ပါတီများသည် တစ်ပါတီမက ရှိသော်လည်း ကရင်ပြည်နယ် အခြေစိုက်နှင့် ပြည်နယ်ပြင်ပ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး စသည်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထို့အတွက် မဲဆန္ဒနယ်မြေမထပ်ဘဲ မဲပြား မပြန့်သွားစေရန် တစ်နည်းတစ်လမ်းဖြင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြသည်။

ပါတီများ၏ မူဝါဒများ အားနည်းလျှင် မဲဆန္ဒရှင်များကြသည့် ကရင်ပြည်သူများက တည့်မတ်ပေးရန်လိုသလို မူဝါဒ ခိုင်မာသည့်ပါတီများကိုမူ အင်အားကောင်းရန် ဝန်းရံရမည်သာဖြစ်သည်။ အလားတူ ကရင်ပါတီများကလည်း မိမိ လူမျိုးများရှေ့ရေးအတွက် ရပ်တည်သွားနိုင်ရန် ကောင်းမွန်သောမူဝါဒ၊ ပြည်သူ့ကိုယ်စားပြုသော ကိုယ်စားလှယ်  လောင်းများနှင့်အတူ ရဲဝံ့ခိုင်ကျည်စွာ ရပ်တည်လုပ်ဆောင်ပြရင်း ကရင်တစ်မျိုးသားလုံး၏ အနာဂတ်ကို ကရင်ပါတီ  နှင့် ကရင်ပြည်သူ အပြန်အလှန် ပုံဖော်တည်ဆောက်သွားရန် တိုက်တွန်းလိုပါသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...