ငြိမ်းချမ်းရေးလေ့လာသူ လူမှုအသင်းအဖွဲ့ အသံတချို့

ငြိမ်းချမ်းရေးလေ့လာသူ လူမှုအသင်းအဖွဲ့ အသံတချို့

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လို ရှိနေလဲ။  အဲဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။

~~~

ကိုကျော်ထင်အောင်

(LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဋ္ဌ )

ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစု ပင်လုံလို အခမ်းအနားကြီး ကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာ ပါနေရတာကို တွေ့ရတယ်။ ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး၊ အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်မှုတွေ မတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ သိသာလောက်တဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုကတော့ လွှတ်တော်ပိုင်းကနေ မရဘူးလို့ပဲ ကျတော်တို့က သုံးသပ်ရပါတယ်။ အစိုးရပိုင်းနဲ့ တပ်ပိုင်းကသာလျှင် ပိုပြီးတော့မှ သွားနေတာဖြစ်သလို လက်ရှိတစ်စုံလုံးမှာဆိုလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီးခင်ဇော်ဦးကနေပဲ ဦးဆောင်ပြီးတော့မှ လွှတ်တော်ပိုင်းဆိုင်ရာတွေက အိမ်အဖြစ်အနေနဲ့ ပါတယ် ဆိုတာမျိုးကို ကျတော်တို့ တွေ့ရတယ်။ ပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ပြည်နယ်မှာကို လွှတ်တော်ပိုင်းကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သီးသန့် ဆောင်ရွက်ခွင့် ပေးထားတာမျိုး မရှိပါဘူး။လက်ရှိ NCA လက်မှတ် ရေးထိုးရေး ကြိုးပမ်းနေတဲ့ KNPP နဲ့ တွေ့ဆုံတဲ့နေရာတွေမှာ 3 + 3 ဆိုတဲ့ အထဲမှာလည်း အလုပ်မဖြစ်ဘူး။တွေ့ရမယ့်အထဲမှာလည်း အစိုးရအဖွဲ့ပဲ ပါပြီးတော့မှ တရားဝင် လွှတ်တော်ထဲကနေ မပါတဲ့အတွက်ကြောင့်မို့လို့ ပြည်နယ်အဆင့်မှာကော ပြည်ထောင်စုအဆင့်မှာကော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုအခန်းကဏ္ဍကတော့ ပွဲတက်အဆင့်လောက်ပဲ ရှိတယ်လို့ သုံးသပ်ပါတယ်။

~~~



ဦးဗညား

(ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ)



NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ကျတော်တို့က အရမ်း မျှော်လင့်တယ်ပေါ့။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကနေ ပြည်နယ်မှာ ရှိနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူထုတွေရဲ့အသံကို ထင်ဟပ်နိုင်မယ့် ယန္တရားတစ်ခုပေါ့။ မဟုတ်ရင်လည်း လွှတ်တော်အမတ်တစ်ဦးချင်းဆီကနေ အများကြီးလုပ်နိုင်မယ်လို့ ကျတော်တို့က အများကြီး မျှော်လင့်ခဲ့တယ်။ တကယ်လက်တွေ့ကတော့ လေးနှစ်အတွင်းမှာ သိသိသာသာ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးတာ အထူးပြုပြီးတော့ပေါ့နော၊ လုံးဝမရှိဘူးလို့ ကျတော်တို့ မြင်လို့ ရတယ်။ သို့ပေမယ့်လည်း အရင်နှစ်ထဲမှာပဲ လွှတ်တော်ရေးရာအောက်မှာ ငြိမ်းချမ်းရေးဆိုင်ရာကော်မတီတစ်ခုတော့ ဖွဲ့စည်းခဲ့တယ်။ အောင်မြင်အောင် ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီက မှတ်ချက်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်တင်ခဲ့အချိန်မှာ အဆင်မပြေဘူး။ လုပ်ပါ၊ ဆက်လုပ်ပါ၊ မဟုတ်ရင် မလုပ်နဲ့ ဆိုပြီးတော့ ယတိပြတ် မှတ်ချက်မရလာဘူး။ အဲဒီအတွက်ကြောင့်မို့လို့ လွှတ်တော်တစ်ဦးချင်းစီနဲ့ မလုပ်နိုင်ဘူး။ လွှတ်တော်တစ်ခုလုံးအနေနဲ့ ဒီကော်မတီကို ကြိုးစားပြီးတော့မှ အေးချမ်းသာယာရေးကို စောင့်ကြည့်ဖို့တော့ ဖွဲ့နိုင်တယ်။ ဒါပေမယ့် အသက်ဝင်လှုပ်ရှားမှုက လုံးဝ မရှိဘူး။ အဲဒါကြောင့်မို့လို့ ကျတော်တို့ပြောနိုင်တာ လေးနှစ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီဖြစ်စေ၊ ကယားပြည်နယ်လွှတ်တော်ဖြစ်စေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လုံးဝမလုပ်ပေးနိုင်ခဲ့ဘူးဆိုတာ မှတ်ချက် ကနဦး ပေးချင်ပါတယ်။

~~~



စောကျော်နီမင်း

(တက်ကြွလှုပ်ရှားလူငယ်)



လွှတ်တော်သက်တမ်းကတော့ လွန်ခဲ့သော ၂၀ရက်နေ့မှာ လေးနှစ် ပြည့်သွားတယ်ပေါ့နော။ လေးနှစ်အတောအတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျတော်တို့ ကြည့်မယ်ဆိုရင် ရှေ့လည်းမတိုးဘူးပုံစံမျိုး။ ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ် တစ်လဲလဲဖြစ်ပြီးတော့မှ တချို့သော နေရာတွေမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်၊ RCSS ပဲဖြစ်ဖြစ် လက်ရှိအကြီးအကျယ် ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသမှာ ဖြစ်နေတယ်၊ တွေ့နေရတယ်ပေါ့။ အဓိကကတော့ အစိုးရမှာတော့ အစိုးရရှိမယ်၊ လွှတ်တော်ရှိမယ်ပေါ့နော။ ဥပဒေပြုရေးရှိမယ်၊ အုပ်ချုပ်ရေးရှိမယ်ဆိုတဲ့ဟာမျိုး၊ ဥပဒေပြုရေးမှာတော့ လွှတ်တော်ရှိမယ်ပေါ့နော။ အဓိကကတော့ လွှတ်တော်အခန်းကဏ္ဍမှာ ကျတော်မြင်တာကတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တော်တော်များများက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ဟာဖြစ်တယ်ပေါ့နော၊ ဆိုတော့ လွှတ်တော်ထဲ ရောက်သွားတဲ့ လွှတ်တော်အမတ်တွေကော ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လောက်များ စိတ်ဝင်စားမှုရှိနေလဲ၊ ဘယ်လောက် နားလည်လဲဆိုတာမျိုး မေးခွန်းထုတ်ဖို့တော့ လိုတယ်။ ဆိုတော့ လေးနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ သုံးသပ်ရရင်တော့၊ သေချာတယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တာ အားနည်းတယ်လို့ ပြောရမလား၊ နားမလည်ဘူးလို့ပဲပြောရမလား။ ဒီအပေါ်မှာ စိတ်မဝင်စားဘူးလို့ပဲ ပြောရမလားပေါ့။

~~~



ခူးထဲဘူး

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)



NLD က အနိုင်ရပါတီလည်း ဖြစ်တယ်၊ အစိုးရဖွဲ့နိုင်တဲ့ အဖွဲ့အစည်းဖြစ်တော့ လူထုကလည်း သူ့ကို ရွေးကောက်တင်မြှောက်လို့ပဲ ဖြစ်လာတယ်ပေါ့။ ဆိုတော့ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့က အဓိကလူတွေပဲဖြစ်တယ်၊ ဆိုတော့ သူတို့ကပြောရမယ်ပေါ့။ ဦးဆောင်ရမှာ။ သို့သော် ဦးဆောင်နေတာက တကယ်တမ်း အခြေခံအချက်အလက်သမိုင်းကြောင်း သေချာလေ့လာပြီးမှ သူတို့ ဦးဆောင်ဖို့တော့ လိုမယ်။ သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်လို့တော့ မရဘူးလို့ ကျတော် ထင်တယ်လေ။ ဆိုလိုတာ ဘယ်လိုဖြစ်သင့်သလဲ၊ တကယ်ဖြစ်စဉ်က ကရင်နီပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုရှိခဲ့သလဲ၊ ကရင်နီ ပြည်သူပြည်သားရဲ့ ရိုးရာဓလေ့ထုံးတမ်း၊ ယုံကြည်မှု၊ ကိုးကွယ်မှု၊ နိုင်ငံရေးအစဉ်အလာ ဘယ်လိုရှိခဲ့သလဲ။ အဲဒီအပေါ်မှာ အခြေခံပြီး သူတို့က တကယ် ကိုက်ညီတဲ့ဟာ ဆောင်ရွက်သွားဖို့ လိုတယ်။ တကယ် ပြောဖို့လည်း လိုတယ်။ ကျတော်ထင်တာက သူတို့က အဲလောက်ထိ စဉ်းစားလား၊ မစဉ်းစားဘူးလား ကျတော်မပြောတတ်ဘူး။ အမှန်တော့ တာဝန်အရှိဆုံးက သူတို့ပဲ။

November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ...
November 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...