စည်းလုံးညီညွတ်မှုဖြင့် ခရီးဆက်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများ

စည်းလုံးညီညွတ်မှုဖြင့် ခရီးဆက်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများ
by -
ကေအိုင်စီ
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်မှ ၂၀ရက်နေ့အထိ ကရင်လူမျိုးတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင် ပြည်နယ်၊ ဖားအံမြို့၌ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်။ ကရင့်ဘာသာရေးခေါင်းဆောင်များ၊ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်မောင်မယ်များ၊ စာပေ/အနုပညာရှင်များ၊ စသဖြင့် နယ်ပယ်စုံမှ ကရင်လူမျိုးများနှင့် အစိုးရ၏ အဆင့်ဆင့်သော တာဝန်ရှိသူများ အပါအဝင် လူပရိဿတ် ၆၀၀ကျော် ပါ၀င် တက်ရောက်ခဲ့ကြသည်မှာ မိမိတို့ စုစည်းညီညွတ်မှုကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် စည်းလုံးညီညွတ်မှုနှင့် လူတဦးချင်းစီတွင်ရှိသည့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို ခွဲခြားမြင်တတ်ရန်လိုသည်။ နယ်ပယ်စုံမှ ရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် တဦးနှင့်တဦး အမြင်မတူမူများရှိသည်မှာ လောကဓမ္မ တာပင်ဖြစ်သည်။ ဒီမိုကရေစီတွင် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသော်လည်း ဘုံအကျိုးစီးပွားအတွက်မူ တဦး၏အမြင်သ ဘောထားကို အခြားသူများက လေးစားခြင်း၊ ညီညွတ်စွာ ညှိနှိုင်းတိုင်ပင်၊ ဆုံးဖြတ်နိုင်ခြင်းသည် စည်းလုံးညီညွတ်မှု၏ အနှစ်သာ ရပင် ဖြစ်သည်။

လူမျိုးအလိုက် ဆွေးနွေးပွဲတွင် ကရင်အမျိုးသား၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍ ကြီး (၄)ရပ်၏စာတမ်းမူကြမ်းကို် ဆွေးနွေးဖြည့်စွက် အတည်ပြုခဲ့ကြပြီး ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးမှုများ ဆက် လက် ဆောင်ရွက်ကာ ဒုတိယအကြိမ် ထပ်မံ ပြုလုပ်မည့် (၂၁)ရာစု ပြည်ထောင်စုညီလာခံသို့ တင်ပြသွားမည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ထိုနေရာတွင် သတိပြုရမည်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ တန်းတူညီမျှ အခွင့်အ ရေးအတွက် ယခု နိုင်ငံရေးဆွေးနွေးပွဲသည် လှေခါးတစ်ခု၏ အောက်ဆုံးအထစ် အစခြေလှမ်းမျှသာဖြစ်ရာ တိုင်းရင်းသားအား လုံး ညီညီညွတ်ညွတ်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လျှောက်လှမ်းရပေဦးမည်။

အမှန်စင်စစ် လွတ်လပ်ရေးရပြီးစအချိန်တွင် တိုင်းရင်းသားညီအစ်ကိုများ တန်းတူညီမျှ အခွင့်အရေး မရရှိခဲ့ခြင်း၊ နိုင်ငံ့အရေးအ ရာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခဲ့ကြခြင်းကြောင့် ပြည်တွင်းစစ်မှာ ယခုအချိန်ထိ ဖြစ်ပွားနေခဲ့ရခြင်းဖြစ်သည်။ ၂၀၁၅ခုနှစ်တွင် ပြည်တွင်းစစ် ရပ်စဲရေး ကနဦးခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်-NCA ကို တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့ ၈ဖွဲဲ့က စတင် လက်မှတ်ထိုးခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ယခုလို နေရာဒေသအချို့တွင် လူမျိုးအ လိုက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ပြီးဖြစ်သော်လည်း အားလုံးနှင့် အသင့်တော်ဆုံး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ မူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရှိစေရေးအတွက် အချိန်ယူကာ သတိကြီးစွာဖြင့် အပြန်အလှန် လေးစားမှု၊ စေတနာမှန်ကန်စွာ၊ တိုင်းပြည်တစ်ခုလုံး၏ အနာဂတ်ကောင်းကျိုးကို မျှော်ကိုးလုပ်ဆောင်သင့်သလို အဓိကနှင့် သာမညကို လည်း ခွဲခြားလုပ်ဆောင်တတ်ဖို့လည်း လိုသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ဆက်စွဲကိုင်ထားသလို NLD အစိုးရအ နေဖြင့်လည်း ထိုဖွဲ့စည်းပုံအရသာ အုပ်ချုပ်နေခြင်းဖြစ်ရာ တပ်မတော်အပေါ် မည်မျှ သြဇာလွှမ်းမိုးနိုင်သည်၊ မည်မျှ ပူးပေါင်းညှိ နှိုင်းလုပ်ဆောင်နိုင်သည်ကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးပေ။ အလားတူ NCA တွင် မပါဝင်သေးသည့် တိုင်းရင်းသားများအ နေဖြင့်လည်း အစိုးရသစ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လိုက်ပါလုပ်ဆောင်ရန် စောင့်ကြည့်နေဆဲဖြစ်ကာ ငြိမ်းချမ်းရေးခရီးလမ်း မှာ ရှည်လျားစွာ ကျန်နေသေးသော အခြေအနေတွင်သာ ရှိနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။

ဖားအံ၊ နိုင်ငံရေးဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွင် နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်ခွင့်ရရှိရေးအတွက် အစိုးရနှင့် တပ်မ တော်တို့က ပိုမိုလမ်းဖွင့်ပေးရန် တိုက်တွန်းခဲ့သည့်အတွက် ဆိုင်ရာအဖွဲ့အစည်းများကလည်း အမိနိုင်ငံသူ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုကာ သဘောထားကြီးကြီး တုံ့ပြန်မှသာ ငြိမ်းချမ်းရေးခရီးလမ်း ချောမွေ့နိုင်မည်ဖြစ်သည်။ လက်ရှိ အခြေအ နေသည် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် အဖြေရှာမရကြောင်းကို အားလုံးက လက်တွေ့ကျစွာ မြင်တွေ့၊ ကြားသိထားပြီး ဖြစ်ပေသည်။

ထို့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန် တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း ညီညီညွှတ်ညွှတ် လက်တွဲလုပ်ဆောင်ရန်အတွက် စာရေးဆရာကြီး ဒဂုန်တာရာ ပြောဆိုခဲ့ဖူးသည့် “နိုင်ငံရေးဟူသည် ရန်သူကို မိတ်ဆွေဖွဲ့ခြင်းပင် ဖြစ်သည်”ကို နှလုံးသွင်းလျက် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)ဆွေးနွေးပွဲ များသို့ စုစည်းညီညွှတ်စွာ လုပ်ဆောင်တက်လှမ်းကြပါစို့ဟု ကရင်သတင်းစဉ်က တိုက်တွန်းလိုပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...