“ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ ”အစီရင်ခံစာ ပြုစုသူ နော်ဆာယူနှင့် တွေ့ဆုံခြင်း

“ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ ”အစီရင်ခံစာ ပြုစုသူ နော်ဆာယူနှင့် တွေ့ဆုံခြင်း

“ပန်းကို ခူးယူတဲ့အတွက် မြစ်ချောင်းအင်းအိုင်တွေကို ထိခိုက်တဲ့အပြင် ကျမတို့ ဆန်စပါးရဲ့လိပ်ပြာကို ယူဆောင်သွားသလို ဖြစ်တယ်”

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲရှိ သစ်ခွပန်းမျိုးစိတ်မျိုးစုံ သုတေသနပြုခြင်းလုပ်ငန်းကို ဒေသခံ ကရင်အမျိုးသမီး သုတေသီ ၆ဦးက ငါးနှစ်ကြာ လုပ်ဆောင်ခဲ့ပြီး ၎င်းသုတေသနပြုမှုမှ တွေ့ရှိချက်များကို မှတ်တမ်းတင်  ပြုစုကာ ၂၀၁၈၊ သြဂုတ် ၉ရက်နေ့တွင် မူတြော်ခရိုင်၊ အီတူးထာ့ကျေးရွာတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်း ရင်းသားများနေ့ အခမ်းအနား၌ “ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ”ဟူသော အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံ သုတေသီ အမျိုးသမီး ၆ဦးအနက် တစ်ဦးဖြစ်သူ နော်ဆာယူအား တွေ့ဆုံမေးမြန်း ထားခဲ့ပြီး သူမအနေဖြင့် ကရင်စကားဖြင့် ဖြေကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။

မေး။     ။ ကျေးဇူးပြီး ဒီသစ်ခွပန်း အစီရင်ခံစာ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ 

နော်ဆာယူ - သြဂုတ်လ ၉ရက်ဟာ ၁၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ဖြစ်ပါတယ်။ ကျမတို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲက အမျိုးသမီးအဖွဲ့တစ်ဖွဲ့က လေ့လာမှုတစ်ခု ပြုလုပ်ပါတယ်။ အဲဒီလေ့လာမှုက ငါးနှစ် ကြာတယ်ပေါ့နော်။ ဒါက ဌာနေတိုင်းရင်းသားများနေ့ကို ပထမဦးဆုံးအကြိမ် ကျင်းပတဲ့နေ့ဖြစ်တာကြောင့် ကျမတို့ ဒီသစ်ခွပန်း အစီရင်ခံစာကို ထုတ်ပြန်တာဖြစ်ပါတယ်။

ကျမတို့မျှော်လင့်တာကတော့ ဒီအစီရင်ခံစာကို အများ ဖတ်ရှုလေ့လာခွင့်ရပြီးတော့ အမျိုးသမီးတွေအတွက်လည်း ဒီသံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ တွန်းအားတစ်ရပ်ဖြစ် စေချင်ပါတယ်။

ဒီအစီရင်ခံစာက ဒီနေ့အချိန်မှာ ကျမတို့ ထုတ်ပြန်ကြေညာခွင့်ရရှိခဲ့တယ်။ အားလုံး ဖတ်ရှုခွင့်ရစေချင်တယ်။ အမျိုးသ မီးတွေချည်းပဲ မဟုတ်ပါဘူး။ ကျမတို့ ဒေသအတွင်းမှာရှိတဲ့ လူတွေအနေနဲ့လည်း ပန်းတွေရဲ့အကျိုးရှိမှုနဲ့ မျိုးတုန်းတော့မယ့် ပန်း တွေရဲ့အမျိုးအစားက ဘယ်နှစ်မျိုးရှိလဲဆိုတာကို သိရှိလာစေမှာဖြစ်ပါတယ်။ အများက ဖတ်ရှုလေ့လာခွင့်ရတဲ့အတွက် အရမ်း ကို ဝမ်းသာမိပါတယ်။ လူအများက ဖတ်ရှုရတဲ့အတွက် သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်တတ်လာမှာပါ။ 

မေး။ ။ အခုလေ့လာမှုမှာ ပန်းမျိုးစိတ် ဘယ်နှစ်မျိုး တွေ့ရှိခဲ့ပါသလဲ။ အဲဒီပန်းတွေက ဘယ်လိုပန်းမျိုးတွေပါလဲ။ 

နော်ဆာယူ - ဒီလေ့လာမှုကာလ အတောအတွင်းမှာ ပန်းအမျိုးအစား ၁၂၁မျိုး တွေ့ရှိပါတယ်။ အဲဒီအထဲမှာ ဖောနာဒဲ (Paphiopedilum Villosum) အမျိုးအစားကတော့ မျိုးတုန်းမဲ့ စိုးရိမ်စရာ အမျိုးအစားထဲမှာ တစ်ခု ပါပါတယ်။ ပန်းတွေရဲ့ ရရရာ ခိုင်နှုန်းက ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ပန်းအမျိုးအစားတွေ ဖြစ်ပါတယ်။

မေး။ ။ သစ်ခွပန်းနဲ့ ကရင် ဌာနေလူထုတွေရဲ့ဆက်နွယ်မှုက ဘယ်လိုရှိပါသလဲ။ သူတို့အတွက်ကော ဘယ်လောက်အရေးပါသလဲ။ 

နော်ဆာယူ - ပန်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်ကို ထိန်းသိမ်းတဲ့အရာတွေဖြစ်သလိုပဲ ဌာနေလူထုတွေအတွက်က လည်းပဲ ရောဂါဘယတွေကို ကာကွယ်ပေးတဲ့ ပန်းအမျိုးအစားတွေအဖြစ် အသုံးပြုတာတွေရှိတယ်။ အဲဒီအပြင် ဆန်စပါးတွေ ရဲ့လိပ်ပြာတွေလည်း ဖြစ်ပါတယ်။

ဖောမူဃါး (Dendrobium Comcaptum )ဆိုတာ ရှားပါးလာတဲ့အတွက် ရှေးဘိုးဘွားဘီဘင်တွေက အဲဒါကို တောထဲ ကနေ ယူဆောင်လာပြီးတော့ သူတို့ရဲ့ အိမ်ခြေရင်းမှာ ပြန်လာစိုက်ကြတယ်။ စပါးတွေရိတ်သိမ်းတဲ့အချိန်မှာ စပါးများများထွက် နိုင်ဖို့ ဆိုပြီးတော့ အဲဒီပန်းကို ခူးယူပြီးတော့ စပါးတွေပုံထားတဲ့နေရာကို သွားချထားခဲ့ကြပါတယ်။ 

မေး။     ။ ဆရာမတို့ မိဘဘိုးဘွားတွေ လက်ထက်ကတည်းက အမြတ်တနိုး တန်ဘိုးထားတဲ့ သစ်ခွပန်းတွေကို အခြားသူတွေက လာယူပြီး ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်ဆောင်မယ်ဆိုရင် ဌာနေပြည်သူတွေအတွက် ဘယ်လိုဖြစ်သွားနိုင်သလဲ။ 

နော်ဆာယူ - ကျမတို့နယ်မြေထဲမှာ ပန်းတွေကို ရောင်းဝယ်ဖောက်ကားမှု လုပ်ဆောင်မယ်ဆိုရင် ပန်းကို ခူးယူတဲ့အ တွက် မြစ်ချောင်းအင်းအိုင်တွေကို သွားပြီး ထိခိုက်တဲ့အပြင် ကျမတို့ ဆန်စပါးရဲ့လိပ်ပြာကို ယူဆောင်သွားသလို ဖြစ်တယ်ပေါ့ နော်။ (ဖောမူဟား)တစ်ခုထဲ မကဘူး။ ကျန်တဲ့ပန်းတွေကိုလည်းပဲ သူများတွေလာခူးယူပြီးတော့ ရောင်းဝယ်ဖောက်ကားမှု လုပ် ဆောင်မယ်ဆိုရင် ကျမတို့ နေရာဒေသမှာ ဆန်စပါးတွေကို စိုက်စား၊ပျိုးစားလို့ရမှာ မဟုတ်တော့ဘူး။ ဆာလောင်မွတ်သိပ်မှုတွေ နည်းနည်း များလာပါလိမ့်မယ်။

မေး။     ။ နောက်ဆုံးအနေနဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောဆိုချင်ပါသလဲ။ 

နော်ဆာယူ - ဒီအစီရင်ခံစာကို ထုတ်ပြန်ကြေညာခွင့်ရတဲ့အတွက် သူများတွေ ဖတ်ရှုလေ့လာခွင့်ရကြတဲ့အပြင် ရှေ့ ဆက်လည်း ကျမတို့နယ်မြေထဲမှာ ရှိတဲ့အရာတွေကို ဆက်လက်ပြီးတော့ လေ့လာချင်ပါသေးတယ်။ ကျမတို့ဌာနေလူထုတွေက မြေယာတွေအပေါ်မှာ မှီတည်ပြီးတော့ အသက်ရှင် ရပ်တည်ကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကိုလာပြီး နှောင့်ယှက် မှုမရှိဘဲ အေးအေးချမ်းချမ်းနဲ့သာ နေထိုင်လိုပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...