ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား အစိုးရတပ်မတော် ထိုးစစ်ဆင်

ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား အစိုးရတပ်မတော် ထိုးစစ်ဆင်
(photo/ Kutkai Facebook)
(photo/ Kutkai Facebook)

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေကြောင်းသိရသည်။

 

ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ နေစဉ်ဖြစ်ပွါးနေခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရစစ်တပ်မှ စစ်အင်အားများဆက်တိုက်ဖြည့်တင်းနေကြောင်းသိရသည်။

“ဒီဘက်မှာ သျှမ်းတပ်တွေသိပ်မရောက်ဘူး။ ဝမ့်ဟိုင်းတပ်တော့ မကြာမကြာရောက်တတ်ပါတယ်။ အများဆုံးက ကချင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘဲရှိတယ်။ အခုတိုက်ပွဲပြင်းထန်နေတာက မုံးဝင်း၊ တာမိုးညဲ ဘက်ကပေါ့။ အခု ကွတ်ခိုင်ကနေ အစိုးရစစ်အင်အားထပ်တက်သွားတယ် – ဟု ဒေသအတွင်း နေထိုင်သည့် သျှမ်းလူငယ် စိုင်းလှ ကပြောသည်။

တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသောတိုက်ပွဲတွင် အစိုးရဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့ဘက်ကမူ ကချင် KIA  ကိုးကန့် MNDAA နှင့် တအာင်း TNLA  တို့ ဖြစ်ကြောင်းသိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း နမ္မတူဘက်တွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြားမကြာခန ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံလူထုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမလုပ်နိုင်ဘဲ အခက်တွေ့နေရသည်ဟု ကျားခေါင်းပါတီဝင် စိုင်းလောဝ်ဆိုင် က ပြောသည်။

September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...
September 25, 2024
သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း...