ရခိုင်ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသွားမည်

ရခိုင်ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသွားမည်
by -
ဇေယျာမော်
 ဇွန်​လ ၂၉ ရက်​​နေ့ ပြည်​နယ်​လွှတ်​​တော်​ အစည်​း​ဝေးတွင်​ တွေ့ရသည့် ဝန်ကြီး ဦး​ကျော်​​အေးသိန်​း(ဓာတ်ပုံ - RiA)
ဇွန်​လ ၂၉ ရက်​​နေ့ ပြည်​နယ်​လွှတ်​​တော်​ အစည်​း​ဝေးတွင်​ တွေ့ရသည့် ဝန်ကြီး ဦး​ကျော်​​အေးသိန်​း(ဓာတ်ပုံ - RiA)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ၊အခွန် ၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား မြောက်ဦးစျေး တည်ဆောက်ရေး တင်ဒါချထားပေးမှုကိစ္စနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

“မြောက်ဦးပျံကျစျေးကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်ဒါခေါ်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းအတိုင်း စည်းကမ်းအတိုင်း မလုပ်ခဲ့တဲ့အတွက် အဲ့ဒါကို အဂတိလိုက်စားမှုနဲ့ ကော်မရှင်ကို တိုင်သွားမယ့် အစီအစဉ်ရှိပါတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦးစျေး တည်ဆောက်ရန် တင်ဒါခေါ်ယူရာတွင် ဝန်ကြီး ဦးကျော်အေးသိန်းက တင်ဒါရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ကြောင်း ၊ မူလကနဦးတင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ (၇) ခုအထိရှိခဲ့သော်လည်း တင်ဒါလေလံဆွဲရာတွင် ပါဝင်ခဲ့ခြင်းမရှိသည့် သိင်္ဂ ီရွှေပြည်ကုမ္ပဏီကို တင်ဒါပေးအပ်ခဲ့ခြင်းကြောင့် ကုမ္ပဏီများမှ အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ကြားသွားမည်ဟု ဦးထွန်းသာစိန်၏ ပြောဆိုချက်အရသိရသည်။

အဆိုပါ တင်ဒါ ရရှိခဲ့သည့် သိင်္ဂ ီရွှေပြည်ဆောက်လုပ်ရေးကုမ္ပဏီသည် ဝန်ကြီး ဦးကျော်အေးသိန်း၏ ဇနီး ပိုင်ဆိုင်သည့် ကုမ္ပဏီလည်း ဖြစ်သည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ဒါတွေနဲ့ ပတ်သက်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့  မညီညွတ်ဘူးဆိုပြီးတော့ ကုမ္ပဏီတွေက တိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကူညီပေးသွားမှာပါ”  ဟု ပြောသည်။

ဝန်ကြီး ဦးကျော်အေးသိန်းအား ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း နှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ပြည်နယ်လွှတ်တေ်ာဥက္ကဌထံ လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြီးနောက်  ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်၌ စွပ်စွဲပြစ်တင်ရေးမဲခွဲရာ လိုအပ်သည့်  ထောက်ခံဆန္ဒမဲ ၃ ပုံ ၂ ပုံ မရရှိခဲ့ခြင်းကြောင့် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုမှာ ရှုံးနိမ့်သွားခဲ့သည်။

ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း နိုင်ငံတာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိဟုဆိုကာ ပြည်နယ်လွှတ်တော်က အဆိုပြု မဲခွဲဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မ၏ အတည်ပြုချက်ဖြင့် ဝန်ကြီးရာထူးအား ဖြုတ်ချခဲ့သည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...