လက်ရှိငြိမ်းချမ်းရေးကို ဆက်ထိန်းပြီး ရှေ့တိုးပါ

လက်ရှိငြိမ်းချမ်းရေးကို ဆက်ထိန်းပြီး ရှေ့တိုးပါ
KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))
KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့်  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို လွိုင်ကော်မြို့၌ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့ ၂ ရက်တာ ပြုလုပ်ခဲ့သည်။

ယင်း ၂ ရက်တာ အတောအတွင်း တရားဝင်တွေ့ဆုံဆွေးနွေးပွဲအပြီး  ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့အကြား  နှစ်ဘက်သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်။

ယင်းသည် ကယားပြည်နယ်အတွက် ငြိမ်းချမ်းရေးအား ပုံဖေါ်ရန် ယခင်ထက် ပိုကောင်းမွန်သော ကနဦးခြေလှမ်းအစ ဖြစ်သည်။ 

အချို့သော ဆွေးနွေးချက်များသည် နှစ်ဘက်အတွက် အကြိတ်အနယ်ဖြစ်ခဲ့သည်။  ညှိနှိုင်းချက်များသည် နှစ်ဖက်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရှိခဲ့သော်လည်း အလျော့အတင်းများဖြင့် သဘောတူနိုင်ခဲ့ခြင်းသည် ဆွေးနွေးပွဲ၏ ရလာဒ်ကောင်းပင်ဖြစ်ပေသည်။

အစိုးရ၏ ကနဦး ရည်ရွယ်ချက်သည် NCA လမ်းကြောင်းထဲ KNPP  အမြန်ဆုံး ပါဝင်လာရန် ဆန္ဒရှိနေသော်လည်း KNPP ကမူ ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်စဲရေးသဘောတူညီစာချုပ်အား ပြန်လည်သုံးသပ်ကာ ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိရေးကိုသာ အဓိကဦးတည်သည်ကို တွေ့ရသည်။

မည်သို့ပင်ဆိုစေ နှစ်ဘက်လုံး၏ ရည်ရွယ်ချက်များသည် ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိရေးသာဖြစ်သည်။ ယင်းကိုပင် လူထုများကလည်း မျှော်လင့်နေကြသည်။

ဆွေးနွေးပွဲ စကားဝိုင်းမှအစပြုသော ငြိမ်းချမ်းရေးသည် အပြုသဘောဆန်သော တိုးတက်ပြောင်းလဲမှူအဖြစ် အသိအမှတ်ပြုသည်။

ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်လိုက်သည့် အောက်ပါအချက်များကို နှစ်ဦးနှစ်ဘက်လေးစားလိုက်နာရန် လိုအပ်မည်ဖြစ်သည်။

က) NCA  မထိုးခင် ရေတိုကြားလအတွင်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စ၊ နှစ်ဖက်တပ် သွားလာမှူ၊ ဆက်သွယ်မှူ ပြည်နယ်အဆင့် ညှိနှိုင်းရေးကိစ္စနှင့် သဘောတူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။

ခ) ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိကာ သဘောတူထားသော ဆက်ဆံရေးလမ်းကြောင်းမှတဆင့် ဆောင်ရွက်ရန်။

ဂ) တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှူများရှိခဲ့ပြီး နှစ်ဘက်ညှိနှိုင်းသဘောတူညီထားသည့်အတိုင်း ဆောင်ရွက်ရန်။

နှစ်ဘက်ကြား အဖုအထစ်အချို့ ရှိနေသော်လည်း ၂၀၁၃ ခုနှစ်မှစ၍ ကယားပြည်နယ်အတွင်း သေနတ်သံ၊ တိုက်ပွဲသံများ မရှိခဲ့ခြင်းသည် အခြားသော တိုင်းရင်းသားလက်နတ်ကိုင်များတည်ရှိရာ ပြည်နယ်များအတွက် စံနမူကောင်းဖြစ်ခဲ့သည်။

ယင်းစံနမူကောင်းများကို ဆက်ထိန်းထားပြီး ယခုတွေ့ဆုံးဆွေးနွေးပွဲမှသည် ခိုင်မာသော ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းကြပါဟု တိုက်တွန်းလိုက်သည်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...