ပညာရှင် Johan Galtung အမြင် ရူတောင့်မှ ယနေ့ မြန်မာ့ငြိမ်းချမ်းရေး အခြေအနေ

ပညာရှင် Johan Galtung အမြင် ရူတောင့်မှ ယနေ့ မြန်မာ့ငြိမ်းချမ်းရေး အခြေအနေ

ယနေ့ မြန်မာနိုင်ငံအခြေအနေကို နော်ဝေး ငြိမ်းချမ်းရေး ပညာရှင်ကြီး Johan Galtung အမြင် ရူတောင့်မှ ချဉ်းကပ် ဆန်းစစ် ကြည့်ချင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဖြစ်လေ့ဖြစ် ထရှိသော မကျေနပ်ဖွယ် (၄) ချက် ဖြစ်ပေါ်တတ်သည်ဟု သူက ဆိုပါတယ်။

၁။ A နိုင် B ရူံး အခြေအနေ

၂။ B ရူံး A နိုင် အခြေအနေ

၃။ ပြသာနာ ကွဲလွဲချက် အဖြေရှာဖို့ A နှင့် B နှစ်ဖက် ready မဖြစ်လို့ postponed လုပ်

၄။ A ရော B ရော သိပ် happy မဖြစ်ကြသော confused compromise ရရှိခြင်း

ယခု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ဘယ်နေရာတွင် ရောက်နေသလဲ ဆိုတာ အထက်ပါ အချက်အပေါ် ဆန်းစစ်ပါက ချက်ချင်း မြင်လို့ရမည် ထင်ပါတယ်။

(၂၁) ရာစု ပင်လုံညီလာခံဆိုတာ December 2017 အတွင်း ကျင်းပါဖို့ပါ။ ဒါကို January 2018 သို့ postpone လုပ်ခဲ့ပါတယ်။ ယခု February လ သို့ postponed လုပ်ပြန်ပါတယ်၊ ဒါတောင် ကျင်းပနိုင်မည်လော သိပ်မသေချာ တော့ပါ။ သဘောက Johan Galtung ရဲ့ နံပါတ် (၃) နေရာတွင် မိမိတို့ ရောက်နေကြပါတယ်။ထူးတော့ မထူးဆန်းလှဟု ဆိုချင်ပါတယ်။

အမှန်စင်စစ် တစ်ဆို့နေတဲ့ အချက်တွေကို (၂၁) ပင်လုံ ညီလာခံ မခေါ်ခင် UPDJC လုပ်ငန်းကော်မတီ၊ UPDJC အတွင်းရေးမှူးအဖွဲ့၊ UPDJC အစည်းအဝေး အဆင့်ဆင့်တွင် ကျော်လွှားဖို့ နည်းလမ်း ရှာရမှာ ဖြစ်ပါတယ်။ သိသလောက် ခုထိ ဘာမှ မရှာခဲ့ကြပါဘူး။ ဥပမာ ယခင် ညီလာခံတွင် အကြီးအကျယ် တစ်ဆို့စေခဲ့တဲ့ non-secession issue ကို ဘာမှ ကော်မတီအဆင့်တွင် မကျော်လွှားကြသေးဘူး။ SSR/DDR issue လည်း နှစ်ဖက် လိုက်ရှောင်နေကြသလိုုိ ဖြစ်နေပါတယ်။ တစ်ဆို့နေတဲ့ အချက်တွေ ကော်မတီ အဆင့်မှာ တစုံတခု အဖြေရှာ ကျော်လွှားခြင်း မရှိဘဲ (၂၁) ပင်လုံကို ခေါ်လိုက်ပါက ဘာမှ ထူးလာမှာ မဟုတ်ပေ။ မထင်မှတ်ဘဲ ညောင်နှစ်ပင် ညီလာခံထက် ဆိုးရွားတဲ့ အခြေအနေသို့ ပင် ဆိုက်ရောက်စေနိုင်ပါတယ်။

Johan Galtung နံပါတ် (၃) နေရာတွင် ယနေ့ တိုင်းပြည် ရောက်နေတာသည် ငြိမ်းချမ်းရေးကို တောင်းတနေသော ပြည်သူတွေအဖို့ စိတ်ပျက်စရာလို့ ဆိုရမှာပါ။ ဒါပေမဲ့ (၂၁) ပင်လုံညီလာခံကို မခေါ်နိုင််တာ ထား၊ အမျိုးသား အဆင့် နိုင်ငံဆွေးနွေးပွဲ တပ်မတော်က ဟန့်တား တာလည်းထား၊ KNPP ရဲဘော်တွေ အသတ်ခံရတာ၊ KIO စခန်းတွေ လိုက်သိမ်းနေရာတာ လည်း ထားအုံး၊ UNFC အပါဝင် ALP နှင့် RCSS အဖွဲ့တွေက C-in-C နှင့် State Counselor နှင့် တွေ့ဆုံဖို့ တောင်းဆို စာပို့တာ ဘာဖြစ်နေပါသလဲ။ တွေ့လည်း မတွေ့၊ စာလည်း မပြန်၊ တဖက်သတ် avoided and postponed ဖြစ်နေတာသည် ပိုပြီး စိတ်မကောင်းစရဖြစ်လာပါ တယ်။ ကျားကို ဖမ်​းချင်​ရင်​ ကျားဂူ ထဲဝင်​ရပါမယ်​။ ငြမ်းချမ်းရေး လိုချင်ရင် ရန်သူနှင့် စကားပြော ချင်ရပါမယ်။ တစ်ဆို့နေတဲ့ အချက်ကို ရဲရဲရင့်ရင့် ရင်ဆိုင် ကျော်လွှားဖို့ လိုအပ်ပါတယ်၊ ရှောင်မနေသင့်ပေ။

ဒီဟာတွေကြောင့် ငြမ်းချမ်းရေး နှစ်၊ Peace Priority စသည့် စကားလုံးတွေအပေါ် ပြည်သူတွေ အယုံအကြည် ကင်းမဲ့စေပြီး တခါတလေ မေးစရာတွေ ဖြစ်လာ စေတတ် ပါတယ်။

ယခုချိန်တွင် အမေရိကန်နိုင်ငံမှာ Democrats shutdown Vs Trump shutdown ဟု နှစ်ဖက် ပါတီ ping-pong politics ကစားနေကြပါတယ်။ ပါတီချင်း မနိုင်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ကစား စရာကိုပင် မလိုပေ။ (၂၁) ရာစု ပင်လုံ ညီလာခံ အကြိမ်ကြိမ် postponed လုပ်ပြီး မကျင်းပနိုင်တာသည် DASSK and Tatmadaw shutdown ဆိုတာ ပြောစရာကို တောင် မလိုသလို ဖြစ်လာနေပါတယ်။

နောက် ပြသာနာတစ်ခုက Johan Galtung ရဲ့ နံပါတ် (၃) နေရာတင် မိမိတို့ ရောက်နေတာ မကဘူး၊ နံပါတ် (၄) နေရာကိုပါ ရောက်နေကြတာ စိတ်မကောင်း စရာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သိပ် happy မဖြစ်သော confused compromise အဖြေ ရတာမျိုးကို Johan Galtung ရဲ့ နံပါတ် (၄) ပါ။

ယခင် ဒုတိယ (၂၁) ပင်လုံညီလာခံတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သော Union Accord အချက် (၃၇) ချက်သည် တိုင်းရင်းသားတွေအတွက် confused compromise မျိုး ဖြစ်လာပါတယ်။ NCA-S အဖွဲ့ အားလုံးကိုယ်စား တစ်ယေက်က လက်မှတ်ထိုးပါတယ်။ ဒါပေမဲ့ NCA-S အတွင်းမှာ အဖွဲ့တချို့က မိမိတို့ကို ကိုယ်စား မပြုဟု ဆိုပြန်ပါတယ်။ နိုင်ငံရေးပါတီ ကိုယ်စား တစ်ယေက်က လက်မှတ်ထိုးပြန်ပါတယ်။ ဒါပေမဲ့ SNLD ဆိုရင် လက်မခံပြန်ပါဘူး။ ပိုဆိုးတာက သဘာပတိ လုပ်တဲ့သူက Union Accord အချက် (၃၇) ချက်စလုံးကို ညီလာခံတက်ရောက် သူများ သဘောတူ၊ မတူ မေးမြန်းခြင်း မရှိဘဲ အားလုံး သဘောတူ အ တည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ဒါက confused compromise ဖြစ်ပါတယ်။ (၂၁) ရာစု ပင်လုံ အပေါ် ယုုံုုကြည့်မူ ထိခိုက် လာစေပါတယ်။

ထို့အပြင် ချုပ်ခဲ့ပြီးသော ပြည်ထောင်စုစာချုပ် (အစိတ်အပိုင်း ၁) ကို Negative Peace vs. Positive Peace ဟူသော Johan Galtung ၏ အမြင်ဖြစ် ကြည့်မည်ဆိုလျှင် တိုင်းရင်းတွေ အတွက် Negative Peace ဟု ဆိုရပါမယ်။ Form of State ကို ၂၀၀၈ ခြေဥအတိုင်း လက်ခံသလို ဖြစ်လာပါတယ်။ အချက် (၃၇) စလုံး ၂၀၀၈ ခြေဥအတိုင်း ဖြစ်လာတယ်။ ၂၀၀၈ ခြေဥနှင့် ကွဲလွဲသည့် အချက် တချက်မျှမရှိပေ။ ၂၀၀၈ ခြေဥ အတွင်းသို့ သွတ်သွင်း ဝင်ခိုင်းတဲ့ ဖြစ်စဉ်၊ ၂၀၀၈ ခြေဥ လက်ခံခိုင်းတဲ့ လက်မှတ် ထိုးပွဲလို ဖြစ်သွားခဲ့တယ်။ အခြား စကားလုံး သုံးရရင် negotiated-surrender ပါဘဲ။ ဒါသည် Johan Galtung ရဲ့ နံပါတ် (၁) နှင့် (၂) နေရာ ဖြစ်သော A နိုင် B ရှုံး ဒါမှမဟုတ် B ရူံး A နိုင် သဘောမျိုး ဖြစ်ပါတယ်။

တိုင်းရင်းသားများသည် ယနေ့ နိုင်ငံရေး ပြသာနာကို ideological conflict ဟု မမြင်ကြပါဘူး။ ယင်း အယူဆတိုက်ပွဲသည် BCP ကျဆုံးပြီး မရှိတော့ပါ။ သေချာကြည့်ပါက military vs. democracy အယူအဆ ပြသနာလည်း မဟုတ်ပေ။ DASSK နှင့် Tatmadaw ယနေ့ ပူးပေါင်း လက်တွဲနိုင်တာက သက်သေပြ နေတာပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဆိုရင် တမျိုးပေါ့။ မြန်မာပြည် အဓိက အခြေခံနိုင်ငံရေး ပြသာနာသည် constitutional crisis ဖြစ်ပါတယ်။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ခြေဥသည် ပင်လုံမှ သွေဖီခြင်း ကြောင့် နှစ်ပေါင်း (၇၀) တိုင်းရင်းသား လူမျိုး အားလုံးလိုလို တော်လှန်ရေး တိုက်ပွဲ ဝင်ကြတယ်။ တိုတိုပြောရင်၂၀၀၈ ခြေဥကို ပြင်ဆင်ပြောင်းလဲဖို့ တော်လှန်တဲ့ တိုက်ပွဲပါဘဲ။

ဒါကြောင့် ၂၁ ရာစု ပင်လုံ Union Accord ထဲတွင် တိုင်းရင်းသားတွေ လိုလားသော ၂၀၀၈ ခြေဥနှင့် ဆန့်ကျင်ကွဲလွဲသည့် အချက််များ ပါမလာ သရွေ့၊ ထို မပါသော အချက်များကို လက်ခံပြီး လက်မှတ်ထိုးနေသရွေ့ တိုင်းရင်းသားများသည် negotiated-surrender အခြေအနေ ရောက်နေသည်ဟု ယူဆရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Johan Galtung ရဲ့ A နိုင် B ရှုံး အခြေအနေ ဖြစ်သော Negative Peace သာ ရကြသည်ဟု ဆိုရမှာပါ။

Tamil လက်နက်ကိုင် LTTE ကို Shri Lanka အစိုးရ စစ်တပ်က စစ်ရေးအရ eliminated and defeated လုပ်နိုင်ခဲ့တယ်။ သေနတ်သံ မရှိတော့ဘူး။ အတိုက်အခိုက် မရှိတော့ဘူး။ ဒါပေမဲ့ တိုင်းပြည် ငြမ်းချမ်းသလား ဆိုရင် မငြမ်းချမ်းပါဘူး။ နိုင်ငံရေးအရနှင့် ideologically အရ အစိုးရကိုသာ defeated ဖြစ်နေပါတယ်။ ဘာကြောင့်ဆိုသော် separatists နှင့် nationalistic sentiments က ဆထက်တပိုး ပိုပြီး ပြင်းထန်လာနေတယ်။ လူနည်းစု Tamils တွေက အုပ်စိုးသူ လူများစု Sinhaleses အပေါ် မုန်းတီးစိတ်သာ ပိုပြီး ကြီးထွားလာနေတယ်။ ထို ပြင်းထန်သော စိတ်ဓာတ်ကို အစိုးရအတွက် နိုင်ဖို့ နှင့် ထိန်းဖို့ မလွယ်ကူတော့ချေ။ ဒါကြောင့် Negative Peace ဆိုတာ မကြာခင် ပြန်ပေါက်ကွဲမည့် ဗုံး ကြီး ထောင်ထား သလိုမျိုးဘဲ ဖြစ်ပါတယ်။ စစ်မှန်သော ငြမ်းချမ်းရေး မဟုတ်ပေ။

လက်ခုုပ်ဆိုုတာ နှစ်ဘက်တီးမှ မြည်ပါတယ်။ မြန်မာနိုင်ငံတွင် A နိုင် B နိုင်၊ နှစ်ဖက်စလုံးနိုင် ငြမ်းချမ်းရေး Positive Peace ကို ချဉ်းကပ်ဖို့ အင်မတန်လိုပါတယ်။ တနည်းပြောရရင် ၂၀၀၈ ခြေဥကို ပြင်ဆင်ဖို့ လုံးဝ လက်ခံရပါမည်။ ပင်လုံ ဟူသော အမည်နာမ သုံး ချင်းချင်း Rebuilding Union Process (၀ါ) Constitutional Re-drafting or Amending Process ဟု လက်ခံ ထားဖို့ လိုပါတယ်။ တနည်းပြောရလျှင် ၂၀၀၈ ခြေဥ ပြင်ဆင်သည့် လုပ်ငန်းစဉ်ကြီးဟု နားလည် ထားဖို့ လိုပါတယ်။ ထိုအချက်ကို လက်ခံမှသာ ပင်လုံ အမည်ကို မှည့်ရပါမည်။ ထို ပင်လုံကို ခေါ်ရပါမည်။ ထို ပင်လုံသို့ တက် ရောက်ကြရမည်။

ဒါကြောင့် ၂၀၀၈ ခြေဥ ပြင်ဆင်သည့် လုပ်ငန်းစဉ်ဟုတောင် ခေါ်ဆိုနိုင်သော ၂၁ ရာစု ပင်လုံညီလာခံကြီး ကိုတောင် ကျင်းပ ခေါ်ယူပြီး မပြောပလောက်သော UNFC တောင်းဆိုသည့် အချက် (၈) ချက် တောင် နှစ် နှင့် ချီပြီး အစိုးရနှင့် တပ်မတော်ဖက်မှ လက်မခံနိုင်တာသည် NCA process နှင့် ၂၁ ရာစု ပင်လုံအပေါ် အယုံအကြည် ကင်းမဲ့ စေသည့် အံအား သင့်စရာ တခု ဖြစ်လာစေပါတယ်။

တိုင်ရင်းသား လူမျိုးများက လည်း Union Accord အစိတ်အပိုင်းတွင် တိုင်းရင်းသားများ တောင်းဆိုလိုလားသော ၂၀၀၈ ခြေဥနှင့် ကွဲလွဲသည့် အချက်များ မထည့်သွင်း နိုင်သရွေ့ ၂၁ ပင်လုံ အောင်မြင်သည်ဟု လုံးဝ ခံယူလို့ ရမည်မဟုတ်ပေ။ များများထိုးလေလေ ၂၀၀၈ ခြေဥအတွင်းသို့ နက်နက်နဲနဲ ပိုပြီးဝင် လေလေ သာ ဖြစ်လာမည်။ နောင်တွင် ဟိုမရောက် ဒီမရောက် ဖြစ်သွားနိုင်ပါသည်။

ထို့အပြင် ယနေ့ NCA လုပ်ငန်းစဉ်တွင် လက်နက်ကိုင်အဖွဲ့အစည်း ၈၀% မပါဝင်သေးချေ။ ၂၀% ခန့် သာပါဝင်ပါသည်။ Union Accord အစိတ်အပိုင်း ဘယ်လောက်ဘဲ လက်မှတ်ထိုးထိုး၊ ပင်လုံ ညီလာခံ ဘယ်လောက်ဘဲ ခေါ်ခေါ်၊ ၂၀% လောက်သာ ပါဝင်သော ဖြစ်စဉ်သည် တကယ့် ထာဝရ ငြမ်းချမ်းရေးသို့ ဦးတည်စေနိုင်မည့် အလားအလာ မဟုတ်ချေ။ လက်မှတ် ထိုးလေလေ ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုပြီး ရူတ်ထွေး လေလေသာ ဖြစ်လာနိုင်သည်။ ဒါကြောင့် ပင်လုံကို အကြိမ်ကြိမ် ကျင်းပခြင်းထက် ငြမ်းချမ်းရေး ဖြစ်စဉ်တွင် မပါသေးသော UNFC နှင့် FPNCC အဖွဲ့ များ ဖြစ်စဉ်တွင် ပါဝင်လာအောင် ကြိုးစား အားထုတ်ဖို့က အစိုးရ၊ တပ်မတော်နှင့် NCA-S အတွက် ပထမ အဓိက ကျပါသည်။

ထို့အပြင် တိုင်းရင်းသားပါတီ (၅၄) ပါတီ ရှိသည့်အနက် (၁၀) ပါတီသာ ငြမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ရပြီး ပါတီ (၄၀) ကျော်ဘေးချန်ထားရပါသည်။ ထိုပါတီ အများစုသည် လူမျိုးငယ်များကို ကိုယ်စားပြု ဖွဲ့စည်းထားသည်ဖြစ်ရာ ထိုသို့ ချန်လှပ်ခြင်းသည် ပြည်ထောင်စု တည်ဆောက်ရေးတွင် လူမျိုးငယ်များ အမြင် သဘောထား ပါဝင်ခွင့်မရအောင် ပိတ်ပင် တားမြစ်ထားသလိုဖြစ်နေသည် သာမက တိုင်းပြည်ကို အင်အား ကြီးသော ပါတီ အဖွဲ့အစည်း သဘောအတိုင်းသာ တည်ဆောက် ရမလို ဖြစ်နေပါသည်။ ယင်း ဖြစ်ရပ်သည် လူမျိုးပေါင်း စုံရော နှောနေထိုင်သော တိုင်းပြည်တွင် လုံးဝ မဖြစ်သင့်ပေ။ တိုင်းရင်းသား မြို့နယ်တစ်ခုတွင် မဲ ၂၄၀၀၈ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လူတစ်ယောက်က မဲ ၂၈% ရပြီး ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။ တခြား နှစ်ယေက်က မဲ ၇၁% ကျော် ရ ပြီး ရှံးကြပါတယ်။ ရှံးတဲ့သူ တယေက် ဆိုရင် မဲ ၂၇.၅၃% ရပါတယ်။ နိုင်တဲ့ သူနှင့် ၁% တောင်မကွာပါ။ ဒါပေမဲ့ လေးဆ ပိုများသော မဲသည် အလဟာသ အရူံး (wasted vote) ဖြစ်သွားပြီး အဆမတန်ပိုနည်းသော မဲက အနိုင်ရသွား တာသည် FPTP system ကြောင့်ပါ။ အနောက်နိုင်ငံ PR system ဆိုရင် နိုင်သူက ရှုံးနိုင်ပါတယ်။

ထိုအချက်မျိုးကို တိုင်းရင်းသား နယ်မြေ တဝိုင်းလုံးတွင် ဖြစ်ခဲ့ပါတယ်။ နိုင်တဲ့သူထက် မဲ လေးဆ ပိုများသော ပါတီတွေကို ပြည်သူကိုယ်စားမပြုဟု ဘယ်သူဆိုနိုင်မည်နည်း။ ပြည်သူကိုယ်စား မပြုဟု ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဖယ်ထုတ်ခံရလျှင် တရားပါ့မည်လော။ ဒါကြောင့် ထို လူမျိုးငယ် ပါတီများ ငြမ်းချမ်းရေး ဖြစ်စဉ်တွင် သူတို့ သဘောထား ဖော်ထုတ် တင်ပြခွင့်၊ ကိုယ်စား ပြုခွင့် ဆုံးရူံး နေရ ခြင်းသည် လုံးဝ မဖြစ်သင့်ပေ။ တိုင်းပြည်အတွက် ဆိုးကျိုးသာ ဖြစ်စေနိုင်သဖြစ် အားလုံး ပါဝင်ခွင့်ရအောင် ပြန် စဉ်းစားသင့်ပါသည်။

ယနေ့ မြန်မာနိုင်ငံရေး ငြမ်းချမ်းရေး ဖြစ်စဉ်သည် ခြုံပြီး သုံးသပ်ပါက ငြမ်းချမ်းရေး ပညာရှင် Johan Galtung ထောက်ပြသော မကျေနပ်ဖွယ် အချက် (၄) စလုံးနှင့် အားလုံး တစ်ဆို့ နေရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Time heals old wounds လို့ ဆိုကြပေမယ် ယနေ့ အခြေအနေတွင် ကြာလေလေ နာလေလေ time hurts wounds အခြေအနေမျိုး ဖြစ်လာပါတယ်။

ယခု ရေတွင်းတူး၊ ယခု ရေကြည်သောက် Rome wasn’t built in a day ဆိုတာ အားလုံးသိပါတယ်။ အားလုံးမှာ စိတ်ရှည်ဖို့ လိုအပ်တာအမှန်ပါ။ ဒါပေမဲ့ 50% of something သည် 100% of nothing ထက် ပို ကောင်းပါတယ်။ နှင်းဆီီပန်းအားလုံးတွင် ဆူး ရှိပါတယ်။ ပြည့်စုံမူ ဆိုတာ မလွယ်ကူပါဘူး။ သို့သော် မိမိတို့ ငြမ်းချမ်းရေးဖြစ်စဉ်သည် 50% of something အဆင့်တောင် မရောက်နိုင်သေးဘဲ 100% of nothing အဆင့်လောက် တွင်သာ ရှိနေပါက ဘာကြောင့်လည်း ဆိုတာ ငြမ်းချမ်းရေးတွင် ပါဝင်သူအားလုံး ပြန်လည် သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း။

Most read this week

October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...
September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...