ကျောက်ဖြူတွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည်

ကျောက်ဖြူတွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည်
by -
နိရဥ္စရာ
ေ က ျ ာ က ် မ ီ း ေ သ ွ း စ က ် ရ ံ ု က ိ စ ္စ ရ ခ ိ ု င ် ြ ပ ည ် န ယ ် ၀ န ် ြ က ီ း ခ ျ ု ပ ် တ က ် ေ ရ ာ က ် ရ ှ င ် း လ င ် း (ဓ ါ တ ် ပ ံ ု- န ိ ရ ဥ ္စ ရ ာ)
ေ က ျ ာ က ် မ ီ း ေ သ ွ း စ က ် ရ ံ ု က ိ စ ္စ ရ ခ ိ ု င ် ြ ပ ည ် န ယ ် ၀ န ် ြ က ီ း ခ ျ ု ပ ် တ က ် ေ ရ ာ က ် ရ ှ င ် း လ င ် း (ဓ ါ တ ် ပ ံ ု- န ိ ရ ဥ ္စ ရ ာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စုနယ်မြေတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Daewoo International Corporation နဲ့ MCM Energy Company Limited တို့မှ အကျိုးတူ ပူးပေါင်း၍ ကျောက်မီးသွေး စက်ရုံ တစ်ရုံ တည်ဆောက်သွားမည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်သည်။

ထိုကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး Daewoo International Corporation နှင့် MCM Energy Company Limited တာဝန်ရှိသူများက ကျောက်ဖြူ ဒေသခံပြည်သူများသို့ ရှင်းလင်းတင်ပြပွဲ တစ်ခု မေလ ၆ ရက်နေ့က  ပြုလုပ်ရာတွင် တက်ရောက်ခဲ့သော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “မိဘပြည်သူများ ကန့်ကွက်ရင်လည်း လုပ်မှာမဟုတ်ပါဘူး။ လုပ်ပြီးမှ ချပြတာမျိုးလည်းမဟုတ်ပါ။ လုပ်ငန်းမှန်သမျှကို ပြည်သူမကြိုက်ရင် မလုပ်ပါ။ ပြည်သူများကလည်း စီမံကိန်းနဲ့ပတ်သက်ပြီး အကျိုးရှိမရှိ စဉ်းစားပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်”  ဟု အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ခန့် ရင်းနှီးမြုပ်နှံမည့် ထိုစီမံကိန်းသည် စက်တပ်ဆင််အင်အား ပထမအဆင့် ၆၆၀ မီဂ္ဂါ၀ပ်၊ ဒုတိယအဆင့် ၆၆၀ မဂ္ဂါ၀ပ်ပြုလုပ်မည်ဖြစ်ပြီး မြေဧက အကျယ်အဝန်းမှာ ဧက ၆၀၀ မှ ဧက ၁၀၀၀ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

MCM Energy Company Limited ပရောဂျက်မန်နေဂျာ ဦးတင်စိုးက နိုင်ငံတော် ဓါတ်အားကို တစ်စိတ်တစ်ပိုင်း ဖြည့်ပေး ရန်နှင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အား အပြည့်အဝရအောင် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုသည်။ ယင်းအပြင်  သဘာဝပတ်ဝန်းကျင်နှင့် လူကို အန္တရာယ်မဖြစ်ရအောင် အဆင့်မြင့် နည်းပညာဖြင့် ပြုလုပ်သွားမည်ဟုဆိုသည်။

“ရခိုင်ပြည်နယ်မှာ လျှပ်စစ်ဓါတ်အား ရနေပြီဆိုပေမယ့်လည်း မြို့တွေလောက်ပဲရသေးတယ်။ ကျေးရွာအများစု လျှပ်စစ်ဓာတ်အား မရသေးဘူး။ ကျေးရွာတွေပါမကျန် လျှပ်စစ်ဓါတ်အားရအောင် လုပ်ချင်ပါတယ်။ လျှပ်စစ် ဓါတ်အား အပြည့်အဝသုံးနိိုင်ရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ဦးတင်စိုးက ပြောသည်။

ဒေသခံတွေကတော့ ထိုစီမံကိန်းနှင့်ပတ်သက်၍ သဘော မတူကြောင်းနှင့် ကျောက်မီးသွေးစက်ရုံမလို အပ်ကြောင်း ပြန် လည် ဆွေးနွေးခဲ့ကြသည်။

“ကျောက်ဖြူက ထွက်တဲ့ ဂတ်စ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုလို့ရနေတယ်။ ဂတ်စ်ကို အသုံးမပြုဘဲ ကျောက်မီးသွေး စက်ရုံလာပြန်ပြီ။ ပြဿနာတွေ ရင်ဆိုင်လာရပြန်ပြီ။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အနေနဲ့ အစိုးရက ရခိုင်တွေဘက်က ရပ်တည်ပေးကြပါ” ဟု ရှေ့နေ ဦးထိန်လင်းကပြောသည်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်း အတွင်းရေးမှူး ကိုထွန်းကြည်ကလည်း “ရခိုင်ပြည်မှာ ဂတ်စ် ရှိပါလျက်နဲ့ ကျောက်မီးသွေး စက်ရုံဆိုတာ လိုအပ်ပါရဲ့လား။ အခြား နိုင်ငံတွေမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားကို လျှော့ချဖို့ကြိုးစားနေချိန်မှာ ကျောက်ဖြူမှာ ဘေးအန္တရာယ်မဖြစ်အောင် နည်းပညာဖြင့် တည်ဆောက်မယ်ဆို တာ ယေဘုယျဆန်တဲ့ စကားသာဖြစ်ပါတယ်။ ကျနော့် အနေနဲ့ပြောရရင် ကျောက်မီးသွေးစက်ရုံ လုံးဝ မလိုအပ်ဘူးလို့ ပြောချင်ပါ တယ်” ဟု ပြောကြားခဲ့သည်။

၎င်းကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွက် လိုအပ်သော သန့်စင်ကျောက်မီးသွေး သုံးစွဲမည့် လောင်စာများကို အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေးလျနှင့် အခြားနိုင်ငံများမှ တင်သွင်းမည်ဖြစ်ကာ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် အလယ်ဒွိန်ကျေးရွာ မှာ ပင်လယ်ကူး သင်္ဘောများ အလွယ်တကူဝင်ထွက်နိုင်သော နေရာဖြစ်သဖြင့် ယင်းစက်ရုံကို တည်ဆောက်ရန် ရွေးချယ်ရခြင်း ဖြစ် သည်။

သန့်စင်ကျောက်မီးသွေးအသုံးပြု လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ခေတ်မီအဆင့်မြင့်နည်းပညာ Clean Technology ကို အသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် တည်ဆောက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြသွားပါသည်။

အခမ်းအနားကို မြို့မိမြို့ဖများ၊ ဌာနာဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလယ်ဒွိန် ကျေးရွာအုပ်စုနယ်မြေမှ ဒေသ ခံများ ၄၂၂ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ၆နာရီခန့်တွင် ရုပ်သိမ်း လိုက်ပါသည်။

Most read this week

September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...