မင်းတပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင်နေအိမ် ၉ လုံးပျက်စီး

မင်းတပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင်နေအိမ် ၉ လုံးပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့) မနက်အစောပိုင်းတွင် စစ်ကောင်စီက  ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။

တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီး တနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားသကဲ့သို့ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။

အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၊ ထောက်ပို့ကင်းထောင် Y- 12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါး ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF - မင်းတပ်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ရပြီး ၁ ဦးမှာ ယာဉ်မတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။

Most read this week

November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...
October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...