မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ ငယ်အသင်း (YMA) ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့် သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Mualpui, Salem ရပ်ကွက် R. Dengthuama ခန်းမတွင် အောက် တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ၄ ကြိမ်မြောက် အစည်းအဝေးတွင် YMA မှ ကိုင်တွယ်မည့် အ ကြောင်းအရာ ၈ ခုနှင့် အစိုးရကိုင်တွယ်မည့် အကြောင်းအရာ ၃ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အစိုးရမှ ကိုင်တွယ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြသော အကြောင်းအရာ ၃ ခုထဲတွင် မီဇိုရမ်ပြည်နယ်အ တွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ့စစ်ဘေးရှောင်များအရေးကို ထည့်သွင်းခဲ့ကြသည်ဟု သိရသည်။

ယင်းမှာ အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနေထိုင်မည့်နေရာ၊ ကြည့်ရှုစောင့် ရှောက်မည့် အစီစဉ်နှင့် စနစ်တကျဖြင့် ကိုင်တွယ်နိုင်မည့်နည်းလမ်းများ ရေးဆွဲချမှတ်ကာ တင်းကြပ်စွာ ဆောင်ရွက်သွားရန်ဖြစ်သည်ဟု သိရသည်။

မီဇိုးလူငယ်အသင်း (YMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းထဲတွင် ဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။

ကျင်းပသော မီဇိုးလူငယ်အသင်း၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်လာခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်၊ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ထောင်ဂဏန်းထိရှိသည်ဟု သိရသည်။

October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...