KNLA ဗဟို ဌာနချုပ်အနီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

KNLA ဗဟို ဌာနချုပ်အနီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂ ရက်) နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင်  ဒရုန်းဖြင့် (၄) လုံးခန့် ဗုံး ချတိုက်ခိုက်ခံခဲ့ရကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များထံမှ ကနဦး သတင်းရရှိသည်။

KNLA ဌာနချုပ်ကို ဦးတည်တိုက်ခိုက်သည့် အဆိုပါ တိုက်ခိုက်မှုတွင် အသေခံ Suicide Drone အမျိုး အစားကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးတစ်ခု အနည်းငယ်ထိခိုက်မှုမှလွဲ၍ အခြားခိုက်မှုကြီးကြီးမားမားမရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကောင်စီ၏ မည်သည့်တပ်စခန်းမှ တိုက်ခိုက်ခြင်းဖြစ်အကြောင်း အသေး စိတ်မသိရှိရသေးပေ။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့ကြ၍ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်သူများရှိနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်နီးပါးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေအသီးသီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း ယခုလို KNLA ဗဟို ဌာနချုပ်တိုက်ခိုက်ခံရမှုမှာ ပထမဦး ဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

Most read this week

October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...