ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

- ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်ဘက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA က သိမ်းပိုက်လိုက်ပြီး လက်ရှိ ပန်ဝါမြို့နဲ့ ကန်ပိုက်တီဘက်မှာ  တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

 

- ပူတာအိုမြို့နယ် လုံရှာယန်နဲ့ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို တားဆီးစစ်ဆေးနှောင့်ယှက်နေတာကြောင့် ဒေသခံတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ သွားရလာရခက်ခဲနေတယ်လို့ ပြောပါတယ်။  

 

- နိုင်ငံတကာအဆင့်မီပညာရေးသင်ယူခွင့်ရနိုင်ဖို့ UK အစိုးရရဲ့ထောက်ပံ့ပေးမှုနဲ့ Chevening Scholarship ပညာသင်ဆုမှာ မြန်မာပြည်က လူငယ် ၁၀ ဦးလည်း ပါဝင်ပညာသင်ယူနေတာဖြစ်ပြီး အဲဒီထဲမှာ မြစ်ကြီးနားက ကချင်တိုင်းရင်းသူလေး လကျန်းဂရိစ်လွမ်းနွယ် လည်း ပါဝင်ပါတယ်။ ရရှိလာတဲ့ပညာသင်ဆုနဲ့ ဘယ်ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်သင်ယူခဲ့သလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်။

Most read this week

October 18, 2024
- ချင်းတော်လှန်ရေးအင်အားစုတွေက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားတဲ့ ချင်းပြည်မှာ...
October 18, 2024
- လာမယ့်နှစ် စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်နယ်တွင်း ထွက်ကုန်တွေရောင်းဝယ်မှုကို...
October 16, 2024
- နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသခံတွေ နေရပ်ပြန်လို့...
October 15, 2024
မွတ်ဆလင် လက်နက်ကိုင်အုပ်စုနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုတွေ...