ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

- ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်ဘက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA က သိမ်းပိုက်လိုက်ပြီး လက်ရှိ ပန်ဝါမြို့နဲ့ ကန်ပိုက်တီဘက်မှာ  တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

 

- ပူတာအိုမြို့နယ် လုံရှာယန်နဲ့ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို တားဆီးစစ်ဆေးနှောင့်ယှက်နေတာကြောင့် ဒေသခံတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ သွားရလာရခက်ခဲနေတယ်လို့ ပြောပါတယ်။  

 

- နိုင်ငံတကာအဆင့်မီပညာရေးသင်ယူခွင့်ရနိုင်ဖို့ UK အစိုးရရဲ့ထောက်ပံ့ပေးမှုနဲ့ Chevening Scholarship ပညာသင်ဆုမှာ မြန်မာပြည်က လူငယ် ၁၀ ဦးလည်း ပါဝင်ပညာသင်ယူနေတာဖြစ်ပြီး အဲဒီထဲမှာ မြစ်ကြီးနားက ကချင်တိုင်းရင်းသူလေး လကျန်းဂရိစ်လွမ်းနွယ် လည်း ပါဝင်ပါတယ်။ ရရှိလာတဲ့ပညာသင်ဆုနဲ့ ဘယ်ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်သင်ယူခဲ့သလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်။

Most read this week

October 21, 2024
- မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီတပ်ရဲ့ စွယ်တော်လက်နက်ကြီးစခန်းကုန်းကို...
October 21, 2024
Rajabhat တက္ကသိုလ်နဲ့ မွန်အမျိုးသားကောလိပ်တို့ကြား အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက်...
October 21, 2024
စစ်ကောင်စီတပ်က စစ်တွေမြို့နယ်ထဲက ရွာသားတွေရဲ့ အိမ်တွေကို ဖြိုဖျက်နေတဲ့အပြင်အသုံးအဆောင်...
October 21, 2024
ဒု-စစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် မော်လမြိုင်မှာ ထိုင်းကုန်ပစ္စည်းတွေကို...