ချင်းပြည်နယ် မြို့ကြီး ၃ မြို့မှာသာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူ

ချင်းပြည်နယ် မြို့ကြီး ၃ မြို့မှာသာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူ

ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင် စစ်ကောင်စီ က သန်းခေါင်စာရင်းကောက်ခံမှုကို မြို့ ၃ မြို့မှာသာ ဆောင်ရွက်နိုင်ခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားကြသည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၊ ဖလမ်းမြို့ နှင့် တီးတိန်မြို့ပေါ်က ရပ်ကွက် တချို့မှာသာ သန်းခေါင်စာရင်းကောက်ခံမှုကို သိုသိုသိပ်သိပ်ဖြင့်အဖြစ်သဘောမျိုးသာ ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု သိရသည်။

“ အရင်အပတ်က မြို့သစ်၊ဈေးဟောင်း၊ချင်းဦးစီးတွေဖက် သူတို့က Digital နဲ့ကောက်တယ်၊အိမ်ထောင်စုစာရင်းလည်း ဘာညာ မကြည့်ဘူး လူဘယ်နှစ်ယောက်ရှိလဲ၊ အိမ်မှာ ဘာအိမ်သာသုံးလဲ၊ TV ရှိလား အဲ့လိုမေးတယ်၊ ပြီးရင် သူတို့က အိမ်တိုင်းစေ့လည်းမကောက်ကြပါဘူး၊ အဖြစ်သဘောမျိုးပဲ ကောက်တာနဲ့တူတယ်၊ သိုသိုသိပ်သိပ်နဲ့ သွားလာကြ တာဆိုတော့လေ။” ဟု ဟားခါးမြို့ခံ လူငယ်အမျိုးသမီးကပြောသည်။

တီးတိန်မြို့တွင်လည်း သန်းခေါင်စာရင်းကောက်ယူမှုရှိနေပြီး တစ်အိမ်တက်ဆင်းပုံစံမျိုးဖြင့် ပေါ်ပေါ်ထင်ထင်ကောက်ယူ ခြင်းမျိုးမဟုတ်ပဲ ရေပေးဝေမှုဟုဆိုကာ ပြည်သူများအား အိမ်ထောင်စုစာရင်းကောက်ခံခြင်းများ ပြုလုပ်သည်ဟု တီးတိန်မြို့က အမျိုး သားတဦးက ပြောသည်။

“ သူတို့က မြို့မဈေးထဲသွားပြီးတော့မှ ရေဖြန့်ဝေရေးကိစ္စအတွက်ဆိုပြီးတော့မှ၊ အိမ်ထောင်စုစာရင်း တွေကို ယူလာခိုင်း တယ်အဲ့လိုကနေကောက်လိုက်တာပေါ့ နောက်ပြီးတော့မှ အိမ်တစ်အိမ်ကို အလည်သွားတဲ့ပုံစံနဲ့ အဲ့အိမ်ကနေ ဘေးနား ချင်းအိမ်တွေကို လူဘယ်နှစ် ယောက်ရှိလဲလို့ တဆင့်ခန့်မှန်း ပြီးမှ ကောက်တာရှိတယ်၊ ပေါ်တင်ကြီးကောက်တာ မဟုတ်ဘူး တအိမ်တက်တအိမ်ဆင်းကောက်တာမျိုး မဟုတ်ဘူး ” ဟု တီးတိန်မြို့ခံ အမျိုးသားတဦးက ပြောသည်။

အလားတူ ဖလမ်းမြို့ပေါ်မှာလည်း ရပ်ကွက်တချို့မှာ သန်းခေါင်စာရင်းကောက်ယူမှုရှိနေပြီး မြို့ပေါ်ရပ်ကွက်အားလုံး ကို ကောက်ခံခြင်းမျိုးမရှိသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် နှင့် ပလက်ဝမြို့ နယ် မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။

စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ဆောင် ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအင်အားစုများက အသီးသီးထုတ်ပြန်သတိပေးထားကြပြီး တီးတိန်မြို့ပေါ်မှာတော့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီးထားသည်။

Most read this week

October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...