ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး စီးတာမျိုးတွေ့ရင် ရိုက်နှက်ခံရပြီး ဒဏ်ကြေးငွေများစွာပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာ

ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး စီးတာမျိုးတွေ့ရင် ရိုက်နှက်ခံရပြီး ဒဏ်ကြေးငွေများစွာပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာ

ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က ရိုက်နှက်ပြီး ဒဏ်ကြေးငွေတွေ ပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာတယ်လို့ ဟားခါးမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိိုးတွေ့ရင် ပါးတွေ၊ နားတွေ ရိုက်ပြီး ပိုက်ဆံပေးဆောင်ခိုင်းတာမျိုး လုပ်တယ်ပေါ့ ပိုက်ဆံကိုတော့ ၅ သိန်းကနေ ၈ သိန်းအထိ ပေးခိုင်းတယ်။ အဲလိုမျိုး လုပ်တာ အခုဆို တစ်လလောက်ရှိတော့မယ်။ ဖမ်းဆီးပြီး အချုပ်ထဲထည့်တာမျိုးတော့ မလုပ်ဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးနင်းတာနဲ့ အမျိုးသမီးနောက်မှာ အမျိုးသား လိုက်ပါစီးနင်းတာမျိုးတာမျိုးကို မလုပ်ဖို့ ဇူလိုင်လ ၁၁ ရက်နေ့က ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်သားတွေက ဟားခါးမြို့ရဲ့ လမ်းဆုံနဲ့ အချက်ချာကျတဲ့ နေရာတွေကနေ စစ်ဆေးရေးတွေ တင်းကြပ်စွာ လုပ်ဆောင်နေသလို အရေးယူခံရတဲ့ ဒေသခံတွေ များစွာရှိနေပြီဖြစ်တဲ့ကြောင်းကိုလည်း သိရပါတယ်။

စစ်ကောင်စီလက်အောက်က ဟားခါးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ အမျိုးသား (၂)ဦး ဆိုင်ကယ်စီးနင်းခွင့်မပြုတာနဲ့ အမျိုးသမီးနောက်မှာ အမျိုးသားလိုက်ပါစီးနင်းတာမျိုးမလုပ်ဖို့ ထုတ်ပြန်တဲ့ ဒေသန္တရ အမိန့်ကြောင့် ဆိုင်ကယ်မစီးတတ်တဲ့ သက်ကြီး လူကြီးပိုင်းတွေမှာ အခက်ခဲများစွာကြုံနေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါး ဒေသခံတစ်ဦးက “သူတို့အခုလက်ရှိ စစ်ဆေးအရေးယူနေတဲ့ ပုံစံက အသက်အရွယ်လည်းမကြည့် အမျိုးသား နှစ်ဦး စီးတာမျိုးတွေ့ရင် အရေးယူတယ် ဆိုတဲ့ပုံစံမျိုးဆိုတော့ အသက်အရွယ်ကြီးပိုင်းလူတွေအတွက်တော့ အခက်ခဲများစွာရှိနေတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ နိုင်ငံဝန်ထမ်းတွေ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လက်နက်ပြကာ ဖမ်းဆီးခေါ်ဆောင်တာ၊ ဌာနဆိုင်ရာ မော်တော်ယာဉ်တွေကို လုယူတာ ချောင်းမြောင်းပစ်ခတ်တာတွေကို အများအားဖြင့် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးနင်းကာ ကျန်တစ်ဦးက အကြမ်းဖက်လုပ်တာတွေကြောင့် ဆိုကာ ဇူလိုင်လ ၁၁ ရက်နေ့ က အမျိုးသား (၂)ဦး ဆိုင်ကယ်စီးနင်းခွင့်မပြုတဲ့ ဒေသန္တရအမိန့်ကို ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဒေသန္တရအမိန့်ကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိနောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တဲ့ ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...