အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ဇူလိုင် ၂၅ ရက်ကစ၍ ကုန်ပစ္စည်းတင်သွင်းခွင့် ယာယီပိတ်ထားသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့ ဇိုခေါထာရ်ကျေးရွာသို့  ရောက်ရှိလာမည့်အတွက် ကုန်ပစ္စည်းအဝင်အားလုံးကို အကောက်ခွန်ဌာနက ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းကစ၍ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများသည် ဟိုဘက်ဒီဘက်အဝင်/အထွက်နှင့် တနိုင်တပိုင် စားသောက် ကုန်များသယ်ယူခွင့်ရသော်လည်း စီးပွားဖြစ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရကြောင်း သိရသည်။

ယခုကဲ့သို့ ကုန် ပစ္စည်းများ ယာယီပိတ်ပင်မှုသည် မည်သည့်အချိန်ထိကြာမြင့်မည်ကို ပြောဆိုမရသေးကြောင်း ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ကို ဖြတ်၍ အိန္ဒိယပြည်မဘက်သို့ အလုံးအရင်းဖြင့်တရားမဝင်တင်သွင်းမှုရှိနေသည်ဟုတိုင်းကြာချက်အပေါ် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့က လာရောက်စုံစမ်းခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်က ကွမ်းသီးခြောက်များကို အကောက်ခွန်ဌာနတွင် အခွန်ဆောင်ကာ တရားဝင်လမ်းကြောင်းဖြင့် သယ်ယူခွင့်ရှိသော်လည်း ကွမ်းသီးကုန်သည်အများစုမှာ အခွန်အခနှုန်းထား မြင့်တက်သည့်အတွက် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ယူလေ့ရှိကြပြီး မီဇိုရမ်ရဲတပ်ဖွဲ့က နေ့စဉ်နီးပါးဖမ်းဆီးရမိကြောင်း သိရသည်။

Most read this week

September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...
September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...