ဖာပွန်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ် ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေ

ဖာပွန်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ် ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တပ်ကူပေးဖို့ ကြိုးစားနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်စခန်းနဲ့ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တာပါ။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖာပွန်မြို့တောင်ဘက်က စစ်ကောင်စီဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ခလရ ၁၉ ၊ ခမရ ၄၃၄၊ စစန ၆၄၂ စုစုပေါင်း စစ်ကောင်စီတပ်ရင်း ၃ ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖာပွန်မြို့တောင်ဘက်ခြမ်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်ဗျူဟာကုန်းနဲ့ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းတို့ကို ဆက်လက်ဝိုင်းရံပိတ်ဆို့နေပြီး ဖာပွန်မြို့ အထက်ဘက်မှာရှိတဲ့ ခေါပုတ်တပ်စခန်းကနေတစ်ဆင့် စစ်ကောင်စီတပ်က တပ်ကူပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခေါပုတ်တပ်စခန်းထဲမှာ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်း ၅ ခုကနေ ဆုတ်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်စုဝေးနေထိုင်နေကြပြီး အင်အား ၁၀၀ ကျော်ရှိကာ ဖာပွန်ဗျူဟာကို စစ်ကူပြန်ကူဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ခေါပုတ်တပ်စခန်းမှာ ပြန်စုနေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖာပွန်ဗျူဟာကို စစ်ကူပြန်ကူဖို့ ကြိုးစားနေပေမယ့် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ စခန်းကနေ ထွက်လာလို့မရသေးဘူးလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဒါ့အပြင် ဖာပွန်ဗျူဟာစခန်းကိုလည်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်သလို ကမမောင်းမြို့ဘက်ကနေတစ်ဆင့် စစ်ကောင်စီတပ်နဲ့ BGF တပ်တို့ ပူး ပေါင်းပြီး ဖာပွန်ဘက်ကို တက်လာတယ်လို့ ကြားမိပေမယ့် ဖာပွန်အထိမရောက်လာသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖာပွန်ဗျူဟာကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ မသိမ်းပိုက်နိုင်ဖို့အတွက် လေကြောင်းပစ်ကူကို အပြင်းအထန် အသုံးပြုပစ်ခတ်ခဲ့ပြီး ဒီလိုလေ ကြောင်းတိုက်ခိုက်ရာမှာလည်း အရပ်သားနေထိုင်ရာ နေရာတွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် အရပ် သားထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေတာပါ။

ဖာပွန်ခရိုင်တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က နယ်မြေအများစုကို စိုးမိုးထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့အတွက် မြေပြင်ကနေတစ်ဆင့် တပ်ကူပေးပို့တာတွေကို မလုပ်ဆောင်နိုင်တော့သလို သူတို့ရဲ့တပ်ဖွဲ့ ဝင်တွေအတွက် ရိက္ခာနဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာလည်း ရ ဟတ်ယာဉ်ကိုသာ အသုံးပြုနေရတာ ဖြစ်ပါတယ်။

တပ်မဟာ ၅ ဌာနချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဇူလိုင်လ လဝက်အတွင်း တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တပ်စခန်းအချို့လည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Most read this week

September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...
September 26, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်ဆီ...