ရွေ့ပြောင်းအလုပ်သမားများသည့် မဟာချိုင်တွင် CIစင်တာတစ်ခု ဆက်လက်ဖွင့်ထားပေး

ရွေ့ပြောင်းအလုပ်သမားများသည့် မဟာချိုင်တွင် CIစင်တာတစ်ခု ဆက်လက်ဖွင့်ထားပေး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ခွင့်ရရှိရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် အစိမ်းရောင်စာအုပ်ဖြစ်သည့် CI(Certificate of Identity) စာအုပ်ထုတ်ပေးရေးရုံးများကို ထိုင်းအစိုးရမှ ပိတ်သိမ်းလိုက်ပြီး လက်ရှိအချိန်တွင် စမွန်စခွန်ခရိုင် မဟာချိုင်မြိုရှိCI ထုတ်ပေးရေးစင်တာတစ်ခုကိုသာ ဆက်လက် ဖွင့်လှစ်ပေးထားခြင်းရှိသည်ဟုသိရသည်။

အလုပ်သမား သက်သေခံလက်မှတ်ထုတ်ပေးသည့် CI စင်တာများာတွင်စာအုပ်ပြုလုပ်ရန် လာရောက်လျှောက်ထားသည့် အလုပ်သမားနည်းကာ မြန်မာဘက်မှ တောင်းဆိုသည့်အတွက် ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်မှ ပြောဆိုထားခြင်းရှိပြီး လက်ရှိအချိန်တွင် မဟာချိုင်ရှိ CI စင်တာတစ်ခုထဲကိုသာ အကန့်သတ်နှင့် ဆက်လက်ပြုလုပ်ပေးခြင်းဖြစ်ကြောင်းမြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ -JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ဆိုသည်။

“ စမွန်စခွန် မဟာချိုင်ထဲမှာ တစ်ခုထဲရှိတော့တဲ့အတွက် အကန့်အသတ်နဲ့ထုတ်ပေးမှာဖြစ်တယ်။ CIယာယီပတ်စပို့ဟာ PJပတ်စပို့မကိုင်ဆောင်နိုင်သေးခင်စပ်ကြားမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင်ဒေသတွေကို အကြောင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လှည့်လည် သွားနိုင်တဲ့အတွက် ယာယီပတ်စပို့သဏ္ဍာန်အသုံးပြု ရတယ်။ အခု CIစခန်း ၆ခုရှိတဲ့အထဲမှာ ၅ခုဘဲ ပိတ်သွားပါတယ်။ အခုလုပ်ချင်တဲ့လူတွေက စမွန်စခွန် မဟာချိုင်မှာရှိပါတယ် သွားလုပ်ကြပေါ့နော်။ ပတ်စပို့မရှိတဲ့သူတွေက CI စာအုပ်ကိုင်ချင်ကြတာကြီးဘဲ သို့သော် ဟိုအကြောင်းဖြတ် ဒီအကြောင်းဖြတ် စားပွဲ၅လုံးဖြတ်ရတယ်ဆိုတော့ ဝန်ဆောင်မှုခ အများအပြားကုန်တယ် ”ဟု ဦးမိုးကြိုးက ကေအိုင်စီသို့ပြောသည်။

အလုပ်သမားအချို့သည် အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်းကဒ်သာပြုလုပ်ထားပြီး CIစာအုပ် မလုပ်ရသေးသည့်သူများလည်းရှိသေးသလို အဆိုပါCIစာအုပ်မရှိပါက မြို့နယ်ကျော်ခရီးသွားလာသည့်အခါ၊ သူဌေးအမည်ပြောင်းလုပ်ဆောင်သည့်အခါတွင်လည်း အခက်တွေ့နေရကြောင်းလည်းသိရသည်။

CIပြုလုပ်သည့် စင်တာများပိတ်သိမ်းခြင်းသည် ထိုင်းနိုင်ငံအတွင်းဝင်လာသည့် တရားမဝင်အလုပ်သမားများအားလုံးသည် စစ်ကောင်စီဘက်မှ PJစာအုပ် ပြန်လုပ်ခိုင်းမည်ဖြစ်သည့်အတွက် လက်ရှိ နိုင်ငံရေးအခြေအနေအရ တချို့အလုပ်သမားများသည် မြန်မာပြည်တွင်းသို့ ပြန်ကာ Pjစာအုပ်လုပ်ရန် အခက်အခဲ ရှိကြမည်ဖြစ်သောကြောင့် ထိုင်းအစိုးရအနေဖြင့် ယခင်က ပြုလုပ်ပေးခြင်းရှိသည့် မြို့နယ်အလိုက် အလုပ်သမား ပန်းရောက်ကဒ်တစ်မျိုးကို ပြန်လည်ထုတ်ပေးရန် အလုပ်သမားအရေးလှုပ်ရှားသူဘက်မှ တောင်းဆိုခြင်းလည်းရှိသည်။

“မြန်မာပြည်မှာPJပြန်လုပ်ဖို့က သိန်းပေါင်းများစွာသော အလုပ်သမားတွေက အခက်ကြီးခက်တယ်။ ဒါကြောင့်မို့ ထိုင်မှာရှိတဲ့ လူ့အခွင့်အရေးအလုပ်သမားအရေးလုပ်နေတဲ့အဖွဲ့တွေက ဝန်ကြီးချုပ်ထပ်ဆင်ခေတ်တုန်းကလိုမြို့ထဲတစ်ခုမှာနေမယ်လုပ်မယ် တစ်ခြားမြို့မှာ ပြောင်းမယ်ရွေ့မယ်လုပ်ရင် မြို့နယ်ရုံးမှာ ထောက်ခံစာယူမယ် ဘာCI ဘာCJမှမလိုတဲ့တစ်ခုတည်းသော ပြီးမယ့် ကဒ်ကို သမိုင်းကြောင်းတစ်ကျော့ပြန် အခွင့်အရေးပေးပါလို့ ကျနော်တို့တောင်းဆိုတယ်။ အခုချိန်ထိ ထိုင်းအစိုးရကတော့ အင်းမလုပ် အဲမလုပ်ပါ။ သို့သော်နည်းနည်းလေးတော့ အပြောင်းအလဲတော့ရှိတယ်။ ကြီးကြီးမားမားတော့မပြောင်းသေးဘူး။ ”ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။

လက်ရှိအချိန်တွင် CI စာအုပ်စ ထုတ်ပေးသည့် စမွန်ပရာကန်၊ ပထုံဌာနီ၊ ချွန်ဘူရီ၊ စူရတ်ဌာနီနှင့်ချင်းမိုင်ခရိုင်ထဲရှိ စင်တာများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်မှ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...