စစ်မှုထမ်းသင်တန်းဆင်း တပ်သားတို့နှင့် အင်အားဖြည့်ပြီးနောက် ရေးမြို့နယ်တွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

စစ်မှုထမ်းသင်တန်းဆင်း တပ်သားတို့နှင့် အင်အားဖြည့်ပြီးနောက် ရေးမြို့နယ်တွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် (၁)မှ သင်တန်းဆင်းတပ်သားတို့နှင့် အင်အား ဖြည့်တင်းပြီးနောက် စစ်ဆေးရေးပိုမိုတင်းကြပ်ထားသည်ဟု သိရသည်။

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတို့တွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်မှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း တပ်သား(၄၃၀) ဦး ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်အတွင်း ခွဲဝေပေးထားသည်ဟု သိရသည်။

ထို့နောက် ရေးမြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်နေရာအနှံ့တို့တွင် ယာဉ်အသွားအလာ စစ်ဆေးခြင်း၊ဖုန်းနှင့် နေအိမ်အတွင်း လက်နက်ခဲယမ်းဝင်ရောက်စစ်ဆေးခြင်း၊ အနံ့ခံခွေးနှင့်တကွ နေ့စဉ် စစ်ဆေးရေး ခပ်စိပ်စိပ်လုပ်ဆောင်နေသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

“ရေးကို စစ်ဆေးရေးတွေ ကြပ်ထားတာပေါ့နော် ကားတွေလည်း စစ်တယ် ဒီနောက်ပိုင်း ဧည့်စာရင်းတွေ စစ်တယ် လုပ်လာတာပေါ့နော် မြို့အဝင်ထွက်တွေ တင်းတင်းကြပ်ကြပ်ပိတ်ဆို့တယ်” ဟု ဒေသခံက ဆက်ပြောသည်။

တပ္ပလင်နှစ်ဆူလမ်းနေရာ၊ အောင်သုံးအောင် ရပ်ကွက်လမ်းဆုံ၊ ရထားသံလမ်းအနီးနှင့် ချောင်းတောင်တို့တွင် ပိုမိုစစ်ဆေးနေသည့်အပြင် ကျုံလောင်ရွာဟောင်း ၊အစင် ၊ကွင်းရှည်၊ ကျောင်းရွာ ၊စုံနံသာ၊ပေါထော စသည့်ကျေးရွာဘက်တို့တွင်လည်း စစ်ကောင်စီမှ ကင်းလှည့်စစ်ဆေးခြင်း၊ ကင်ပုန်းဝပ်ကာ လုံခြုံရေးယူခြင်းတို့ လုပ်ဆောင်လျှက်ရှိသည်။

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အား အကောင်းဆုံးဖြစ်သည့် ရေးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့တို့ သေကြေပျက်စီးမှု ပိုများခြင်းကြောင့် အင်အားပိုမိုဖြည့်တင်းနေသည်ဟု တော်လှန်ရေးအင်အားစုအဖွဲ့တွင် လှုပ်ရှားနေသူတို့က သုံးသပ်ပြောဆိုသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၇ရက်နေ့က အာယုတောင်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်  ဒေသခံများ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့တို့ အင်အားဖြည့်တင်းလာခြင်းကြောင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတွင် တိုက်ပွဲပိုမိုပြင်းထန်မည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၊ဝဲကလိကျေးရွာ အခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ စစ်မှုထမ်း သင်တန်း အပတ်စဉ် (၁) ပြီးမြောက်ထားသည့် သင်တန်းသား ၂၀၀ ကျော်တို့သည် ရေးမြို့နယ်အပါအဝင် အခြားတိုက်ပွဲပဋိပက္ခဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် ပို့ဆောင်ထားသည်ဟု သိရသည်။

October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...
September 30, 2024
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်း...
September 27, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ကျားတန်းဘက်က ရေလုပ်သားတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ...